Main menu

Background

မိုးဗြဲ ဘုရားပွဲဈေးတွင် အိမ်ဆောက်ပစ္စည်းများနဲ့ ဒန်အိုးများအရောင်းသွက်

Mon, 02/13/2012 - 06:27 -- Anonymous (not verified)

                   နှစ်စဉ် တပို့တွဲလဆန်း ၁၂ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ခုနစ်ရက် ကျင်းပတဲ့ မိုးဗြဲမွေတော်ဓာတ်စစ်စေတီ တော်ဘုရားပွဲကို  ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်   တောင်ပိုင်းတစ်ခွင်မှ ဘုရားဖူးဧည့်သည်များ၊  ဈေးရောင်းသူ များလာရောက်ကြပြီး၊ ဘုရားပွဲမှအပြန် မှာလိုအပ်တဲ့ အိမ်သုံးပစ္စည်းမျိုးစုံနဲ့ အိမ် ဆောက်ပစ္စည်းအမျိုးမျိုးတို့ကို ပုံအော ဝယ်ယူလေ့ရှိကြောင်းသိရပါတယ်။ မိုးဗြဲ ဘုရားပွဲ ကျင်းပချိန်ကလည်း တောင်သူ များ  သီးနှံရိတ်သိမ်းပြီး ဝင်ငွေရွှင်တဲ့ အချိန်လည်း တိုက်ဆိုင်နေတာကြောင့် လာရောက်ရောင်းချတဲ့ ဈေးသည်တွေ ကလည်း ဘုရားပွဲကို အားကိုးရောင်းချ နေရပြီး အိမ်ဆောက်ပစ္စည်း၊ သွပ်တွေ၊ သံတွေနဲ့ ဒန်အိုးဒန်ခွက်တွေ အရောင်း သွက်ကြောင်း  အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေက ဒီဘုရားပွဲမှာပဲ လိုအပ် တဲ့ပစ္စည်းမျိုးစုံကို  တစ်နှစ်စာအကုန် ဝယ်ကြတာကြောင့်  ဒန်အိုးဒန်ခွက်နဲ့ အိမ်ဆောက်ပစ္စည်း သိန်းရာနဲ့ချီပြီး၊ ရောင်းရကြောင်း  ဘုရားပွဲမှ  အိမ် ဆောက်ပစ္စည်းနဲ့ ဒန်အိုးဒန်ခွက်ရောင်း ချသူတစ်ဦးက ဆိုပါတယ်။မင်းအောင်