ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်းမှာ တာချီလိတ်နယ်စပ်နဲ့ ချင်းရွှေဟော်နယ်စပ်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၁၁၇ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၁၄၆၃ တန် အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၁၁၀၀ ဝန်း ကျင် တင်သွင်းမှုပိုမိုတာ တွေ့ရပါတယ်။ ယခင်အပတ်က ကန်ပိုက်တီး၊ ကော့သောင်းနဲ့ မောင်တောနယ် စပ်များမှ ၃၆၃ တန် အသွင်းရှိခဲ့ပြီး ယခုအပတ်မှာတော့ ချင်းရွှေဟော်နဲ့ တာချီလိတ်နယ်စပ်ပေါက်နှစ်ပေါက်မှ အသွင်းရှိသော်လည်း တာချီလိတ် နယ်စပ်တစ်ခုတည်းရဲ့ အသွင်းက တန် ၁၂၄၀ ခန့်ရှိတာမို့ တင်သွင်းမှုသိသိသာ သာပိုမိုတာဖြစ်ပါတယ်။ တာချီလိတ်မှ တင်သွင်းတဲ့ ဘိလပ်မြေတံဆိပ်တွေက ငှက်တံဆိပ်နဲ့ Insee Red တံဆိပ်များ ဖြစ်ကြပါတယ်။MIRT(DOBT)
Background