ယခုတစ်ပတ် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ဂျပန်နဲ့ ကိုရီး ယားအပြင် အခြားနိုင်ငံတွေကိုလည်း ပမာဏပိုလာတာတွေ့ရပါ တယ်။ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အတွင်း တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကို စုစုပေါင်း နှမ်းတန်ချိန် ၁၁၀၀ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၂ ဇန်နဝါရီလ တစ်လလုံး တင်ပို့မှုအနေနဲ့ နှမ်းရောင်စုံ တန်ချိန် ၃၆၀၀ ခန့်ရှိပြီး ၂၀၁၁ ဒီဇင်ဘာလအတွင်းမှာ နှမ်းတန်ချိန် ၅၂၀၀ ကျော်ထိ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ၂၀၁၁ ဇန်နဝါရီ လ အတွင်းမှာတော့ တန်ချိန် ၂၃၀၀ ခန့်သာရှိလို့ ယခုနှစ်ကာလတူမှာ တန် ၁၀၀၀ ကျော်ပိုမိုတင်ပို့ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ငြိမ်နေကြောင်းသိရပါတယ်။ MAPT
Background