Main menu

Background

ပြောင်း

Sun, 02/12/2012 - 09:56 -- Anonymous (not verified)

ပြောင်း    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်     ယခု    ပြောင်းလဲမှု ၁    တောင်ကြီး      ၁ ပိဿာ          ၃၀၀       ၂၉၀                ၂    လားရှိုး            ၁ ပိဿာ           ၃၄၀      ၃၄၀         ၃    မူဆယ်           ၁ တန်      ၂၃၆၉၆၅     ၂၄၁၉၆၂     ၄    မန္တလေး          ၁ ပိဿာ        ၃၄၃         ၃၃၃ပြောင်းကို တရုတ်နဲ့ အစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိ    တောင်ကြီးဈေးကွက်မှာ တရုတ်နှစ်ကူးအပြီး  ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ အစာစပ်လုပ်ငန်းရှင်များက ဝယ်အား ပြန်လိုက်လာပေမယ့်  ရောင်းသူကုန်သည်များ  အရောင်းများတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ် ပိဿာကို ၂၉၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၂၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာသလို အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ပိုများလာ တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲ ပုံမှန်ရှိပေမယ့် ဈေးကွက်သိ့ု ပစ္စည်းအဝင်များလာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၃၃ ကျပ်နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါ တယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ် လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၄၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၅၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။