ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာဈေးကွက်အခြေအနေက ဈေးနှုန်းကျဆင်းနေရာမှ တစ်ကျော့ပြန်ကာ ပြန်လည်မြင့် တက်လာရာ ရော်ဘာအဓိကတင်သွင်းသူဖြစ်နေသေးတဲ့ အိန္ဒိယကလည်း တင်ပို့မှုကို မြှင့်တင်ဖွယ် ရှိကြောင်းနဲ့ ရက်သတ္တပတ် အတော်ကြာကမ္ဘာ့လုံးဆိုင်ရာရော်ဘာဈေးနှုန်းကပြည်တွင်းဈေးနှုန်းထက်မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းရရှိပါ တယ်။ အိန္ဒိယပြည်တွင်းဈေးကွက်မှာ RSS-4 ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ရူပီး ၁၉၀ ရှိချိန်မှာ ဘန်ကောက်မှာ တစ်ကီလိုဂရမ်ကို ရူပီး ၂၀၂ လက်ငင်းဈေးရှိတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်များစွာကတော့ ပြည်တွင်းဈေးနှုန်းက အပြည် ပြည်ဆိုင်ရာဈေးနှုန်းထက်မြင့်တက်နေခဲ့တယ်။ဒါကြောင့် ယခုအပြည်ပြည်ဆိုင်ရာဈေးနှုန်းမြင့်တက်နေခြင်းက အိန္ဒိယအတွက် ပို့ကုန်ကို မြှင့်တင်ဖို့ အစပျိုးပေးလိုက်တယ်။ ကာလရှည်ကြာပြည်တွင်းဈေးနှုန်းတွေနိမ့်နေပါက အိန္ဒိယက အချို့တင်သွင်းတဲ့ နိုင်ငံတွေအတွက် ဆွဲဆောင်မှုရှိတဲ့ အလယ်ဗဟို ဖြစ်လာနိုင်ကြောင်း စူးစမ်းလေ့လာသူတွေက သုံးသပ်ထားတယ်။ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ရော်ဘာ စိုက်ပျိုးသူတွေ အတွက် အာမခံကာ ဈေးကွက်ပေါက်ဈေးထက်ပိုပေးကာ ဝယ်ယူတဲ့အစီအစဉ် ကလည်း အပြည်ပြည်ဆိုင်ရာ ရော်ဘာဈေးနှုန်း တွေ မြင့်တက်စေဖို့ အစပျိုးပေးလိုက်တယ်။ ဇန်နဝါရီလက ထိုင်းအစိုးရက ရော်ဘာဈေးနှုန်းတွေကျဆင်းခြင်းကို ထိန်းထားနိုင်ဖို့အတွက် ရော်ဘာတန်ချိန် (၂၀၀ç၀၀၀) ကိုဝယ်ယူသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ အစိုးရက ရော်ဘာဈေးနှုန်းမြှင့်တင်နိုင်ဖို့ ဈေးကွက်မှာ ကြားဝင် ဖု့ိအတွက် ကန်ဒေါ်လာ ၅၃၅ သန်းကို သုံးစွဲဖို့ ရည်မှန်းထားတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့က အစိုးရအဖွဲ့က ရော်ဘာသမဝါယမတွေနဲ့ ရော်ဘာ ခြံအဖွဲ့အစည်းတွေအတွက် ဈေးကွက်မှာ ကြားဝင်ပေးနိုင်ဖို့အတွက် ဘတ်ငွေ (၁၅) ဘီလီယံ ကိုခွင့်ပြုပေးခဲ့တယ်။ ၎င်းငွေကို RSS-3 ရော်ဘာကို ဝယ်ယူဖို့အတွက်ဖြစ်ပြီး ရော်ဘာတန်ချိန် (၂၀၀,၀၀၀) သိုလှောင်ထားပြီးပါ က ရော်ဘာ တစ်ကီလိုဂရမ်ကို ဘတ် ၁၂၀ ကိုဈေးတက်ဖို့ ရည်မှန်းထားကြောင်း သိရှိရတယ်။ ဒါကြောင့် ရော်ဘာဈေးနှုန်းတွေက ရက် သတ္တပတ် ၁၂ ပတ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်။ ၎င်းအချက်ကကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းသိသိသာသာမြင့် တက် ခြင်း နောက်ကွယ်ရှိ အဓိကအချက်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင် တွေကသုံးသပ်လိုက်တယ်။ အစောပိုင်းကရော်ဘာဈေးနှုန်းတွေ ကျဆင်းသွားရခြင်းမှာ တရုတ်ရဲ့ စီးပွားရေးတိုးတက်နှုန်း နှေးကွေးမှုကြောင့် တရုတ်ရဲ့ ဝယ်လိုအားနှေးကွေးသွားမယ်ဆိုတဲ့ ခန့်မှန်းချက်ကြောင့် ဖြစ်ကြောင်း Cochin Rubber Merchants Association ရော်ဘာကုန်သွယ်မှုအသင်း ဥက္ကဌဟောင်း N Radhakrishnan အရသိရှိရတယ်။ ဒါပေမဲ့ တရုတ်ရဲ့ စားသုံးမှုက မြင့်တက်နိုင် ဖွယ်ရှိကြောင်းနဲ့ ရော်ဘာဈေးကွက်က အလျှံပယ်ရှိမှာ မဟုတ်ကြောင်း နောက်ဆုံးထုတ်ပြန်ချက်တွေအရ သိရှိရတယ်။ ၎င်း ကလည်း ရော်ဘာဈေးနှုန်းမြင့်တက်စေဖို့ ထောက်ပံ့ပေးခဲ့တယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း သဘာဝရော်ဘာထုတ်လုပ်တဲ့ နိုင်ငံများအသင်းက ရော်ဘာထုတ်လုပ်မှု တိုးတက်နှုန်း သုည ဒသမ ၃ ရာခိုင်နှုန်း သာရှိနိုင်ကြောင်း ခန့်မှန်းလိုက်တယ်။ ၎င်းအကြောင်းအချက်တွေက ကမ္ဘာ့ ရော်ဘာ ဈေးကွက်မှာ လွှမ်းမိုးနေဦးမှာဖြစ်ပြီး ယခုလေးလပတ်မှာ ဈေးနှုန်းမြင့်တက်နေဦးမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။အေးမွန်မွန်လှိုင်၊Source: www.business-standard.com
Background