Main menu

Background

သခွားမွှေး ဈေးကွက်ဝင်သွားပြီ

Mon, 02/13/2012 - 05:51 -- Anonymous (not verified)

            ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း တွင်ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေး ရွာများမှာ ဒုတိယအကြိမ်၊ တောင်သူ၊ လုပ်ငန်းရှင်များစိုက်ထားတဲ့ သခွားမွှေး များ ဆွတ်ခူးရောင်းချပြန်ပါပြီ။ အဓိက ဈေးကွက်ကတော့ မူဆယ် ၁၀၅ မိုင်နဲ့ မန္တလေးသစ်သီးဈေးကွက်များ  ဖြစ်ပါ တယ်။စက်တင်ဘာလ  (ပထမအကြိမ်) စိုက်တဲ့ သခွှားမွှေးဈေးကွက်က ရွှေ သခွား(အဝါသီး)က တစ်ကီလို ၃ ယွမ် (၃၈၀ ကျပ်)မှ ၄ယွမ် (၅၀၀ ကျပ်)အထိ၊ အစိမ်းရောင်ပိုက်ကွက် သခွားမွှေးက တော့တစ်ကီလို ၂ ဒသမ ၅ ယွမ် (၃၂၀ ကျပ်)မှ ၃ ယွမ်(၃၈၀ ကျပ်)ထိရရှိခဲ့ပြီး တွက်ခြေမကိုက်လို့ တောင်သူများငြီး တွားခဲ့ကြပါတယ်။ ယခုနိုဝင်ဘာလမှာ ဒုတိယအကြိမ်စိုက်ခဲ့တဲ့ သခွားမွှေးများ ထွက်ပေါ်လာတော့  ဈေးကွက်အခြေ အနေက ရွှေသခွား(အဝါသီး) တစ် ကီလို ၆ ယွမ် (၇၆၀ ကျပ်)မှ ၈ ယွမ် (၁၀၀၀ကျပ်)ထိ၊အစိမ်းရောင် ပိုက်ကွက် သခွားကတော့ ၄ ယွမ် (၅၀၀ကျပ်)မှ ၆ ယွမ်(၇၆၀ကျပ်)ထိရရှိခဲ့ပါတယ်။ ဒါ ပေမယ့် ဝယ်လက်ကြိုက်တဲ့ အရည် အသွေးနဲ့ ထုပ်ပိုးမှုကတော့ ယခင်နှစ် များထက် ပိုပါတယ်။ ပြီးပြီးရော တင်ပို့ ရောင်းချလို့ကတော့   ဈေးမရဘူးလို့ ကျောက်ဆည်  သခွားမွှေးစိုက်တဲ့ တောင်သူတွေက  ပြောပါတယ်။"ယခုလဆန်းမှာ ကွမ်တုံပြည်နယ် သစ်သီးကုန်သည်များ  ကျွန်တော်တို့ ကျေးရွာတွေကို တိုက်ရိုက်လာဝယ်ကြ ပါတယ်။ သူတို့က မူဆယ် ၁၀၅ မိုင်က တစ်ဆင့်ခံဝယ်ရတဲ့ အသီးနဲ့စာရင် ပိုပြီး လတ်ဆတ်တယ်။ စိုက်ကွင်းထဲမှာဆို တော့ သူတို့ကြိုက်တဲ့ အရည်အသွေး ကောင်းတဲ့အသီးများကို ဖော့ပိုက်များနဲ့ စွပ်၊ ဂျပ်ဖာများနဲ့ စနစ်တကျ ထုပ်ပိုး ပြီးဝယ်ယူသွားကြပါတယ်။ ဘာဘဲဖြစ် ဖြစ် မူဆယ်မှာ ရောင်းရတာနဲ့စာရင် တော့ ဒီမှာက ကိုယ့်နယ်ဆိုတော့ လူ လည်းသက်သာ၊ စိတ်လည်းချမ်းသာ တာပေါ့"လို့ စဉ့်ကိုင်မြို့နယ် ကသည်း ကုန်း၊ ငယ်တိုး၊ ဖလမ်ဘို ကျေးရွာ တောင်သူတွေက ပြောကြပါတယ်။မန္တလေးဈေးကွက်မှာ သခွားမွှေး ဝင်ရောက်မှုက ယခင်လများနဲ့စာရင် အဝင်နည်းပါတယ်။ ဒါပေမယ့် ကျွန် တော်တို့ပွဲရုံက ကြိုတင်ငွေပေးပြီး ဝယ် ထားတဲ့အတွက် ပုံမှန်ဝင်ပါတယ်။ ရွှေ သခွား(အဝါသီး)က တစ်လုံးကို ၁၂၀၀ ကျပ်၊ အစိမ်းရောင် ပိုက်ကွက်သခွား ကတော့  တစ်လုံးကို ၈၀၀ ကျပ်ထိ ရောင်းရတယ်လို့ ငွေကံတောင်သစ်သီး ဝလံပွဲရုံပိုင်ရှင်  ဦးကိုထွေးက ပြောပါ တယ်။ဒီနှစ်ဈေးကွက်ဝင်သွားတဲ့ သခွား မွှေးစိုက်တောင်သူများမှ   ရွှေသခွား (အဝါသီး)ကတော့  ထူးထူးခြားခြား တွက်ခြေကိုက်တယ်လို့ ပြောပါတယ်။ ကျော်ဦး