Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 02/13/2012 - 06:45 -- Anonymous (not verified)

    ဂရိနိုင်ငံအတွက် ငွေကြေးကယ် တင်မှု အစီအစဉ်ကို ဥရောပခေါင်း ဆောင်တွေက ပြန်လည်ရုပ်သိမ်းသွား ပြီးနောက်ပိုင်း ထွန်းသစ်စဈေးကွက်တွေ ရဲ့ အက်ဆက်တွေရဲ့ ဝယ်လိုအားကို ကျဆင်းစေခဲ့တဲ့အတွက် ယခုလအတွင်း ပထမသီတင်းပတ်အဖြစ် အာရှငွေ ကြေးများ တန်ဖိုးကျဆင်းခဲ့ပါတယ်။    ရူပီးက  ဦးဆောင်ပြီး ဖေဖော်ဝါရီ ၁၀ ရက်မှာ  ကုန်ဆုံးတဲ့   ဒီသီတင်း ပတ်မှာ အာရှဒေသရဲ့ ဒေါ်လာအညွှန်း ကိန်းက ကျဆင်းခဲ့တာကို တွေ့ရပါ တယ်။ ဂရိနိုင်ငံက သူရဲ့ခြိုးခြံချွေတာ ရေး အစီအစဉ်ကို ဥပဒေအဖြစ် ပထမ ဦးစွာပြဌာန်းပေးရပါမယ်။ နောက်ပိုင်းမှ သာ ယူရိုဘီလီယံ ၁၃၀ (ဒေါ်လာ ၁၇၃ ဘီလီယံ) ရှိ အကူအညီကို ဥရောပ ခေါင်းဆောင်တွေက ထပ်ဆင့်လက် မှတ်ထိုးမှာဖြစ်တယ်လို့ လူဇင်ဘတ်ဝန် ကြီးချုပ် ယွန်းကလောဂျန်ကာ က ဖေဖော်ဝါရီ ၉ ရက်က ပြောပါတယ်။    "ဂရိနိုင်ငံမှာ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို သဘောတူညီမှုရနိုင် ပ့ါမလားဆိုတဲ့ အတွေးနဲ့အတူ ဂရိ ပြဿနာကို အလွယ်တကူဖြေရှင်းနိုင် မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်စိတ်က ကြီး ထွားနေပါတယ်လို့ တိုကျိုရှိ ဂျပန်စီးပွား ရေးသုတေသနစင်တာမှ သုတေသီဟီဒဲ ကီဟာယာရှီက ပြောပါတယ်။တရုတ်ယွမ်    တရုတ်ယွမ်ငွေကြေးတန်ဖိုးက ဒေါ်လာနဲ့ဖလှယ်ရာ ဖေဖော်ဝါရီ ၁၀ ရက်က ထပ်မံမြင့်တက်ခဲ့တာကို တွေ့ရ ပါတယ်။ တရုတ်နိုင်ငံခြားငွေရောင်းဝယ် ရေးဌာနက စာရင်းများအရ ယွမ်ငွေ ကြေးတန်ဖိုးက ဖေဖော်ဝါရီ ၁၀ ရက်မှာ သုည ဒသမ ၇၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၂၉၃၇ ယွမ် နှုန်းရှိခဲ့ပါတယ်။ ဒေါ်လာနဲ့ဖလှယ်ရာ မှာ ယခင်က ဒေါ်လာတန်ဖိုးအမြင့်ဆုံး အချိန်မှာ ဇန်နဝါရီ ၄ ရက်ကဖြစ်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၃၀၀၁ ယွမ် နှုန်းဖြစ်ခဲ့ပါတယ်။    ယွမ်ငွေရဲ့တန်ဖိုးပြင်လွယ်ပြောင်း လွယ်ပိုမိုဖြစ်စေဖို့အတွက် ငွေကြေးယန္တ ရားကို ပြုပြင်ပြောင်းလဲတာကို ထပ်မံ ဆောင်ရွက်မယ်လို့ ၂၀၁၀ ပြည့်နှစ် ဇွန် ၁၉ ရက်မှာ ဗဟိုဘဏ်က ကြေညာပြီး တဲ့နောက် ယွမ်ငွေကြေးရဲ့ တန်ဖိုးက တစ်ဒေါ်လာကို ၆ ဒသမ ၃ ယွမ်ဝန်း ကျင်မှာသာ ရှိနေခဲ့ပါတယ်။ အဲဒီ ကာလအတွင်းမှာ ယွမ်တန်ဖိုးက ၇ ဒသမ ၈၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။အိန္ဒိယရူပီး    သွင်းကုန်လုပ်ငန်းရှင်များထံမှ ဒေါ်လာဝယ်လိုအားတိုးမြှင့်လာပြီး နောက်ပိုင်း ဘဏ်အချင်းချင်းနိုင်ငံခြား ငွေဈေးကွက်တွင် ရူပီးငွေ၏ တန်ဖိုး သည် ဖေဖော်ဝါရီ ၁၀ ရက်က သုည ဒသမ ၁၇ ရူပီး ကျဆင်းပြီး တစ် ဒေါ်လာကို ၄၉ ဒသမ ၆၇ ရူပီးနှုန်းဖြစ် ခဲ့သည်။ ယူရိုနဲ့ဖလှယ်ရာမှာ ဒေါ်လာ တန်ဖိုးမြင့်တက်လာသည့်အပြင် သွင်း ကုန်သမားများရဲ့ ဝယ်လိုအားမြင့်မားမှု က ရူပီးတန်ဖိုးကို ကျဆင်းစေခဲ့တယ်လို့ ဝယ်ရောင်းသမားတွေက ပြောပါတယ်။    ရူပီးတန်ဖိုးက ဒေါ်လာနဲ့ဖလှယ် ရာမှာ ဖေဖော်ဝါရီ ၉ ရက်က သုည ဒသမ ၃၅ ရူပီးမြင့်တက်ပြီး တစ် ဒေါ်လာကို ၄၉ ဒသမ ၅၀ ရူပီးနှုန်းဖြစ် ခဲ့ပါတယ်။ဂျပန်ယန်း    ဂရိနိုင်ငံက ချမှတ်ထားတဲ့ ခြိုးခြံ ချွေတာရေး   အစီအမံတွေကြောင့် ဥရောပက ကယ်တင်ငွေသစ်အမြောက် အမြားပေးလိမ့်မယ်၊ ဥရောပဗဟိုဘဏ် က အဓိကအတိုးနှုန်းတွေကို ထိန်းထား လိမ့်မယ်လို့ ခန့်မှန်းကြတဲ့အတွက် ယူရို ငွေကြေးတန်ဖိုးက ဖေဖော်ဝါရီ ၉ ရက် နေ့မှာ ပိုမိုမြင့်မားလာပါတယ်။ ဒေါ်လာ ယန်းဖလှယ်နှုန်းက ဖေဖော်ဝါရီ ၈ ရက် က တစ်ဒေါ်လာကို ၇၇ ဒသမ ၀၃ ယန်းနှုန်းရှိရာမှ ၇၇ ဒသမ ၆၈ ယန်းထိ ရှိခဲ့ပါတယ်။    ယူရိုတန်ဖိုးက ၁၀၂ ဒသမ ၁၄ ယန်းကနေ ၁၀၃ ဒသမ ၅၀ ယန်းထိ ဖြစ်ခဲ့ပါတယ်။မလေးရှားရင်းဂစ်    ဒေသတွင်းဈေးကွက်များရှိ အား နည်းလျက်ရှိသော အခြားငွေကြေးများ နည်းတူ ရင်းဂစ်တန်ဖိုးကလည်း ဒေါ်လာနဲ့ဖလှယ်ရာမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဈေးအဖွင့်မှာ တန်ဖိုးကျ ဆင်းခဲ့ကြောင်း ဝယ်ရောင်းသမားတွေ က ပြောပါတယ်။ ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီက တစ်ဒေါ်လာကို ၃ ဒသမ ၀၀၇ ရင်းဂစ်နှုန်းရှိရာမှ ၁၀ ရက် မနက် ၉ နာရီမှာ တစ်ဒေါ်လာကို ၃ ဒသမ ၀၁၇၀ နှုန်းကို ရောက်ရှိခဲ့ပါ တယ်။ ရင်းနှီးမြှုပ်နှံသူတွေက ယူရိုဇုန် အကျပ်အတည်းကို စောင့်မျှော်အကဲ ခတ်နေကြပါတယ်။    အခြားငွေကြေးများနဲ့ဖလှယ်ရာ မှာ ရင်းဂစ်တန်ဖိုးက နိမ့်ကျခဲ့ပါတယ်။တောင်ကိုရီးယားဝမ်    ဖေဖော်ဝါရီ ၉ ရက်မှာ တောင်ကို ရီးယားဗဟိုဘဏ်က ပြန်လည်ဝယ်ယူ တဲ့ နှုန်းကို ၃ ဒသမ ၂၅ ရာခိုင်နှုန်း အတိုင်း ဆက်လက်ထိန်းထားပြီးနောက် ဝမ်ငွေကြေးတန်ဖိုးက ဒုတိယမြောက် နေ့အဖြစ် ဆက်ကျဆင်းခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေက အခက် အခဲကြုံနေရတဲ့ အခြေအနေကို ရောက်နေရပြီလို့လည်း ပြောပါတယ်။     "ဝမ်တန်ဖိုးက အရှိန်အဟုန်နဲ့ ပြောင်းလဲလာမဲ့လက္ခဏာမရှိတဲ့အတွက် ဒေါ်လာကိုမရှောင်ဘဲထားတယ်"လို့ ဆိုးလ်အခြေစိုက် Daegu Bank က အရောင်းအဝယ်သမားချို ယောင်ဘုတ်  က ပြောပါတယ်။ထိုင်းဘတ်    ယခုနှစ်မှာ စီးပွားရေးတိုးတက်နှုန်း ကောင်းလိမ့်မယ်လို့ဆိုတဲ့ အကောင်း မြင်အယူအဆနဲ့ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက  ထိုင်းငွေကြေး စာချုပ်စာတမ်းတွေကို ဆက်လက်ထိန်း သိမ်းထားတဲ့အတွက် ထိုင်းဘတ်တန်ဖိုး က စတုတ္ထမြောက်သီတင်းပတ်အဖြစ် တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ယခုနှုန်းက ၂၀၁၁ ခု မတ်လနောက်ပိုင်းတိုးတက် မှု အရှည်ကြာဆုံးဖြစ်ပါတယ်။    ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့တွေ က ဖေဖော်ဝါရီ ၁၀ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ထိုင်းရှယ်ယာများ ကို အရောင်းထက် အဝယ်ကဒေါ်လာ ၃၆၇ သန်း၊ အစိုးရဘွန်းစာချုပ်အဝယ် က ၈၂၉ သန်းရှိခဲ့တာကို ထိုင်းဘွန်းစာ ချုပ်ဈေးကွက်အသင်းရဲ့ စာရင်းဇယား တွေမှာ တွေ့ရပါတယ်။        ဖေဖော်ဝါရီ ၁၀ ရက် မနက် ၈ နာရီ ၁၈ မိနစ်က ဘန်ကောက်မှာ ဘတ် ငွေရဲ့တန်ဖိုးက သုည ဒသမ ၃ ရာခိုင် နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၇၇၀ ဘတ်နှုန်းရှိခဲ့ပါတယ်။Source:Xinhua,Bloomberg. bernama