Main menu

Background

ရောင်းဈေးနဲ့ ဝယ်ဈေး ကွာဟမှုရှိနေပြီး အတက်အကျ အနည်းငယ်သာ ရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးကွက်

Sun, 02/12/2012 - 08:23 -- Anonymous (not verified)

ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ အထောက် အထားမလိုဘဲ လဲလှယ်နိုင်ခြင်းကြောင့် ယခုတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ဈေးကွက်မှာ အတက်အကျ အနည်းသာရှိခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီလ ၆ ရက်က ငွေဈေးဖွင့်ချိန်တွင် ငွေလဲစင်တာများ၌ အမေရိ ကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၃ကျပ် ဝယ်ဈေး ၈၀၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ တစ်ပတ်အတွင်းရောင်း ဈေးမှာ သိသိသာသာအတက်အကျမရှိခဲ့ဘဲ ဝယ်ဈေးမှာ သာ အတက်အကျ အနည်းငယ်ရှိခဲ့သည်ကို တွေ့ရသည်။ထို့ပြင် ဝယ်ဈေးနှင့်ရောင်းဈေးနှုန်းမှာလည်း ဖေဖော်ဝါရီလ ၆ရက်နေ့ဈေး နှုန်းများအရ ၂၃ ကျပ်ကွာဟနေ၍ ဖေဖော်ဝါရီ ၁၀ ရက် ဈေးနှုန်းများအရ အမေ ရိကန်ဒေါ်လာ ဈေးနှုန်းတွင်လည်း ၁၃ ကျပ်ကွာဟနေပြီး အက်ဖ်အီးစီဈေးနှုန်း တွင် ၁၀ ကျပ် ကွာဟနေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ဖြစ်ရသည်မှာ စင်တာများ  တွင် ဒေါ်လာတစ်သောင်းအထိ မိမိစိတ်ကြိုက်ရောင်းဝယ်ခြင်းများ ပြုလုပ်နိုင်ခြင်း ကြောင့်ဖြစ်ကြောင်းငွေလဲစင်တာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ထို့ပြင် ယခင်က ငွေလဲစင်တာများတွင် အက်ဖ်အီးစီဈေးနှုန်းနှင့် အမေရိကန် ဒေါ်လာဈေးနှုန်းကို အတူတူပင် သတ်မှတ်ထားသော်လည်း ဖေဖော်ဝါရီ ၈ ရက် ၉ရက်နှင့် ၁၀ ရက်တို့တွင်  အမေရိကန်ဒေါ်လာ ရောင်းဈေးနှင့် အက်ဖ်အီးစီ တစ်ယူနစ်ရောင်းဈေးတို့မှာ  သုံးကျပ်မှ ငါးကျပ်အထိ ကွာဟနေသည်ကို တွေ့ရ သည်။ယင်းကဲ့သို့ဖြစ်ရသည်မှာ အက်ဖ်အီးစီဈေးနှုန်းမှာ ပြင်ပပေါက်ဈေးထက် နည်း နေသည့်အတွက် မော်တော်ယာဉ်လိုင်စင်လျှောက်ထားသူများမှ ဝယ်ယူမှုပမာဏ များပြားနေခြင်းကြောင့် ယခုကဲ့သို့ အက်ဖ်အီးစီဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ဈေးနှုန်းထက် မြင့်တက်နေရခြင်းဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ရောင်း ဈေး ၈၂၀ကျပ်ရှိသော်လည်း အက်ဖ်အီးစီတစ်ယူနစ်လျှင် ရောင်းဈေး ၈၂၅ကျပ် ရှိခဲ့သည်။ ဖေဖော်ဝါရီ ၁၀ရက်တွင် အမေရိကန်  တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၂ ကျပ်ရှိသော်လည်း အက်ဖ်အီးစီတစ်ယူနစ်လျှင် ရောင်းဈေး ၈၂၅ကျပ်ရှိသည် ကို တွေ့ရသည်။ ပြင်ပဈေးကွက်တွင်မူ အမေရိကန်ဒေါ်လာ ရောင်းဝယ်ခြင်းများမှာ ယခင်ရက်များကထက် အနည်းငယ်အေးသွားခဲ့သော်လည်း ငွေဈေးမှာ စင်တာဈေး  များနှင့်ကွာဟမှု နည်းပါးခဲ့သည်ကိုတွေ့ရသည်။"စင်တာတွေမှာ တစ်သောင်းအထိ  အထောက်အထားမလိုဘဲလဲပေးနေတယ် ဆိုတော့ ကျွန်တော်တို့ဆီမှာ အခုတလော အရောင်းအဝယ်အေးသွားတယ်။ အရင် ကလောက် မရောင်းရတော့ဘူး။ အက်ဖ်အီးစီဆိုရင်လည်း အရင်တုန်းက ကား လိုင်စင်ဝင်တဲ့သူတွေ တစ်နေ့ကို လေးငါးယောက်လောက်တော့ လာဝယ်နေတာ။ အခုဆို အပြင်ဈေးက စင်တာထက်များနေတော့ စင်တာမှာပဲ ဝယ်ကြတာများ တယ်။ ဒါကြောင့်အခုဒီမှာ ဈေးကွက်ကပျက်သလိုတောင်ဖြစ်နေပြီ" ဟု ပြင်ပငွေ ဈေးကွက်မှ ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ပို့ကုန်ဝင်ငွေဈေးနှုန်းမှာမူ ယခု တစ်ပတ်ငွေဈေးပိတ်ချိန်တွင် ၈၅၃ကျပ် ရှိခဲ့သည်။                 မယ်သီတာ