Main menu

Background

အနိမ့်ဆုံး ပြည်ပတင်ပို့ဈေးနှုန်းလျှော့ချလိုက်ပြီးနောက် အိန္ဒိယ ကြက်သွန်နီတင်ပို့မှု မြင့်တက်လာ

Sun, 02/12/2012 - 07:55 -- Anonymous (not verified)

    အိန္ဒိယအစိုးရရဲ့မကြာသေးခင်က ကြက်သွန်နီ အနိမ့်ဆုံး ပြည်ပ တင်ပို့ဈေးနှုန်း (MEP)ကို တစ်တန် ကန်ဒေါ်လာ ၁၅၀ ထိလျှော့ချလိုက်ပြီးနောက် အကျိုးအမြတ်အနည်းငယ် တိုးလာတဲ့အတွက် ပြည်ပတင်ပို့မှု မြင့်တက်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါပေမယ့် ကုန်သည်များကတော့ ကမ္ဘာ့ဈေးကွက်ကို ဆုတ်ကိုင်ထားနိုင်ဖို့ အစိုးရ အနေနဲ့ အနိမ့်ဆုံးတင်ပို့ ဈေးနှုန်း (MEP)လုံး၀ မထားသင့်ဘူးလို့ ဆိုပါတယ်။ အနိမ့်ဆုံး တင်ပို့ ဈေးနှုန်းကို တစ်တန် ကန်ဒေါ်လာ ၁၅၀ ထိ လျှော့ချလိုက် ခြင်းအားဖြင့် နိုင်ငံတကာဈေးကွက်မှာ အိန္ဒိယယှဉ်ပြိုင်လာ နိုင်ခဲ့တာကြောင့် အဲဒီနောက်ပိုင်း ကြက်သွန်နီတင်ပို့မှုဟာ ၁၀ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့တယ်လို့ စိုက်ပျိုးထုတ်ကုန် တင်ပို့ သူများအသင်းဥက္ကဋ္ဌ Mr. Ajit  Shah က မွန်ဘိုင်းမှာ  ပြော ကြားခဲ့ပါတယ်။    နှစ်သစ်ကူးမှာ တရုတ်နဲ့ စင်ကာပူတို့ ဈေးကွက်ပိတ်ပြီး ပြန်အဖွင့်မှာ ပြည်ပတင်ပို့မှု အရှိန်အဟုန်ပိုကောင်းလာ လိမ့်မယ်လို့လည်းဆိုပါတယ်။ နိုင်ငံတကာ ကြက်သွန်ဈေးက တစ်တန် ကန်ဒေါ်လာ ၁၅၀ ဝန်းကျင်ပဲရှိနေတယ်လို့ နိုင်ငံ တော်ဟင်းသီးဟင်းရွက်သုတေသနဖွံ့ဖြိုးရေးအဖွဲ့ (NHRDF)  ဒါရိုက်တာ Mr.RP  Gupta  မှ ပြောကြားပါတယ်။    ဇန်နဝါရီလအတွင်း အိန္ဒိယက ကြက်သွန်နီတန်ချိန် ၁၂၀၆၄၉ တင်ပို့နိုင်ခဲ့ပြီး၊ ဒီဇင်ဘာလတင်ပို့မှုထက် ၃၆၂ တန် ပိုမိုတင်ပို့နိုင်တယ်လို့ စိုက်ပျိုးရေးထုတ်ကုန်သမအသင်း (Nafed) မှ ပြောကြားပါတယ်။ အစိုးရက ကြက်သွန်နီတင်ပို့ ဈေးနှုန်းကို အစောပိုင်းက တစ်တန် ကန်ဒေါ်လာ ၂၅၀ သတ်မှတ်ထားရာမှ ၂၀၁၂ ဇန်နဝါရီလ ၁၁ ရက်မှာ ကန် ဒေါ်လာ ၁၅၀ ကို လျှော့ချခဲ့တာဖြစ်ပါတယ်။ ပင်လယ်ကွေ့ နိုင်ငံ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှား၊ ဥရောပ၊ မောရေးရှ၊ တရုတ်နဲ့ စင်ကာပူတို့ဟာ အိန္ဒိယကြက်သွန်ရဲ့ အဓိကဈေး ကွက် ဖြစ်ပါတယ်။    ဒါပေမယ့်လည်း နိုင်ငံအတွင်း ကြက်သွန်နီများစွာ စိုက် ပျိုးတဲ့ မဟာရပ်ရှတရာရှိ ကြက်သွန်တောင်သူ အသင်းများ ကတော့ MEP ဈေးနှုန်းလျှော့ချလိုက်တဲ့အတွက် မပျော်ရွှင် ကြပါဘူး။ မဟာရပ်ရှတရာ Pimpalgaon နဲ့Lasalgaon  ရဲ့ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်ရှာဖွေရေး ကော်မတီများရဲ့ ဥက္ကဌများဖြစ်တဲ့ Dilip  Rao  Bankar နဲ့ Jayolutt  Sitaram  Holkar   တို့ ပြောကြားတာတော့ နိုင်ငံတကာဈေးကွက်မှာ အိန္ဒိယ ကြက်သွန်နီလွှမ်းမိုးနိုင်ဖို့ ပြည်ပတင်ပို့ဈေးနှုန်းကို လုံး၀ အဆုံးသတ်သင့်တယ်လို့ဆိုပါတယ်။    စားနပ်ရိက္ခာနဲ့စားသုံးသူရေးရာဝန်ကြီး မစ္စတာကေဗွီ သောမက်စ်က ဘာစမာတီဆန်နဲ့ ကြက်သွန်နီအတွက် MEP လျှော့ချဖို့ ဒါမှမဟုတ် လုံးဝပယ်ရှားဖို့ အလေးထားဆောင် ရွက်သွားမယ်လို့ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာ ပြောကြား ခဲ့ပါတယ်။ ယင်းကိစ္စကို အစိုးရဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။    အိန္ဒိယဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာကြက်သွန်နီ ဒုတိယအများဆုံး ထုတ်လုပ်သူဖြစ်ပါတယ်။ ယခု ဘဏ္ဍာနှစ်ရဲ့ ပထမ ၉ လအတွင်း ကြက်သွန်နီ MEP  ဈေးတစ်တန် ကန်ဒေါ်လာ ၂၅၀ ထိရှိခဲ့လို့ ကြက်သွန်နီ တင်ပို့မှုဟာ ယခင် နှစ် ကာလတူထက် ၂၃ ရာခိုင်နှုန်းနီးပါး လျော့ကျခဲ့ပါတယ်။ တရုတ်နဲ့ အီဂျစ်တို့ကတစ်တန်ကန်ဒေါ်လာ ၂၀၀ ထက်လျော့ ပြီး ရောင်းချခဲ့ကြတယ်လို့ ဆိုပါတယ်။        ယမင်းခင်၊Surce: hindubusiness