Main menu

Background

မူဆယ်မှ နှမ်းဖြူ၊ နှမ်းနက်များသာအပို့ရှိ

Sun, 02/12/2012 - 09:12 -- Anonymous (not verified)

    မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅၄၅ သန်း တန်ဖိုးရှိ နှမ်းနက် ၈၇၂ တန်ကျော်နဲ့ နှမ်းဖြူ တန် ၉၆၀၊ နှမ်းဖြူ (အခွံချွတ်) ၂၂ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က နှမ်းနက်နဲ့ နှမ်းဖြူ ၁၅၉၃ တန်ကျော် အပို့ရှိခဲ့တဲ့အတွက် ယခုအပတ် မှာ တန် ၂၆၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ဧပြီလမှ ဇန်နဝါရီလထိ နှမ်းရောင်စုံ ၇၄၉၆၈ တန် နယ်စပ်မှ တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက် နှမ်းဖြူဈေးကျနေပြီး နှမ်းနက်ဈေး မြင့်တက်လျက်ရှိပါတယ်။ တစ်ဖက်နိုင်ငံပေါက်ဈေး သိသိသာသာပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ် -                                    မိမိဘက်(ကျပ်/တန်)                                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု          ယခင်      ပြောင်းလဲမှု         %        ယခု      ယခင်     ပြောင်းလဲမှု    %နှမ်းဖြူ      ၉၈၆၅၉၇    ၉၈၆၆၄၇          ၅၀           ၀ .၀၀၅    ၁၂၇၅     ၁၂၆၃         ၁၂          ၁နှမ်းနက်    ၉၂၅၃၀၀    ၈၉၁၃၈၅        ၃၃၉၁၅            ၄       ၁၃၉၄     ၁၃၉၀          ၄          ၀ .၃MIRT (DOBT)