Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Mon, 02/13/2012 - 06:36 -- Anonymous (not verified)

အေသင်    ကယ်တင်ငွေရရှိရန် အာမခံ ချက် ပေးနိုင်ပြီး ကြွေးမြီပေးဆပ်ရန် ပျက်ကွက်မှုရှောင်ရှားစေနိုင်မဲ့ ပြုပြင်ပြောင်း လဲရေးနဲ့ ခြိုးခြံချွေတာ ရေးအစီအမံတွေကိုဂရိခေါင်းဆောင် များက ကာလရှည်ကြာစွာ ညှိနှိုင်း ပြီးမှ ဖေဖော်ဝါရီ ၉ ရက်က သဘော တူညီမှုရခဲ့တယ်လို့ အစိုးရက ပြော ပါတယ်။ ပထမက အရေးကြီး ကိစ္စ ဖြစ်တဲ့ ပင်စင်ကိစ္စမပြီးပြတ်ဘဲရှိနေ ရာမှ အားလုံးကို သဘောတူညီမှု ရ သွားပြီး အစိုးရ သတင်းရပ်ကွက်က ပြောပါတယ်။ Source:economictimes.    indiatime.comပေကျင်း    တရုတ်   နှစ်သစ်ကူးရက်များ ပြီးနောက်  တရုတ်နိုင်ငံရဲ့  လူစီး ကားအရောင်းက  ခုနစ်နှစ်အတွင်း အနိမ့်ဆုံးကျခဲ့ပါတယ်။ လူစီးကား တွေ ရဲ့ ဇန်နဝါရီ ရောင်းအားက ယခင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၄ ရာခိုင် နှုန်းကျဆင်းပြီး စီးရေ ၁ ဒသမ ၁၆ သန်းသာရှိခဲ့ တယ်လို့ တရုတ်မော် တော်ကားထုတ် လုပ်သူများအသင်း က ဖေဖော်ဝါရီ ၁၀ ရက်က ပြော ပါ တယ်။Source:economictimes.    indiatime.comမလေးရှား    မလေးရှားနိုင်ငံရဲ့ ကုန်သွယ် မှုက ၂၀၁၁ ခုနှစ်က ၈ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုနှစ်မှာ ငါး ရာခိုင်နှုန်းက ခြောက်ရာခိုင်နှုန်း ပဲရှိမယ်လို့ မျှော်မှန်းထားတဲ့အတွက် ယခုနှစ်မှာ တိုးတက်နှုန်း နှေးမယ်လို့ မလေးရှားအစိုးရက   ခန့်မှန်းထား ပါတယ်။ ဒီလိုကျဆင်းနေတဲ့ အခြေ အနေကို တရုတ်နိုင်ငံက မ တင်ပေး လိမ့်မယ်မျှော်မှန်းထားတဲ့အတွက် တောက်ပတဲ့ အလင်းကွက် ကလေး တစ်ခုကို တွေ့နေရပါသေးတယ်။Source: CNAစင်ကာပူ    မြန်မာနိုင်ငံက စီးပွားရေးကို လမ်း ဖွင့်ပေးတော့မဲ့ လက္ခဏာတွေ ကို ပြသလာပြီး နောက်ပိုင်း တည်ရှိ နေတဲ့ အခွင့်အလမ်းတွေကို လေ့ လာစူးစမ်းနိုင်ဖို့ စင်ကာပူနိုင်ငံက မြန် မာနိုင်ငံကို စီးပွား ရေးမစ်ရှင်တစ်ခု စေလွှတ်မယ်လို့   International Enterprise Singapore နဲ့ Singapore Business Federation  တို့က ပြောပါတယ်။    လေ့လာရေးအဖွဲ့မှာ စင်ကာပူ ကုမ္ပဏီ ၇၄ ခုမှ စီးပွားရေးလုပ်ငန်း အမှုဆောင် ၁၁၅ ဦးပါဝင်ပါမယ်လို့ ပြောပါတယ်။   Source:Japan