မြေသြဇာတန် ငါးရာကျော်သာဝင်ခဲ့
မြေသြဇာတန် ငါးရာကျော်သာဝင်ခဲ့ဒီသီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်တာကာလ အတွင်း မြေသြဇာတန်ချိန် ၅၂၀ ဒသမ ၄၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း ငါးထောင်ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ တင်သွင်းခဲ့တဲ့ မြေသြဇာက ထိုင်းနိုင်ငံမှ FOLLAR မြေသြဇာက ၂၀ ဒသမ ၄၀တန်နဲ့ ဘရာဇီးနိုင်ငံမှ ကွန်ပေါင်းမြေသြဇာက တန် ၅၀၀ တို့ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဘရာဇီးမှ ဓာတ်မြေသြဇာတန်အများဆုံး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်ဓာတ်မြေသြဇာတင်သွင်းမှုက တန်ချိန် တစ် ထောင့်ခြောက်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ်အဝင်ရဲ့ ၃ ဆလောက် လျော့နည်းခဲ့တာတွေ့ရပါတယ်။ ဇန်နဝါရီလအတွင်း မြေသြဇာတင် သွင်းမှုကိုကြည့်မယ်ဆိုရင် ထိုင်း၊ အိန္ဒိယ၊ ဘူဂေးရီးယား၊ ချီလီ၊ တရုတ်၊ ဗီယက်နမ် စတဲ့နိုင်ငံများမှ တင်သွင်းခဲ့တာတွေ့ရပါတယ်။ ဓာတ်မြေသြဇာများထဲမှ အများဆုံး တင်သွင်းခဲ့တာက ကွန်ပေါင်းမြေသြဇာများသာဖြစ်ပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇန်နဝါရီလအတွင်း ဓာတ်မြေသြဇာ တင်သွင်း မှုက အမေရိကန်ဒေါ်လာ တစ်ဆယ့်ရှစ်သိန်းကျော်ဖိုးရှိခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာလ မှာတော့ ကန်ဒေါ်လာ တစ်ဆယ့်ကိုးသိန်းကျော်ဖိုး တင်သွင်းခဲ့တာကြောင့် ဇန်နဝါရီ လမှာ အဝင်လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ ကာလတူဖြစ်တဲ့ ၂၀၁၁ ဇန်နဝါရီလမှာ ဓာတ်မြေသြဇာတင်သွင်းမှုက ကန်ဒေါ်လာ တစ်ဆယ့်လေးသိန်းကျော်ဖိုးရှိခဲ့တာ ကြောင့် ဒီနှစ်ဇန်နဝါရီလမှာ မြေသြဇာအဝင်ပိုခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၂၅၀၀ နီးပါး တင်သွင်းနိုင် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန် ဒေါ်လာ ၂ ဒသမ ၄၄၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၄၈၃ တန်ခန့် အသွင်းရှိ ခဲ့ပါတယ်။ ယခင်အပတ်က ၆၁၂၃ တန်ခန့် အသွင်းရှိခဲ့တဲ့အတွက် ယခုအပတ်မှာ ၂ ဆကျော် ယခင်အပတ်ကထက် အသွင်းပိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှု တွေကတော့ မူဆယ်မှ ၁၁၉၇၄ တန်၊ ရိဒ်မှ ၃၃၂ တန်ကျော်၊ ကော့သောင်းမှ ၁၁၅ တန်နဲ့ မြဝတီမှ ၆၂ တန်ခန့် အသွင်းရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ကျန်နယ်စပ်စခန်းများမှ အသွင်းလျော့ခဲ့သော်လည်း မူဆယ် နယ်စပ်မှ တင်သွင်း မှုက ၂ ဆကျော် ပိုမိုခဲ့ပါတယ်။ ဧပြီလမှ ဇန်နဝါရီလကုန်ထိ နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ တန်ချိန် ၆၃၅၀၀၀ ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT)ဈေးကွက်ပုံမှန်လေးနဲ့ပဲ သွားနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာတော့ ဓာတ်မြေသြဇာက အရောင်းအဝယ်က ပုံမှန်ရှိနေတယ်။ အရောင်းပုံမှန်ရှိနေလို့ ဈေးကလည်း ငြိမ်ပြီးရောင်းနေရတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အတတ်နိုင်ဆုံးရောင်း နိုင်တဲ့ဈေးတွေနဲ့ ချရောင်းထားလို့ ဒီ့ထက်တော့ဈေးချရောင်းလို့လည်း မရဘူးလို့ အဆိုပါဝန်ထမ်းမှပြောပြပါတယ်။ ရာသီချိန်ရောက်တဲ့အထိ ဒီလိုဘဲမှေးပြီးရောင်းနေ ရဦးမှာဘဲလို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒါကြောင့် ဈေး တွေကလည်း အပြောင်းအလဲမရှိဘဲ ဒီတစ်ပတ်နဲ့ဆိုရင် သုံးပတ်ဆက်တိုက်ဈေးငြိမ် နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ယခင်ဈေးအတိုင်း ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) ၁၅း၁၅း၁၅ က ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆ % (သံကွင်း-တရုတ်) က ၂၆၅၀၀ ကျပ် ၊ တီစူပါ ၄၆ % (မြှား-တရုတ်) ၂၇၅၀၀ ကျပ်နဲ့ တီစူပါ ၁၆ % (မြှားကမ္ဘာ-တရုတ်) က ၁၃၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။တောင်ကြီးဈေးကွက်မှာတော့ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိနေတယ် လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ တစ်ပတ် အရောင်းအေးလိုက်၊ တစ်ပတ်ပုံမှန်ဖြစ်လိုက်နဲ့ ဒီလိုပဲမှေးပြီးရောင်းနေရတယ်လို့ အဆိုပါဝန်ထမ်းကဘဲ ပြောပါတယ်။ ရှေ့လသနပ်ဖက်စိုက်တဲ့အချိန်မှ ပြန်ပြီး မြေသြဇာဈေးကွက်လှုပ်ရှား နိုင်တယ်လို့ ပြောပါတယ်။ အဲဒီအချိန်ထိ ဈေး ကွက်ကငြိမ်ပြီးသွားနေဦးမှာဘဲလို့ ဆက်လက်ပြောပါတယ်။ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ရွှေတောင် (တရုတ်) က ၂၀၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) က ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၂%နဲ့ ၁၆% (တရုတ်) က ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅(တရုတ်) ၃၆၀၀၀ ကျပ်၊ တီစူပါ (၁၀း၁၀း၅)(တရုတ်)က ၁၅၅၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၈၀၀၀ ကျပ်၊ ပိုတက်(တရုတ်)က ၂၇၅၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၈၅၀၀ ကျပ်နဲ့ ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေတယ်လို့သိရပါတယ်။မကွေးတိုင်းဈေးကွက်မှာတော့ ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့ ဆိုပါတယ်။ ရာသီချိန်မဟုတ်လို့ အရောင်းကအေး ဈေးကကျနေတယ်လို့ ဓာတ်မြေ သြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အာမို ၁၅ ပတ်လည်နဲ့ ယူရီးယား(ပုလဲ) (ပန်းဖူး-တရုတ်)တို့က ဈေးငြိမ်နေပေမဲ့ ကျန်မြေသြဇာတွေက ၂၀၀ ကျပ်မှ ၂၀၀၀ ကျပ်ကြား ကျဈေးနဲ့ ရောင်းနေရတယ်လို့ သိရပါတယ်။မြှား ကမ္ဘာ-တရုတ်(အစိမ်း)က ၁၅၇၀၀ ကျပ်၊ မြှားကမ္ဘာ (အပြာ)က ၁၆၂၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၆၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၀၀၀ ကျပ်၊ ယူရီး ယား-ပုလဲ (ပန်းဖူး-တရုတ်)က ၂၂၈၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) က ၂၀၄၀၀ ကျပ်၊ တောင်သူမက ၁၄၈၀၀ ကျပ်၊ ပိုတက်က ၂၇၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်ဈေးရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးနေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းအေးလာတာနဲ့ အမျှ ဈေးတွေကလည်း တစ်အိတ်ကို ၁၀၀ ကျပ်မှ ၂၀၀၀ ကျပ်ကြားဈေးချပြီး ရောင်း လာတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ယခင် ၁၉၄၀၀ ကျပ်နဲ့ ရောင်းတဲ့ ယူရီးယား(ရွှေတောင်-တရုတ်)က ယခု ၁၉၀၀၀ ကျပ်၊ ယခင် ၂၂၀၀၀ ကျပ်နဲ့ ရောင်းတဲ့ တီစူပါ(GTSP 46%-တရုတ်)က ယခု ၁၉၀၀၀ ကျပ်၊ တီစူပါ(GSSP 46%-တရုတ်)က ၈၈၀၀ ရောင်းရာမှ ယခု ၈၇၀၀ ကျပ်၊ တီစူပါ (GTSP 12%-တရုတ်)က ၈၃၀၀ ရောင်းရာမှ ယခု ၈၁၀၀ ကျပ်၊ ကွန်ပေါင်း (၁၅း၁၅း၁၅-တရုတ်)က ၂၇၅၀၀ ကျပ်မှ ၂၇၀၀၀ ကျပ်နဲ့ အာမို(ဒိုင်းမွန်းစတား)က ၃၇၅၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်သို့လည်းကောင်း ဈေးချရောင်းနေတယ်လို့ သိရပါ တယ်။ MIRT (DOT)
