Main menu

Background

ဘိလပ်မြေအဝင်လျော့ခဲ့

Sun, 02/12/2012 - 08:44 -- Anonymous (not verified)

ဘိလပ်မြေအဝင်လျော့ခဲ့    ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်တာကာလအတွင်း ဘိလပ်မြေ ၈၂၅၄ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ စိန်တံဆိပ်ဘိလပ်မြေ ၃၉၀၀ တန်၊ အခြားတံဆိပ် ဘိလပ်မြေ ၄၃၀၀ တန်နဲ့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅၄ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန်တစ်သောင်းတစ်ထောင်ကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ကြည့်ရင် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင် တန်သုံးရာကျော် လောက် လျော့နည်းခဲ့ပါတယ်။    လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ဘိလပ်မြေတင် သွင်းမှုက တန်ချိန် ခြောက်သောင်းလေးထောင်ကျော်ရှိခဲ့ပြီး ၂၀၁၂ ဇန်နဝါရီလ ဘိလပ်မြေအဝင်က တန်ချိန် ခုနှစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဇန်န ဝါရီလမှာ ဘိလပ်မြေတန်ချိန် တစ်သောင်းလေးထောင်နီးပါး ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။                                             MIRT (DOT) ရောင်းအားကောင်းနေတဲ့ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ ကြံ့(မြိုင်ကလေး)က အရောင်းသွက်ပြီး ဆင်(ထိုင်း) က ပုံမှန်ရှိနေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဆင်(ထိုင်း)က အရောင်းပုံမှန်ရှိပေမဲ့ ဈေးက အနည်းငယ်ကျလာပြီး ကြံ့(မြိုင်ကလေး) က ၅၀ ကျပ်ဈေးတက်တယ်လို့ အဆိုပါ တာဝန်ရှိသူမှ ဆက်လက်ပြောပါတယ်။ ဆင် (ထိုင်း) က အရင် ၅၀၀၀ ကျပ်ရောင်း ရာမှ ယခု ၄၇၅၀ ကျပ်နဲ့ ရောင်းနေပြီး ကြံ့(မြိုင်ကလေး)က အရင် ၃၇၀၀ ကျပ်မှ ၃၈၀၀-၃၉၀၀ ကျပ်နဲ့ ရောင်းနေတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်နေတယ်လို့ သိရပါ တယ်။ အရောင်းသွက်ပြီး ဈေးကလည်း ၁၀၀-၂၀၀ ကျပ်လောက် မြင့်လာတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ခြင်္သေ့နဲ့ နဂါးက ဈေးမပြောင်းပေမဲ့ စိန်(ယိုးဒယား)က ၁၀၀ ကျပ်ဈေးမြင့်ပြီး မြို့တော်က ၂၀၀ ကျပ်လောက် ဈေးမြင့် လာတယ်လို့ ၎င်းင်းကပြောပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ဈေးက စိန် (ယိုးဒယား)က ၇၀၀၀ ကျပ်၊ ခြင်္သေ့က ၅၃၀၀ ကျပ်၊ မြို့တော်က ၄၃၀၀ ကျပ်နဲ့ နဂါးက ၅၄၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။    မကွေးဘိလပ်မြေဈေးကွက်မှာတော့ ဒီတစ်ပတ် ဘိလပ်မြေက အရောင်း ပုံမှန်ဘဲရှိနေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယခင် တစ်ပတ်ရောင်းအားကောင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ပုံမှန်ပဲရှိနေတယ်လို့ သိရပါ တယ်။ အရောင်းပုံမှန်ရှိပြီး ဈေးကမြင်းခေါင်းတစ်မျိုးသာ နှစ်ရာကျပ်လောက် ဈေး ကျသွားတယ်လို့သိရပါတယ်။ ယခင်လတွေ ထက်စာရင် ဒီလမှာတော့ ဘိလပ်မြေ က ရောင်းအားတက်တယ်လို့ အဆိုပါတာဝန်ရှိသူကဆိုပါတယ်။ ရောင်းအားရှိပေမဲ့ လည်း  ဈေးကအတက်အကျမကြမ်းဘဲ တစ်အိတ်ကို နှစ်ရာမှ သုံးရာကြားသာ အတက်အကျရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်မှာတော့ ဆင်(ထိုင်း)က တစ် အိတ်ကို ၅၉၀၀ ကျပ်၊ မြင်းခေါင်းက တစ်အိတ်ကို ၄၂၀၀ ကျပ်နဲ့ ရောင်းနေတယ်လို့ သိရပါတယ်။    မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိနေတယ်လို့ အရောင်း ကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။ ဈေးကွက်ထဲကျောက်ဆူး(ယိုးဒ ယား)က ပစ္စည်းပြတ်နေပြီး ကျားခေါင်းက နည်းနည်း အဝယ်လိုက်တယ်လို့ ဆိုပါတယ်။ အရောင်းပုံမှန်ရှိသလို ဈေးကလည်းပုံမှန်ဘဲရှိနေတယ်လို့ သိရပါ တယ်။ အေသုံးလုံး ၅၃၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်(ယိုးဒယား) က ၅၉၀၀ ကျပ်၊ စိန် (ယိုးဒယား)၅၈၀၀ ကျပ်၊ ဆင်မင်း ၄၅၀၀ ကျပ်၊ ကျား ခေါင်း ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၃၀၀ ကျပ်ဈေးအသီးသီးရှိတယ်လို့ ၎င်းကပြောပါတယ်။MIRT (DOT)