၂၀၁၂ ဇန်နဝါရီလအတွင်းငါးရှဉ့်တင်ပို့နိုင်မှုမှာ တန်ချိန် (၇၄၈ ဒသမ ၁၅၈) ရှိပြီး တန်ဖိုးကန်ဒေါ်လာ ၄ ဒသမ ၀၇၀ သန်း၊ကဏန်းတင်ပို့နိုင်မှုမှာ၃၆၄ ဒသမ ၉၁၅ တန်ရှိပြီးကန်ဒေါ်လာ ၁ ဒသမ ၅၁၄သန်းဖိုး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန် နှစ် ကာလတူထက် ငါးရှဉ့် (၂၄၅ ဒသမ ၄၈၅)တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကဏန်း (၅၀ ဒသမ ၃၄၃)တန် လျော့နည်း တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖေဖေါ်ဝါရီလ ၁ ရက်မှ ၇ ရက်အတွင်း ငါးရှဉ့် (၁၂၇ ဒသမ ၈၉) တန်နဲ့ ကဏန်း (၁၂ ဒသမ ၀၉) တန် တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကဏန်း၊ ငါးရှဉ့်များကို လေလံစနစ်ဖြင့် မိမိဘက်လုပ်ငန်းရှင်များ ဈေးကောင်းဈေးမှန်ရရှိရေး စီစဉ်ဆောင် ရွက်ပေးလျက် ရှိပါတယ်။ တင်ပို့နိုင်မှု ပိုမိုသလို တရုတ်ဝယ်လိုအားလည်းများနေပြီး ဈေးကောင်းလည်းရတဲ့အတွက် ရေထွက်ကုန်တင်ပို့မှု တိုးတက်လျက်ရှိပါတယ်။ လေလံဈေးနှုန်းများလည်း ယခင်နှစ်ထက် ပိုမိုရရှိနေတာဖြစ်ပါတယ်။ ရန်ကုန် - မန္တလေးမှ ငါးရှဉ့်များ အပြင်၊ တောင်ကြီး၊ ကျောက်ဆည်ဘက်မှ ရရှိတဲ့ငါးရှဉ့်များကိုပါ တင်ပို့နေတာ တွေ့ရပါတယ်။ ကဏန်းအပို့ကျရခြင်းမှာ ရာသီဥတု အအေးလွန်ကဲတဲ့အတွက် ကဏန်းအသေပျောက်များခြင်း၊ အရည်အသွေးကျဆင်း ခြင်း၊ နှစ်သစ်ကူးကာလ ကဏန်းရောင်းဝယ်မှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါ တယ်။ ဒါ့အပြင် ရာသီဥတု ဖောက်ပြန်မှုကြောင့်လည်းကောင်း၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတွေက ကုန်ဝင်နည်းသောကြောင့်လည်းကောင်း၊ မူဆယ်မှ ကဏန်းများ ဈေးနှုန်းမြင့်ဝယ်ယူနေကြောင်း သိရှိရပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ငါးရှဉ့်နဲ့ ကဏန်းလေလံ ပေါက်ဈေးများဟာ ပစ္စည်းဝင်ရောက်မှု အခြေအနေ၊ တစ်ဘက်နိုင်ငံ၏ ဝယ်လိုအားနဲ့ မိမိဘက်က ပစ္စည်းရောင်းချ နိုင်မှုတို့ပေါ် မူတည်ပြီး ဈေးနှုန်းများအတက်အကျဖြစ်နေတာ တွေ့ရပါတယ်။ လေလံအောင်ဈေးနှုန်း (ကန်ဒေါ်လာ) ကဏန်း ငါးရှဉ့်၁-၂-၂၀၁၂ ၅၈၀၀ ၅၅၆၀ ၂-၂-၂၀၁၂ ၆၀၄၀ ၅၃၂၀ ၃-၂-၂၀၁၂ ၆၄၀၀ ၅၀၁၀ ကဏန်း ငါးရှဉ့်၅-၂-၂၀၁၂ ၆၄၀၀ ၄၄၃၀ ၆-၂-၂၀၁၂ ၇၃၈၀ ၄၃၂၀ ၇-၂-၂၀၁၂ ၈၀၀၀ ၄၇၈၀ ၂၀၁၂ ခုနှစ်ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း ငါးရှဉ့်၊ကဏန်းပျှမ်းမျှလေလံအောင်ဈေးမှာ ကန်ဒေါ်လာ ၆၆၇၀ ဖြစ်ပြီး လေလံဈေးအမြင့်ဆုံးရရှိသည့်နေ့ဖေဖေါ်ဝါရီ ၇ ရက်တွင် ကန်ဒေါ်လာ ၈၀၀၀ ထိ ရရှိခဲ့တာတွေ့ရပါတယ်။ တစ်ပတ် အတွင်း ကဏန်း ၁၂ တန်ကျော်သာ တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးကန်ဒေါ်လာသုညဒသမ ၀၇၄ သန်းရရှိခဲ့ပါတယ်။ ဈေးအမြင့်ဆုံး ရရှိခဲ့ခြင်းမှာ ၎င်းနေ့တွင် ကဏန်းကား (၁) စီးသာ ဝင်ရောက်နိုင်ခဲ့ပြီး ပစ္စည်းရှားပါခြင်း၊ ကုန်အဝင်နည်းခြင်းကြောင့် ဖြစ်ပါတယ်။ ငါးရှဉ့်ပျှမ်းမျှလေလံအောင်ဈေးမှာ ကန်ဒေါ်လာ ၄၉၀၃ ဖြစ်ပြီး လေလံဈေး အမြင့်ဆုံးရရှိသည့်နေ့မှာ ဖေဖေါ်ဝါရီ ၁ ရက် ဖြစ်ပြီး ကန်ဒေါ်လာ ၅၅၆၀ ထိရရှိခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း ငါးရှဉ့် ၁၂၇ တန်ကျော် တင်ပို့ရောင်းချ နိုင်ခဲ့ပြီး ဝင်ငွေတန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၆၂၆ သန်း ရရှိခဲ့ပါတယ်။ အေးအေးမြ
Background