Main menu

Background

ဘရန့်အမျိုးအစား ရေနံစိမ်းနှင် WIT oil တို့အကြား ဈေးနှုန်းကွာခြားချက် ပိုမိုကျယ်ပြန့်လာ

Sun, 02/12/2012 - 08:28 -- Anonymous (not verified)

ဖေဖော်ဝါရီ ၆ ရက် နံနက်ဈေးကွက် ဖွင့်ချိန်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ တစ်ပတ်အတွင်း အမြင့်ဆုံးနှုန်းနီးပါး တန်ဖိုးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အမေရိကန်စီးပွားရေး  အလားအလာ ကောင်းလာမယ့် လက္ခဏာကြောင့် ရေနံစိမ်းဝယ်လိုအား မြင့်မားမယ် ခန့် မှန်းကြရာ  ဈေးနှုန်းမြင့်လာခြင်းဖြစ် တယ်။မတ်လအရောက်ပို့ရမယ့် ရေနံစိမ်း  (WIT oil)  က တစ်စည်ကို ၉၇ ဒသမ ၆၂ ဒေါ်လာနဲ့ နယူးရောက်ကုန်စည် ရောင်းဝယ်ရေးမှာ အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့သိရတယ်။ မတ်လငွေချေ ရမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းမှာ လည်း တစ်စည်ကို ၁၁၄ ဒသမ ၈၆ ဒေါ်လာနဲ့ လန်ဒန်   ICE  Futures Europe Exchange  မှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်။ဘရန့်အမျိုးအစားရေနံစိမ်းနဲ့(WIT oil)   တို့အကြား ဈေးနှုန်းကွာခြားချက် ပိုမိုကျယ်ပြန့်လာတယ်။ နိုက်ဂျီးရီးယား မှာ လက်နက်ကိုင်တွေက တိုက်ခိုက်မှု ကြောင့် ရေနံပိုက်လိုင်း ပျက်စီးသွားရာ ဘရန့်ရေနံစိမ်းဈေးနှုန်း  ပိုမိုလာခြင်း ဖြစ်တယ်။ ၎င်းင်းလက်နက်ကိုင်တွေတိုက် ခိုက်မှုကြောင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း နိုက်ဂျီးရီးယားရဲ့ ရေနံ ထုတ်လုပ်မှု ၂၈ ရာခိုင်နှုန်းကျော် လျော့ ကျခဲ့တယ်လို့ သိရတယ်။Source:Bloomberg.com    ပပ