Main menu

Background

တောင်သမန်သို့ ဧည့်အလာများခြင်းကြောင့် ဒေသခံလုပ်ငန်းများအလုပ်ဖြစ်

Mon, 02/13/2012 - 05:53 -- Anonymous (not verified)

    တောင်သမန်သို့ ပြည်တွင်းပြည်ပဧည့်များ အလာများခြင်းကြောင့် ဒေသခံလုပ်ငန်းများ အလုပ်ပိုဖြစ်ကြောင်း သိရပါတယ်။တောင်သမန်၊ ဦးပိန်တံတားမှာ ဓာတ်ပုံရိုက်သူတစ်ဦးက "ပြည်တွင်းဧည့်က တစ်နေကုန် တဖွဲဖွဲနဲ့လာ နေတာ။ ပြည်ပဧည့်ကလည်း မနှစ်ကထက်စာရင်အလာများတယ်။ ညနေပိုင်းနေဝင်ဆည်းဆာကြည့်ရင်း လာတဲ့သူများ တယ်။ ညနေဆိုသမ္ဗာန် (ငှက်လှေ) စီးတဲ့သူတွေ အများကြီးပဲ။ ငှက်ခတ်သမားတွေ တော်တော်အလုပ်ဖြစ်တယ်။ ရှိသမျှငှက်လှေအကုန်စီးကြတာပဲ။ လာတဲ့ဧည့်တွေကလည်း ကားကြီးတစ်စီးလာတော့ ကား သုံးစီးလောက်ဝင်ရင်ကို လှေကအကုန်ပဲ။ ဒီနှစ်ဒီရာသီမှာ ငှက်လှေသမားတွေ တွက်ခြေကိုက်တယ်။ ဓာတ်ပုံဆိုင်တွေလည်း တိုးလာတယ်။ မနှစ်က ဓာတ်ပုံဆိုင် ၁၉ ဆိုင်ရှိရာက အခု ၃၉ ဆိုင်ရှိလာတယ်။ ဓာတ်ပုံရိုက်တဲ့သူလည်းများလာတယ်။ အရင်က ဓာတ်ပုံရိုက်တဲ့သူ ၃၈ ဦးကနေ အခု ၅၆ ဦးထိ ရှိလာတယ်။ ဧည့်များလာတော့ အလုပ်လည်းပေါလာတယ်။ စား သောက်ဆိုင်တွေလည်း တော်တော်များများရောင်းရတာတွေ့ရတယ်"လို့ ပြောပါတယ်။တောင်သမန်မှာ ဒေသခံလူများက သမ္ဗာန်ငှားခြင်းလုပ်ငန်း၊ ရက်ကန်းထည်များရောင်းတဲ့လုပ်ငန်း၊ ဘာသာပြန် လုပ်ငန်း၊ ပန်းချီဆွဲခြင်းလုပ်ငန်း၊ လက်ဆောင်ပစ္စည်းများရောင်းချခြင်းကို အဓိကထားလုပ်ကိုင်ကြပါတယ်။ တောင်သမန်ရွာ၊ ဦးပိန်တံတားအရှေ့ဘက်ထိပ်မှ တောင်သမန်ကန်ပတ် ၈ လမ်းသွားလမ်းမကြီးသို့ သွားလာနိုင်  မယ့် ပတ်လမ်းဖောက်လုပ်ရန် မြေတိုင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရပါတယ်။ တောင်သမန်ပတ်လမ်း ဖောက်လုပ်ပါက နွားနို့စုကျေးရွာ၊ ရွာသစ်ကျေးရွာ၊ တောင်သမန်ရွာများဖြတ်၍ ၈ လမ်းသွားအမြန်လမ်းသို့ တိုက်ရိုက် သွားလာ နိုင်မှာဖြစ်ကြောင်းသိရပါတယ်။                                                          ဇူးဇူး