Main menu

Background

မလေးရှား စားအုန်းဆီဈေး သီတင်း နှစ်ပတ်အတွင်း အမြင့်ကို ပြန်ရောက်လာ

Sun, 02/12/2012 - 09:42 -- Anonymous (not verified)

    ချီကာကို ပဲပုပ်ဆီဈေးမြင့်တက်ခြင်းနဲ့ ဂရိကြွေးမြီပြဿနာ ဖြေရှင်းမှု တိုးတက် လာခြင်းတို့ကြောင့် ဖေဖော်ဝါရီ ၈ ရက်မှာ မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး ဟာ သီတင်း ၂ ပတ်အတွင်း အမြင့်ဆုံးရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဘာစာ မလေးရှားကုန်စည်ဒိုင်မှာ ဧပြီလအခြေခံစံနှုန်း စာချုပ်ဈေးဟာ ၂ ဒသမ ၃ ရာခိုင် နှုန်းမြင့်တက်ပြီး၊ တစ်တန် ရင်းဂစ် ၃၁၅၅ (ကန်ဒေါ်လာ ၁၀၄၄)ရှိခဲ့လို့ ဇန်နဝါရီလ ၂၅ ရက်နောက်ပိုင်း အမြင့်ဆုံးကို မြင့်တက်ခဲ့ပါတယ်။    တရုတ်နိုင်ငံရဲ့ ဆီထွက်သီးနှံထုတ်လုပ်မှုကျဆင်းခြင်းကြောင့် ဆီထွက်သီးနှံနဲ့ စားအုန်းဆီတင်သွင်းမှု ပိုမိုဖွယ်ရှိတယ်လို့ ကမ္ဘာ့ဆီလေ့လာဆန်းစစ်သူများက ခန့်မှန်းခြင်းကလည်း ဈေးနှုန်းကို မြင့်တက်စေပါတယ်လို့ မွန်ဘိုင်း အခြေစိုက်ကုန် သည်တစ်ဦးက ဆိုပါတယ်။ ဒါပေမယ့်လည်း ရင်းနှီးမြှုပ်နှံသူများက လာမယ့်ရက် တွေမှာ ထုတ်ပြန်မယ့် စားအုန်းဆီထုတ်လုပ်မှုစာရင်းကို စောင့်ဆိုင်းနေတာကြောင့် နောက်ထပ်ဈေးမြင့်တက်မှုကို ကန့်သတ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။    အမေရိကန်စိုက်ပျိုးရေးဌာနက စားအုန်းဆီ ရောင်းချမှုနဲ့ ဝယ်လိုအား ခန့်မှန်း ချက်ကို ထုတ်ပြန်ဖို့ စီစဉ်နေသလို မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ကလည်း ဇန်နဝါရီလ စားအုန်းဆီထုတ်လုပ်မှု စာရင်းကို ထုတ်ပြန်တော့မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလကုန် မလေးရှားနိုင်ငံရဲ့ စားအုန်းဆီ လက်ကျန်ဟာ ယခင်လထက် ၁ ရာခိုင်နှုန်း ပိုမိုပြီး၊ တန်ချိန်၂ ဒသမ ၀၅သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ လို ပိုမိုလာရခြင်းဟာ ထုတ်လုပ်မှု လျော့ပေမယ့် ဝယ်လက်များက ဈေးသက်သာတဲ့ အင်ဒိုနီးရှား စားအုန်းဆီကို ပြောင်းလဲဝယ်ယူကြတဲ့အတွက် တင်ပို့မှုကျဆင်း ခဲ့တာ ကြောင့်လို့ ဆိုပါတယ်။    အဲဒီလို သိုလှောင်မှုမြင့်တက်ခြင်းကလည်း ဈေးနှုန်းကိုဖိအားဖြစ်စေပါတယ်။ မကြာသေးခင်က ၂၀၁၂ အတွက် အခွန်ကင်းလွတ်တဲ့ တင်ပို့ကန့်သတ်ချက် တန်ချိန် ၃ ဒသမ ၆ သန်းကိုထုတ်ပြန်ခဲ့ပြီးဖြစ်လို့ တင်ပို့သူများက စာချုပ်အမြန်ချုပ် ဆိုနိုင် မယ်ဆိုရင် ဖေဖော်ဝါရီလမှာ တင်ပို့မှုမြှင့်တင်နိုင်တယ်လို့ ဆိုပါတယ်။    လက်ငင်းဈေးကွက်မှာ ဖေဖော်ဝါရီလအတွက် သန့်စင်ပြီး၊ စားအုန်းဆီဟာ တစ်တန် ကန်ဒေါ်လာ ၁၀၉၀ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးကတော့ တစ်တန်ရင်းဂစ် ၃၁၄၀ (ကန်ဒေါ်လာ ၁၀၃၉) ဖြစ်ကြောင်း သိရပါတယ်။ယုဇန၊Source:palmoilhq.com