Main menu

Background

ပြန်ပြည့်မြဲ စွမ်းအင်အတွက် ရင်းနှီး မြှုပ်နှံသူတွေက အာရှ မျက်စိကျ

Mon, 02/13/2012 - 06:34 -- Anonymous (not verified)

            ဥရောပနဲ့ အမေရိကန်ပြည် ထောင်စုမှာ သန့်ရှင်းတဲ့စွမ်းအင် ဖော် ထုတ်ရေး အလားအလာ မှေးမှိန်နေချိန် မှာ အာရှဒေသတွင်းရှိ အစိုးရတွေက ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှု တွေပေးနေတဲ့အတွက် ကမ္ဘာ ပြန်ပြည့် မြဲ စွမ်းအင်ရင်းနှီးမြှုပ်နှံသူတွေက အရှေ့တောင်အာရှနဲ့ တောင်အာရှ ဘက်ကို စိတ်ဝင်စားလာကြပါတယ်။    ပြန်ပြည့်မြဲစွမ်းအင် ရင်းနှီးမြှုပ်နှံ သူတွေအတွက် အာရှဒေသမှာ တရုတ်နဲ့ အိန္ဒိယက အဓိက ကဦးတည် ရာ အရပ်တွေဖြစ်နေပါသေးတယ်။ ဒါပေမဲ့ ထိုင်း၊ ပါကစ္စတန်၊ မလေးရှားနဲ့ ဗီယက်နမ်စတဲ့ အာရှနိုင်ငံငယ်ကလေး တွေမှာလည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင် စားစရာတွေဖြစ်လာနေပါတယ်။    အထူးသဖြင့် အမေရိကန် ပြည် ထောင်စုနဲ့ ဥရောပလိုဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာ ထောက်ပံ့မှုတွေ ရုပ်သိမ်းနေ ချိန်မှာအရှေ့တောင်အာရှနဲ့ တောင် အာရှအစိုးရတွေက ပြန်ပြည့်မြဲ စွမ်း အင်အတွက် ရည်မှန်းချက်များ အသစ် ချမှတ်ခြင်း၊ ထောက်ပံ့ငွေများ ပိုမို ပေးအပ်ခြင်းနှင့် အခွန်သက်သာ ခွင့် များပေးလျက် ရှိပါတယ်။    "စောစောပိုင်းတုန်းက စိတ် ဝင် စားမှုမရှိခဲ့တဲ့  ကုမ္ပဏီတွေအပါအဝင် အရေအတွက်  တော်တော်များများ ကပင်လျှင် ထိုင်းနိုင်ငံမလေးရှား ဈေး ကွက်ထဲကို ဝင်လာပြီးသန့်ရှင်းတဲ့ စွမ်း အင်အတွက်   ရင်းနှီးမြှုပ်နှံမှု  အခွင့် အလမ်းတွေကို ရှာဖွေနေကြပါပြီ" လို့ စင်ကာပူအခြေစိုက်  Asia Green Capital    က ပြောပါတယ်။    ကြီးကြပ်ထိန်းသိမ်းမှုဆိုင်ရာ မရေရာမှုတွေနဲ့ အခြေခံ အဆောက် အအုံအဆင့် အတန်းနိမ့်ကျမှုစတာတွေ အပါအဝင်အရှေ့တောင်အာရှနဲ့တောင် အာရှဒေသမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ် သက်တဲ့  စိန်ခေါ်မှုတွေ ရှိနေပေမဲ့ အချို့နိုင်ငံတွေမှာရှိတဲ့   ပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်းတွေက အမေရိကန်၊ ဥရောပနဲ့ အပြည်ပြည်ဆိုင်ရာရန်ပုံငွေ အဖွဲ့တွေက   ရင်းနှီးမြှုပ်နှံမှုအလား အလာတွေကို ဆွဲဆောင်နေပါတယ်လို့ ပြောပါတယ်။Source: economicitimes. indiatimes.com