Main menu

Background

ဗီယက်နမ်က တောင်ကိုရီးယားသို့ ချည်ထည် တိုးမြှင့်တင်ပို့

Mon, 02/13/2012 - 06:32 -- Anonymous (not verified)

     ယခုနှစ်အတွင်းမှာ ဗီယက်နမ်ကတောင်ကိုရီးယားကို ချည်မျှင်နဲ့ အဝတ် အထည်တင်ပို့မှုက ဒေါ်လာ တစ်ဘီလီယံကို ကျော်လွန်တဲ့အတွက် အမေရိ ကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ ဂျပန်တို့ပြီးရင် တောင်ကိုရီးယား က စတုတ္ထ နေရာမှာရှိနေပါတယ်။    တောင်ကိုရီးယားကို တင်ပို့တဲ့ချည်မျှင်နဲ့ အဝတ်အထည်က ဒေါ်လာ ၉၀၄ သန်းအထိစံချိန်တင်ရောက် ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်ကထက် ၁၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဗီယက်နမ်အကောက်ခွန်ဌာနက ပြောပါတယ်။ ပို့ကုန်မြင့်တက်လာသကဲ့သို့ ချည်မျှင်နဲ့ အဝတ်အထည်ကဏ္ဍက တောင်ကိုရီး ယား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ဗီယက်နမ်ချည်မျှင်နဲ့ အဝတ်အထည်အသင်းက ပြောပါတယ်။    ဗီယက်နမ်ရှိဒီကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ကိုရီးယားလုပ်ငန်း ၄၅၀ ရှိပြီးရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁ ဒသမ ၈ သန်းရှိပါတယ်။ ဒါကြောင့် ချည် မျှင်နဲ့ အဝတ်အထည်ထုတ်ကုန်တွေ ပြည်ပတင်ပို့မှုမြင့်တက်လာ အောင် အထောက်အကူဖြစ်စေခဲ့ပါတယ်။ ကိုရီးယားဈေးကွက်ကို တိုးချဲ့တင်ပို့နိုင်တဲ့ အလားအလာတွေအများကြီးရှိသေးတယ်လို့ Viet Tien Garment Corporation  ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဖန်ဗန်ကီယက်က ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံက လူငယ်တွေရဲ့ ဝယ်လိုအားက အမျိုးမျိုးကွဲပြား နေ ကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ချည်မျှင်နဲ့အဝတ်အထည်ကဏ္ဍရဲ့ ဖွဲ့စည်းပုံ က ပြောင်းသွားပြီး အဆင့်မြင့်ကုန်ပစ္စည်းတွေသုံးလာကြောင်း သူကပြောပါ တယ်။ ပြည်တွင်းချည်မျှင်နဲ့ အဝတ်အထည်ထုတ်လုပ်သူတွေက လာမဲ့နှစ်မှာ ပြည်ပ ဈေးကွက်ပို့ကုန်တွေကို တိုးမြှင့်နိုင်ဖို့အတွက် တိုးမြှင့်သင့်ကြောင်း သူက ပြောပါတယ်။    ကိုရီးယားအာဆီယံ လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ်ကြောင့် နှစ်နိုင်ငံကုန်သွယ်မှုကိုထူးထူးခြားခြားတိုးတက်စေခဲ့တယ်လို့ ဗီယက်နမ် အမျိုး သား ချည်မျှင်နဲ့ အဝတ်အထည်အဖွဲ့ ( Vinetex ) က ပြောပါတယ်။  FTA   ကို ပိုမိုထိထိရောက်ရောက်အသုံးချဖို့လည်း အဖွဲ့ကတိုက်တွန်းထားပါတယ်။    ဗီယက်နမ်နဲ့ တောင်ကိုရီးယားတို့ကမကြာမီနှစ်နိုင်ငံအပြန်အလှန် လွတ် လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။Source: VNS