Main menu

Background

ပဲတီစိမ်း(အညာ)

Sun, 02/12/2012 - 09:59 -- Anonymous (not verified)

ပဲတီစိမ်း(အညာ)    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ          ယခင်    ယခု    ပြောင်းလဲမှု     ၁        မုံရွာ            ၁ ပိဿာ          ၈၁၆      ၈၁၆                           ၂       မန္တလေး        ၁ ပိဿာ          ၈၈၉      ၉၂၄    ၃        ပြည်            ၁ ပိဿာ           ၈၂၅      ၈၀၀        ၄        မကွေး          ၁ ပိဿာ         ၇၉၀        ၇၈၅ ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်အဆွဲပုံမှန်ရှိ    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီ စိမ်း(အညာ)ကို အိတ်စပို့ဝယ်လက်တွေက အရည်အသွေးအပေါ်မူ တည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီစိမ်း(ခရမ်းရွှေဝါ)တစ်ပိဿာကို အနိမ့်ဆုံး ၁၀၁၆ ကျပ် (တစ်တန်ကို ၆၂၂၁၈၈ ကျပ်)မှ အမြင့်ဆုံး တစ်ပိဿာကို ၁၀၂၀ ကျပ် (တစ်တန်ကို ၆၂၄၆၃၇ ကျပ်)အတွင်း တန် ၆၅၂ ခန့် အရောင်း အဝယ်ဖြစ်ခဲ့သလို ပဲတီစိမ်း(အညာ)စကိုလည်း တစ်ပိဿာ ၁၀၁၁ ကျပ်(တစ်တန် ကို ၆၁၉၁၂၆ ကျပ်)နဲ့ တစ်ပတ်အတွင်း တန် ၁၉ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို မန္တလေး- ရန်ကုန်ဝယ်လက်က အဝယ်ပြန်အေးသွားတာ ကြောင့် ဈေးနှုန်းသာရှိပြီး အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းက ဈေးကွက်သို့အဝင် ပုံမှန်ရှိသလို မန္တလေးဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ နဲ့အထက်အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းက ဈေးကွက်သို့ အဝင်ပါးလာပြီး ဝယ်လက်တွေကလည်း  ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့ မြို့ခံပဲကုန် သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။