Main menu

Background

ဆူမီတိုမိုမှ စင်ကာပူတွင် ရော်ဘာတုစက်ရုံဆောက်လုပ်နေ

Mon, 02/13/2012 - 06:17 -- Anonymous (not verified)

    ဂျပန်ဆူမီတိုမိုဓာတုပစ္စည်းကုမ္ပဏီက ကမ္ဘာတစ်ဝန်းလုံးကို ဖြန့်ချိဖို့အတွက် ရော်ဘာတုစက်ရုံတစ်ခုကို စင်ကာပူနိုင်ငံမှာ တည်ဆောက်နေကြောင်းသိရပါတယ်။ ဒီစီမံကိန်းက မော်တော်ကားကဏ္ဍတွေကနေ ဝယ်လိုအားတက်လာတာကြောင့် ပတ်ဝန်း ကျင် ညစ်ညမ်းမှု လျော့နည်းစေမယ့် ကနဦးလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ဒီစက်ရုံက ဂျပန်နိုင်ငံရဲ့ပြည်ပမှာ ပထမဆုံးတည်ဆောက်တဲ့ ဒေါ်လာသန်း ၁၄၀ တန် ဆူမီတိုမိုရဲ့ စက်ရုံဖြစ်ပါတယ်။ စင်ကာပူက ကမ္ဘာ့ရော်ဘာတုအတွက် အကြီးဆုံးထုတ်လုပ်ရေးတစ်ခု ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီစက်ရုံက ၂၀၁၃ မှာပြီးစီးပြီး နှစ်စဉ်ထုတ်လုပ်မှုတန်ချိန် ၄ သောင်းခန့် ထုတ်လုပ်မယ်လို့လဲ သိရပါတယ်။ ဂျပန်နိုင်ငံရဲ့ပြင်ပမှာဆောက်လုပ်တဲ့ ပထမဆုံးရော်ဘာတုစက်ရုံဖြစ်တာကြောင့် မိမိတို့ရဲ့ရေနံဓာတု စီးပွားရေး အတွက် ဒီစက်ရုံက အရေးကြီးတဲ့ပထမခြေလှမ်းဖြစ်တယ်လို့ ဆူမီတိုမိုရဲ့ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ ဒီစက်ရုံသစ်ကနေ အာရှ၊ ဥရောပနဲ့ အမေရိကအတွက် တာယာထုတ်လုပ်ဖို့ ဝန်ဆောင်မှုပေးမှာဖြစ်ကြောင်း သိရပါတယ်။ ရေနံစိမ်း ဈေးမြင့်တက် ခြင်းနဲ့ ရာသီဥတုပြောင်းလဲခြင်းကရော်ဘာတုတာယာဝယ်လိုအား တိုးပွားစေကြောင်း သိရပါတယ်။ ဒါ့အပြင် Asahi? Lanxess နဲ့ Zeon   တို့ကလည်း အခြားရော်ဘာတု ရင်းနှီးမြှုပ်နှံမှုများကို စင်ကာပူမှာ ဆောင်ရွက်နေကြောင်း သိရပါတယ်။ ယခု လက်ရှိမှာ စင်ကာပူမှာ ဆူမီတိုမိုရဲ့ ဆောင်ရွက်ချက်က ထုတ်လုပ်မှုသာမက စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်လှုပ်ရှားမှု လည်းဖြစ်ကြောင်း စင်ကာပူကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးက ပြောကြားပါတယ်။ စင်ကာပူဒေါ်လာ ၃ ဘီလီယံကျော် ရင်းနှီး မြှုပ်နှံမှုကစင်ကာပူမှာဂျပန်ရဲ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်းသိရပါတယ်။ တကယ်လို့ ရော်ဘာတုကသာ သဘာ၀ ရော်ဘာ နေရာမှာ တိုက်ရိုက်အစားမထိုးနိုင်ခဲ့ဘူးဆိုရင် ယခုနှစ်တိုကျိုမှာ သဘာဝရော်ဘာဈေးနှုန်း ၂၀ ရာခိုင်နှုန်းထက်မနည်း မြင့်တက်ပြီး ထုတ်လုပ်သူတွေကလည်း ရော်ဘာတုကို ရရှိဖို့ကြိုးစားရမှာဖြစ်ကြောင်း သိရပါတယ်။      Source: CNA,K.Z.W