ဒီသီတင်းပတ်အိုကေတင်သွင်းပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်တာကာလအတွင်း နို့ဆီ/စိမ်း ၃၆၇ ဒသမ ၂၀ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သုံးသိန်းခြောက် သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ OK တံဆိပ် နို့ဆီ/စိမ်းများကိုတင်သွင်းလာတာတွေ့ ရပါတယ်။ ယခင်သီတင်းပတ် နို့ဆီ/စိမ်းတင်သွင်းမှုက တန်ချိန် ၂၉၀ ကျော် ရှိခဲ့တာကြောင့် ဒီသီတင်းပတ် အဝင် တန်ချိန်နဲ့ယှဉ်ကြည့်ရင် တန်ချိန် ၇၀ ကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇန်န ဝါရီလရဲ့ နို့ဆီ^စိမ်းတင်သွင်းမှုက တန် ချိန် ၅၅၄ တန်ရှိခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာ လရဲ့ နို့ဆီနို့စိမ်းတင်သွင်းမှုက ၁၄၉၀ တန်ရှိခဲ့တာကြောင့် ဇန်နဝါရီလမှာ နို့ဆီ/စိမ်း တင်သွင်းမှုလျော့ခဲ့ပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန်နိုင်ငံ မှ ၄၆ ဒသမ ၂၀ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းငါးသောင်း ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်နို့မှုန့်တင်သွင်းမှုက တန်ချိန် သုံးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ နို့မှုန့်အဝင်အားလျော့ ခဲ့ပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇန်န ဝါရီလမှာ နို့မှုန့် တန်ငါးရာကျော်တင် သွင်းခဲ့ပြီး ဒီဇင်ဘာလမှာ တန်လေးရာ ကျော်တင်သွင်းခဲ့တာကြောင့် ဇန်နဝါ ရီလမှာ နို့မှုန့်တန်တစ်ရာနီးပါး ပိုမိုတင် သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်မှ နို့ဆီ၊နို့မှုန့်၊နို့စိမ်း အသွင်းပိုဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၈ သန်း တန်ဖိုးရှိ နို့ဆီ တန် ၅၀ (၂၇၁၀ တာ)၊ ကန်ဒေါ်လာ သုည ဒသမ ၁၅၁ သန်း တန်ဖိုးရှိ နို့စိမ်း ၁၅၇ တန် (၈၃၀၀ တာ) နဲ့ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၈၅ သန်းတန်ဖိုးရှိ နို့မှုန့် တန် ၃၀ အသီးသီး အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ ၁၈ တန်၊ နို့စိမ်း ၁၀၂ တန်ကျော်နဲ့ နို့မှုန့် ၂၂ တန် ခန့် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ဘဏ္ဍာနှစ် ၁၀ လတာကာလမှာ နို့ဆီ တန် ၁၇၀၀ ကျော်၊ နို့စိမ်း ၃၆၉၅ တန်ကျော်နဲ့ နို့မှုန့် ၃၄၃၆၅ တန် နယ်စပ်မှ တင်သွင်းထား ပြီး ဖြစ်ပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) 650 680 ဒွန်း (နို့စိမ်း) 620 625 ဝမ်းတီးနို့ဆီ 630 650 အိုကေ(နို့ဆီ) 600 600 အိုကေ(နို့စိမ်း) 600 600
Background
