ထိုင်ဝမ်(ကုလားပဲ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၇၅၀ ၈၀၀ ၂ မကွေး ၁ ပိဿာ ၇၆၅ ၇၆၅ ၃ ပခုက္ကူ ၁ ပိဿာ ၇၅၀ ၇၅၀ ၄ မုံရွာ ၁ ပိဿာ ၈၃၆ ၈၃၆ ၅ အောင်လံ ၁ ပိဿာ ၇၅၀ ၇၇၅ ၆ မြင်းခြံ ၁ ပိဿာ ၇၄၀ ၇၂၀ ၇ ပြည် ၁ ပိဿာ ၇၄၀ ၇၇၀ထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဝယ် အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့် လာပြီး တစ်ပိဿာကို ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၆၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို ပဲခွဲစက်များက တစ်ပိဿာကို ၇၆၅ ကျပ်(တစ်တန်ကို ၄၆၈၄၇၈ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ် လို့မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အောင်လံဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေနဲ့ အမှုန့်ကြိတ်စက်များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၇၇၅ ကျပ်(တစ်တန်ကို ၄၇၄၆၀၂ ကျပ်) နဲ့နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေး ကွက်မှာ လက်ကျန်ပဲဟောင်းများကိုသာ ခွဲခြမ်းပြုလုပ်မည့်သူများက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲသစ်က ဈေးကွက်သို့အဝင် နည်းသေးတာကြောင့် ပဲဟောင်းကိုသာ အဓိကအရောင်းအဝယ်ဖြစ် နေတာလို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၇၀ ကျပ် (တစ်တန်ကို ၄၇၁၅၄၀ ကျပ်) နဲ့ နေ့စဉ် အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
Background