ကရင်ပြည်နယ်၊ ဒေါနတောင်ခြေမှထွက်ရှိတဲ့ ခရမ်းစွဲကျောက်များကို ပြည် တွင်းဈေးကွက်ထိုးဖောက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ကရင်ပြည်နယ်၊ မြဝတီမြို့ ဒေါနခရမ်းကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲ ဝင်းလေးက "ကရင်ပြည်နယ်၊ ဒေါနတောင်ကနေ ဒေါနမြ၊ ဒေါနမြပြာ ခရမ်းစွဲထွက် တယ်။ ကရင်ပြည်နယ်ဒေသထွက်ရတနာကို အရင်က လူမသိသေးတော့ အသုံး နည်းတယ်။ တစ်နှစ်ကို သိန်း ၁၀၀၊ သိန်း ၁၅၀ ဖိုးလောက်ပဲ ထုတ်လုပ်မှုရှိတယ်။ ခုနောက်ပိုင်းမှာ ကရင်ပြည်နယ် ရတနာတစ်ခုအဖြစ်သတ်မှတ်တော့ သုံးစွဲမှုများ လာလို့ ကုန်ကြမ်းတန်ဖိုးလည်းမြင့်လာပြီ။ အရင်ကဈေးမရခဲ့ပေမယ့် ခုဈေးကောင်း ရလာပြီ။ ကျွန်တော်တို့ထုတ်လုပ်တာ ၃ နှစ်ကျော် ၄ နှစ်ဘဲရှိသေးတယ်။ ဒေသက တွင်းတူးတဲ့သူတွေက သမားရိုးကျပဲတူးတယ်။ ယန္တရားအဆင့်မရောက်သေးဘူး။ ယန္တရားနဲ့တူးရှာရင် ပိုပြီးထွက်တယ်။ ၃ နှစ်၊ ၂ နှစ်အတွင်းမှာ ကရင်ဒေသထွက် ရတနာကို လူကြိုက်များလာလို့ ပြည်တွင်းက လက်ခံလာပြီ။ ပုဂံ၊ နေပြည်တော်၊ ရန်ကုန်ဈေးကွက်ချဲ့ဖို့အစီစဉ်ရှိတယ်။ အခုက မန္တလေးမှာ ပထမဆုံး လာရောက် ပြသခြင်းဖြစ်တယ်။ ပြည်ပဈေးကွက်ကိုလည်း ထိုးဖောက်ဖို့ ကြိုးစားနေတုန်းပဲ။ အတုအရမ်းများတဲ့အချိန်မှာ ကရင်ပြည်နယ်၊ ဒေါနတောင်ခြေရွာက ထွက်ရှိတဲ့ ကျောက်အစစ်တွေကို ဂုဏ်ယူဝံ့<ကားစွာ ဝတ်ဆင်သင့် ပါတယ် " လို့ ပြောပါတယ်။ကရင်ပြည်နယ် ဒေါနတောင်ခြေထွက် ခရမ်းစွဲကျောက်များကို ပြည်တွင်းရှိ ပုဂံ၊ နေပြည်တော်၊ ရန်ကုန်ဈေးကွက်၌ တစ်ကလပ်ကို ဒေါ်လာ ၂၀ နဲ့ ဒေါ်လာ ၃၀ ကြားရောင်းချမှာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာမှာ ခရမ်းစွဲကျောက်ထွက်ရှိတဲ့ ၁၁ နိုင်ငံအနက် ကရင်ပြည်နယ်၊ ဒေါနတောင်ခြေထွက် ခရမ်းစွဲကျောက်မှာ အရည် အသွေးအကောင်းဆုံး သတ်မှတ်ခံထားရကြောင်း Quart အုပ်စု Ammextive အမျိုးအစားထွက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background