Main menu

Background

ပဲစင်းငုံနီ

Sun, 02/12/2012 - 10:02 -- Anonymous (not verified)

ပဲစင်းငုံနီ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်         ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်         ၄၉၂၀၀၀    ၄၉၇၀၀၀                ၂    မန္တလေး         ၁ ပိဿာ         ၇၄၂         ၇၄၂         ၃    မုံရွာ              ၁ ပိဿာ        ၇၃၅          ၇၄၀        ၄    ပခုက္ကူ          ၁ ပိဿာ         ၇၄၀         ၇၅၀                ၅    မြင်းခြံ          ၁ ပိဿာ         ၇၀၀          ၇၂၀                ၆    အောင်လံ      ၁ ပိဿာ         ၇၄၀         ၇၄၀            ၇    မကွေး         ၁ ပိဿာ        ၇၀၀          ၇၅၀            ၈    ပြည်           ၁ ပိဿာ         ၇၃၅          ၇၃၅     ပဲစင်းငုံနီ(သစ်)ရော (ဟောင်း)ပါ အိတ်စပို့အဆွဲ ပုံမှန်ရှိနေ    ဘုရင့်နောင်ဈေးကွက်မှာ  ပဲစင်းငုံနီ (RC) (သစ်) ရော (ဟောင်း) ပါ အိတ်စပို့အဆွဲ ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ ပဲဟောင်းနဲ့စာရင် ပဲသစ်ကပိုပြီး အရောင်းအဝယ်ဖြစ်မှုများလာတယ်။ အဝင်ကလည်း များလာတာကြောင့် အခုလိုဈေးတွေ အနည်းငယ်ဆင်းလာရတာလို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်းငုံ နီ (RC) (သစ်)တစ်တန်ကို အနိမ့်ဆုံး ၄၈၉၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၉၇၀၀၀ ကျပ်အတွင်း ၊ ပဲစင်းငုံနီ (RC)(ဟောင်း)တစ်တန်ကို အနိမ့် ဆုံး ၄၅၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၆၇၀၀၀ ကျပ်အတွင်း စုစုပေါင်း တန် ၄၄၈၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ(ဟောင်း)က ပစ္စည်းလက်ကျန်နည်း သွားပြီး ဈေးကွက်ထဲဝင်လာတဲ့ ပဲစင်းငုံနီ(သစ်)ကိုသာ ရန်ကုန်ဝယ် လက်၊ မြို့ခံပဲခွဲစက်တွေနဲ့ အမှုန့်ကြိတ်စက်များက ဝယ်အားပုံမှန်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၄၂ ကျပ်(တစ်တန်ကို ၄၅၄၃၉၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၆၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲသစ်တွေကလည်း ဈေးကွက်သို့ အဝင်များလာတယ်။ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း အဝင်ရှိသလောက် အဆွဲသွက်လာတယ်။ ဒါကြောင့်အရောင်းအဝယ်ဖြစ်မှုပမာဏက ယခင်အပတ်ထက် စာရင် ပိုများလာတာလို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေး ကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲများလာပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်လှိုင်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျလာပြီး တစ်ပိဿာကို ၇၄၀ ကျပ် (တစ်တန်ကို ၄၅၃၁၆၈ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူ ဈေးကွက်မှာ ပဲစင်းငုံနီ (အဟောင်း)နဲ့စာရင် (အသစ်)က အရောင်း အဝယ်ဖြစ်မှု ပိုများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက ငုံနီ(ဟောင်း) တစ်ပိဿာကို ၆၈၀ ကျပ်(တစ်တန်ကို ၄၁၆၄၂၅ ကျပ်)နဲ့တစ်ပတ် အတွင်းအိတ် ၅၀၀ ခန့်၊ ငုံနီ(သစ်) တစ်ပိဿာ ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ တစ်ပတ် အတွင်း အိတ် ၅၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မကွေးဈေး ကွက်မှာ ပဲစင်းငုံနီက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို အိတ်စပို့ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ် ပိဿာကို ၇၅၀ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန် သည်တစ်ဦးကဆိုပါတယ်။မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီ (အဟောင်း) ကို လှောင်လက်ကုန်သည်တွေက ဈေးကွက်မျှော်လင့်ချက်နဲ့ ထိန်း ရောင်းနေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (အဟောင်း) တစ်ပိဿာ ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်ဖြစ်ခဲ့သလို ငုံနီ(သစ်)ကလည်း တစ်ပိဿာကို ၇၂၀ ကျပ်(တစ်တန်ကို ၄၄၀၉၂၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၇၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ အောင်လံဈေးကွက်မှာ ငုံနီ(သစ်)ရော (ဟောင်း) ပါသူ့ဈေးနဲ့သူ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (သစ်)တစ်ပိဿာ ၇၄၀ ကျပ်(တစ်တန်ကို ၄၅၃၁၆၈ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်၊ ငုံနီ (ဟောင်း) တစ်ပိဿာကို ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။