Main menu

Background

ဝက်မွေးမြူရေးပြန်ကောင်းမွန်လာတာကြောင့် ၂၀၁၂ ခုနှစ်မှာ တောင်ကိုရီးယားက ပြောင်းတင်သွင်းမှု ပြန်တက်လာမယ်

Mon, 02/13/2012 - 06:11 -- Anonymous (not verified)

           ကမ္ဘာ့ပြောင်း တတိယအများဆုံးဝယ်ယူတဲ့ တောင်ကိုရီးယား မွေးမြူရေး ကဏ္ဍမှာ အဆိုးဝါးဆုံး ဖြစ်ပွားခဲ့တဲ့ ခွာနာလျှာနာရောဂါဖြစ်ခြင်းမှ ပြန်လည်ကောင်း မွန်လာပြီဖြစ်လို့ ယခုနှစ် ပြောင်းတင်သွင်းမှု ပြန်တက်လာနိုင်တယ်လို့ တိရစ္ဆာန် အစာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှ ပြောကြားပါတယ်။ ယခင်နှစ်က ပြောင်းတန်ချိန် ၅ ဒသမ ၇၂ သန်း တင်သွင်းခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၆ သန်းအထိ များနိုင်တယ် လို့ နိုင်ငံမှာ ပြောင်းဝယ်ယူမှုအများဆုံး ကိုရီးယားတိရစ္ဆာန်အစာအသင်းမှ ဝယ်ယူ ရေးဒါရိုက်တာ Kim  Chi  Young    က ပြောကြားပါတယ်။ ဂျုံတင်သွင်းမှုလည်း မနှစ်ကထက် ၈ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တန်ချိန် ၂ ဒသမ ၅ သန်း တင်သွင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။အာရှရဲ့ ဒုတိယအကြီးဆုံး သီးနှံဝယ်ယူသူရဲ့ ဝယ်လိုအားကြီးမားတာကြောင့် ယခင်နှစ်က ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ ပြောင်းဈေးနှုန်းနဲ့ ဂျုံဈေးနှုန်းတို့ကို အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။ ပြည်တွင်း မွေးမြူမှုဟာ ၂၀၁၁ ခုနှစ် ကုန်မှာ ၈ ဒသမ ၁၇ သန်းရှိရာမှ ၂၀၁၂ ခုနှစ်မှာ ၉ သန်းအထိ တိုးတက်နိုင် တယ်လို့ ကိုရီးယားကျေးလက်ဒေသ စီးပွားရေးတက္ကသိုလ်ရဲ့ဝက်ဘ်ဆိုဒ်မှာ ခန့်မှန်း ထားပါတယ်။စားသုံးသူတွေရဲ့ ဝယ်လိုအား တိုးတက်ဖွယ်ရှိခြင်းကလည်း ပြောင်းဈေးနှုန်း ကိုမြင့်တက်စေတယ်လို့ ကုန်သည် Kim  Chi  Young    ကလည်း ဆိုပါတယ်။ ပြောင်းဈေးကွက်မှာ အရောင်းနည်းခြင်းက ဈေးနှုန်းမြင့်တက်ဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။အမေရိကန် စိုက်ပျိုးရေးဌာနက ကမ္ဘာ့ပြောင်းထုတ်လုပ်မှုကို ယခုနှစ်မတိုင်မီ က လျော့ကျမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ချီကာကိုမှာ မတ်လပို့ရမယ့် ပြောင်းကြိုပွိုင့် ဈေးဟာ ၀ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်ဘူရှယ်ကို ၆ ဒသမ ၄၄၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၅၇ ဒသမ ၈)ဈေးဖြစ်ခဲ့ပါတယ်။ မွေးမြူရေး ပြန်လည် ကောင်းမွန်လာတာကြောင့် ယခုနှစ် တိရစ္ဆာန်အစာ ထုတ်လုပ်မှု မြင့်တက်ဖွယ်ရှိပါ တယ်။ ဒါပေမယ့် အလျင်စလို တင်သွင်းဖို့တော့ မလိုပါဘူးလို့ ဆိုပါတယ်။၂၀၁၁ ခုနှစ်၊ ဧပြီလမှ နိုဝင်ဘာလနှောင်းပိုင်းအထိ တိရစ္ဆာန်ရောဂါဖြစ်ပွား ခဲ့လို့ စုစုပေါင်းမွေးမြူထားတဲ့ ပမာဏရဲ့ ၃၄ ရာခိုင်နှုန်းဖြစ်တဲ့ ဝက် ၃ ဒသမ ၃၂ သန်းနဲ့ စုစုပေါင်းရဲ့ ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တဲ့ ကျွဲ ၁၅၁၀၀၀ လည်းသေဆုံး ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ မွေးမြူရေးအစာထုတ်လုပ်မှုက ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းခန့် ကျဆင်းနေဆဲဖြစ်ပေမယ့် မွေးမြူရေးပြန်ကောင်းတာ မြန်ဆန်တာ ကြောင့် ယခုနှစ်အတွင်း ၅ ရာခိုင်နှုန်းခန့် ထုတ်လုပ်မှုတက်နိုင်တယ်လို့ ဆိုပါတယ်။ယမင်းခင်Source: bloomberg