Main menu

Background

အေးခဲအမဲသားနဲ့ ကျွဲနွားပစ္စည်းမျိုးစုံ တင်ပို့မှု တန် ၉၇၀ ကျော်ရှိ

Mon, 02/13/2012 - 06:10 -- Anonymous (not verified)

     မြန်မာ - တရုတ်နယ်စပ်ရှိ မူ ဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်မှ ကန် ဒေါ်လာ ၁ ဒသမ ၆၉၈ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၅၀၁ တန်ကျော်ကို ဖေဖေါ်ဝါရီလ ၁ ရက်မှ ၇ ရက်အတွင်း အပို့ရှိခဲ့ပါတယ်။ ချင်းရွှေဟော်မှ ၈၁ တန်နဲ့ မူဆယ်မှ တန် ၄၂၀ ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ချင်းရွှေဟော်မှ နွားဘေးထွက်ပစ္စည်း ၁၇ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်းဖိုးလည်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှ ကန်  ဒေါ်လာ သုည ဒသမ ၁၉၂ သန်း တန်ဖိုးရှိ ကျွဲနွားသားရေဆားစိမ် တန် ၃၀၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၆ သန်း တန်ဖိုးရှိ အချဉ်စိမ်သားရေ ၁၄ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၉၃ သန်းတန်ဖိုးရှိ အစာရေမျိုများ ၁၃၁ တန်ကျော်၊ နွားသိုချောင်း၊ နွား အမြီး၊ နွားချိုနဲ့ အရိုးများလည်း ၁၀ တန် ကျော် ယခုအပတ်မှ အပို့ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။MIRT (DOBT)