Main menu

Background

ပြည်ပဲပုပ်အဝင်နည်းပြီး၊ ဈေးငြိမ် အရောင်းဝယ်ဖြစ်နေ

Sun, 02/12/2012 - 09:37 -- Anonymous (not verified)

    ပဲခူးတိုင်း ဒေသကြီး အနောက် အတွင်း ပဲပုပ်သစ်များ ဇန်နဝါရီလမှ စပြီး၊ ဈေးကွက်ကို ဝင်ရောက်လာခဲ့ ပါ တယ်။ ပြည်ဈေးကွက်ကို ပြည်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဝင်ရောက် ခဲ့ပြီး၊ လက်ပံတန်း၊ မင်းလှ၊ မိုးညိုဘက်မှ ပဲပုပ်များကတော့ ရန်ကုန်ဈေးကွက်ကို တိုက်ရိုက်ရောင်းချခဲ့ကြကြောင်း သိရပါ တယ်။ ယခုဖေဖော်ဝါရီလ အတွင်း ပဲ ပုပ် ဝင်ရောက်မှုမှာ နည်းလာခဲ့တဲ့ အတွက် လက်ကျန်ပဲများသာ ရောင်းချ မှု ရှိနေတာကြောင့် အရောင်းအဝယ် အေး နေခဲ့တယ်လို့ သိရပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ယခင်အပတ်က ဈေးအတိုင်း ဈေးငြိမ် အရောင်း အဝယ်ဖြစ်ခဲ့ကြတာ ကိုတွေ့ ရပါတယ်။                ဆုမွန်ဆွေ