Main menu

Background

ယခုနှစ်မှာ တရုတ်နိုင်ငံက ဥရောပ သမဂ္ဂရဲ့ အကြီးမားဆုံး ဈေးကွက်ဖြစ်နိုင်

Mon, 02/13/2012 - 06:36 -- Anonymous (not verified)

    တရုတ်နိုင်ငံက ပြည်တွင်းဝယ်လိုအားကို တိုးမြှင့်နေတဲ့ အတွက် တရုတ်နိုင်ငံကအမေရိကန်ပြည်ထောင်စုကို ကျော် လွန်ပြီး ဥရောပရဲ့အကြီးမားဆုံးဈေးကွက်တစ်ခု ဖြစ်လာ နိုင်တယ်လို့ ဖေဖော်ဝါရီ ၆ ရက်က တရုတ်နိုင်ငံ ဆိုင်ရာ ဥရောပ သံအမတ် မာကုအက်ဒါရာ ကပြောပါတယ်။ တရုတ် နိုင်ငံက အကျပ်အတည်းဒဏ်ခံနေရတဲ့ ယူရိုဇုန်ကို ကူညီတဲ့ အနေနဲ့ ဥရောပကကယ်တင်မှုရန်ပုံငွေအဖွဲ့မှာ ငွေကြေးထည့် ဝင်ဖို့ စဉ်းစားနေတယ်။ တည်ငြိမ်တဲ့ ဥရောပတည်ငြိမ်ဖို့ အရေးက တရုတ်နိုင်ငံအတွက် အရေးပါတယ်ဆိုတဲ့ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားပြီး နောက်ပိုင်း သံအမတ်ကြီးရဲ့ ဝေဖန်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။    ဥရောပသမဂ္ဂက တရုတ်ကုန်ပစ္စည်းတွေအတွက် အကြီး မားဆုံးဈေးကွက်အဖြစ် ကာလရှည်ကြာစွာ တည်ရှိခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုက တစ်နှစ်ထက် တစ်နှစ် ကြီးထွားနေပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒေါ်လာ ၅၆၇ ဘီလီယံ ဖိုး အထိရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂကိုပို့တဲ့ တရုတ် ပို့ကုန်တွေက ၂၀၁၀ ပြည့်နှစ်က ထက် ၂၀၁၁ ခုနှစ်မှာ ၁၄ ဒသမ ၅ ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့ပြီး ဥရောပ ကုန်ပစ္စည်းတွေကို အာရှကတင်သွင်းမှုက ၂၀၁၁ ခုနှစ်မှာ ၂၅ ဒသမ ၆ ရာခိုင်နှုန်းထိမြင့်တက်ခဲ့တယ်လို့ တရုတ် နိုင်ငံက ထုတ်ပြန်တဲ့ တရားဝင်စာရင်းတွေ အရသိရပါတယ်။    တရုတ်နိုင်ငံက ပို့ကုန်အပေါ်မှီခိုနေရတာကိုလျှော့ချဖို့ တိုးတက်ကြိုးပမ်းလာတဲ့အပြင် ပြည်တွင်းဝယ်လို အားကိုပိုမို အာရုံစိုက်လာပါတယ်။ တရုတ်ရဲ့ စီးပွားရေးက ၂၀၁၁ ခုနှစ်ကတိုးတက်နှုန်း ၉ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်ကတိုးတက်နှုန်းဖြစ်တဲ့ ၁၀ ဒသမ ၄ ရာခိုင်နှုန်း အောက် ကျဆင်းခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးက ပို့ကုန် အားထားရတဲ့ စီးပွားရေးအဖြစ်တည်ရှိနေဆဲဖြစ်ပြီး ဥရောပ ကြွေးမြီအကျပ်အတည်း ပိုမိုနက်ရှိုင်း လာတာနဲ့ တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှ ဆက်စပ်နေတာကိုဂရုစိုက်ပြီး စောင့်ကြည့် နေပါတယ်။Source: AFP