Main menu

Background

ကယား ဆောင်းအာလူး ဧက ၁၁၀၀ စိုက်ပျိုးပြီးစီး

Mon, 02/13/2012 - 06:28 -- Anonymous (not verified)

                       ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်မှာ ဆောင်းအာလူး ဧက ၁၁၀၀ ကို စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ မြို့နယ်အလိုက် စိုက်ပျိုးမှုမှာ လွိုင်ကော်မြို့နယ်မှာ ၃၁၀ ဧကနဲ့ ဒီမော့ဆိုမြို့နယ်မှာ ၇၉၀ဧကတို့ဖြစ်ပြီး၊ ဆောင်းအာလူးကို ဒီဇင်ဘာနဲ့ ဇန်န ဝါရီလများမှာ စိုက်ပျိုးပြီး၊ မတ်လနဲ့ ဧပြီလများမှာ ထွက်ရှိမှာဖြစ်ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်မှာ မိုးနှောင်း အာလူးစိုက်ဧကမှာ ၅၀၁ ဧကရှိခဲ့တာကြောင့် ဆောင်းအာလူးစိုက်ပျိုးမှုမှာ မိုးအာလူးထက် နှစ်ဆကျော် တိုးတက်စိုက်ပျိုးလာ ကြောင်း သိရပါတယ်။                                                                             မင်းအောင်