Main menu

Background

ဆမ်ဆောင်းက တန်ဖိုးနည်း တီဗွီတွေ ထုတ်လုပ်မည်

Mon, 02/13/2012 - 06:32 -- Anonymous (not verified)

    ကမ္ဘာ့ တီဗွီ ထုတ်လုပ်ရေးလုပ်ငန်း မှာ အကြီးဆုံးဖြစ်တဲ့ ဆမ်ဆောင်း အီလက်ထရွန်နစ်က ယခုနှစ် ယခုအချိန် ထိ တီဗွီ အရောင်းလုပ်ငန်းက ခိုင်မာ နေပြီး တန်ဖိုးနည်းတီဗွီ မိုဒယ်တွေရဲ့ ဝယ် လိုအားမြင့်တက်နေတဲ့အတွက်  ပိုမို ဈေးသက်သာတဲ့ တီဗွီထုတ်လုပ်ဖို့ စီစဉ်နေကြောင်း တီဗွီ လုပ်ငန်းခွဲ ခေါင်းဆောင်က ဖေဖော်ဝါရီ ၈ ရက်က ပြောပါတယ်။    အီးမတ်ကုမ္ပဏီလို တောင်ကို ရီးယား လက်လီရောင်းချရေး လုပ်ငန်း ကြီးတွေက တစ်ဆင့် ၄၀ ရာခိုင်နှုန်း လောက်ဈေးသက်သာတဲ့ ဖလက်တီဗွီ တွေကို စတင်မိတ်ဆက်ခဲ့တဲ့အတွက် မကြာသေးမီလများအတွင်းက တန်ဖိုး နည်းတီဗွီတွေရဲ့ ဝယ်လိုအားက မြင့် တက်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်က တိုး တက်မှုမရှိခဲ့ဘဲဖြစ်ပြီးနောက် ယခုနှစ် တွင် စီးပွားတိုးတက်မှု နှေးကွေးမည့် အလားအလာတွေကိုတွေ့ရချိန်မှာ ဆမ်ဆောင်းကအဆင့်မြင့်တီဗွီတွေကိုပါ ဖေဖော်ဝါရီ ၈ ရက်က စတင်ဖြန့်ချိပြီး ဆမ်ဆောင်းကအကျိုးအမြတ်ရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။    ES 8000  မိုဒယ်မှာ အသံ၊ လှုပ် ရှားမှုနဲ့ မျက်နှာကိုဖတ်နိုင်တဲ့ ဖန်ရှင် တွေပါဝင်ပြီး သရီဒီးနဲ့ အင်တာနက် ကိုလည်းရရှိအောင် ချိတ်ဆက်နိုင်ပါ တယ်။ ဒီမိုဒယ်ကို ၄၆ လက်မနှင့် ၆၅ လက်မအဖြစ်ရရှိနိုင်ပြီး တောင်ကို ရီးယားမှာ ယခုသီးတင်းပတ်နဲ့ ကမ္ဘာကို မတ်လမှာစတင်ဖြန့်ချိပါမယ်။    ၂၀၁၂ ခုနှစ် ယခုအချိန်ထိ ဆမ်ဆောင်းရဲ့ တီဗွီရောင်းအားက ၂၀၁၀နဲ့နှိုင်းယှဉ်ရင် ပိုမိုတိုးတက်လာပြီး တရုတ်နိုင်ငံရဲ့ဝယ်လိုအားက ခိုင်မာ နေဆဲဖြစ်ကြောင်း ဆမ်ဆောင်း တီဗွီ ဌာနခွဲမှ ဒုတိယဥက္ကဌ ကင်ဟွန်ဆပ်က ပြောပါတယ်။Source: economicitimes. indiatimes.com