Main menu

Background

မန္တလေးဈေးကွက်တွင် ငါးဈေးမြင့်ပြီး ပုံမှန်ဝင်လျက်ရှိ

Mon, 02/13/2012 - 05:51 -- Anonymous (not verified)

             မန္တလေးမြို့  သီရိမာလာငါးဈေးကို ရန်ကုန်ဘက်မှ ငါးများ  ပုံမှန်ဝင်ပြီး ယခုတစ်ပတ်မှာ ငါးဈေးနှုန်း ခပ်ပါးပါး မြင့်တက်ကြောင်း သိရပါတယ်။ကမ္ဘာကျော်  ငါးရောင်းဝယ်ရေးမှ ဦးကျော်က "ရန်ကုန်ငါးက သီရိမာလာ ဈေးကို ပုံမှန်ဝယ်နေကျအတိုင်းပဲ ကား ၅ စီး နေ့စဉ်ဝင်နေတယ်။ ဒီအချိန်မှာ ရေနည်းချိန်မို့ ရန်ကုန်ဘက်မှာ ငါးရှား လို့ ဈေးအနည်းငယ်မြင့်တယ်လို့ သိရ ပါတယ်။   မန္တလေးဈေးကွက်မှာ အရောင်းအဝယ်ကတော့  ပုံမှန်ပါပဲ။ ဒီလထဲမှာ  အလှူပွဲတွေလည်းရှိတော့ ပုံမှန်ရောင်းအားရှိတယ်။ ငါးသလောက် ပုံမှန်စက အဝင်များပြီး ဆိုဒ်အကြီးစက အရောင်းမသွက်လို့ နည်းနည်းပဲ ဝင် တယ်။ ပုစွန်က ပုံမှန်အဝင်ရှိတယ်" လို့ ပြောပါတယ်။မန္တလေးငါးဈေးကွက်ကို ရန်ကုန်ငါး နဲ့ မန္တလေး၊ မတ္တရာဝန်းကျင်ရှိ မွေးငါး များ ဝင်ရောက်လျက်ရှိပြီး၊ ရန်ကုန်ငါး ဝင်ရောက်တဲ့ ကုန်ချိန် ၃ သောင်းဝန်း ကျင်၊ မန္တလေးငါးဝင်ရောက်တဲ့ ကုန်ချိန် ၅ ထောင်ဝန်းကျင်ရှိကြောင်း သိရပါ တယ်။ မန္တလေးဈေးကွက်မှ မိုးကောင်း၊ မိုးညှင်း၊ အင်းတော်၊ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါ၊ ဗန်းမော်၊ ရွှေကူ၊ ထီးချိုင့်၊ မြတောင်သို့  ငါးများတင်ပို့ ရောင်းချလျက်ရှိပြီး၊ မူဆယ်မြို့မှ ကင်း မွန်နဲ့ ငါးသလောက်ဝယ်ယူမှုများပြီး၊ ကျန်ဒေသများမှ ငါးကြင်း၊ ငါးတန် ဝယ် ယူမှုများပါတယ်။ ယခုတစ်ပတ်မှာ ငါး အုံတုံငါး  ဝင်ရောက်မှုနည်းကြောင်း သိရပါတယ်။ ငါးဈေးနှုန်းများမှာ ငါး ကြင်းတစ်ပိဿာ ၁၈၀၀ ကျပ်၊ ၁၉၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဈေးရှိပြီး၊ ငါးအုံတုံ တစ်ပိဿာ ၁၉၀၀ ကျပ်၊ ၂၀၀၀ ကျပ်၊ ၂၁၀၀ ကျပ်၊ ငါးမြစ်ချင်း ၁၈၀၀ ကျပ်၊ ၁၉၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဈေးရှိပြီး၊ ငါးသလောက် တစ်ပိဿာကို ပုံမှန်စ ၃၀၀၀ ကျပ်၊ အကြီးစမှာ ၆၀၀၀ ကျပ် ဈေးရှိပြီး ပုစွန်တစ်ပိဿာကို ဆိုဒ်အကြီး အသေးပေါ်မူတည်ပြီး ကျပ် ၆၀၀၀ မှ ကျပ် ၁၀၀၀၀ ကျပ်ဈေးရှိကြောင်း သိရ ပါတယ်။                     ဇူးဇူး