ဖေဖော်ဝါရီ ၁၃ ရက်က ၁၄ ရက်မှာ ကျင်းပမဲ့မူဝါဒ အစည်းအဝေးမှာ လှည့်ပတ်ငွေကြေးကိုတိုးမြှင့်ပေး ခြင်းမပြု ဘဲ သုည ရာခိုင်နှုန်းအတိုးနှုန်း ထားရှိမှုအပါအဝင် လက်ရှိ မူဝါဒကို ဂျပန်ဗဟိုဘဏ်က ဆက်လက်ထိန်း သိမ်းသွားလိမ့် မယ်လို့ ခန့်မှန်းထားပါတယ်။ ဥရောပကကြွေးမြီအကျပ်အတည်းကြောင့် စိုးရိမ်မှုတွေ ရှိနေပေမဲ့ အမေရိကန်စီးပွားရေးက စတင်အရှိန် ယူနေပြီ ဖြစ်ပါတယ်။ အဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာယန်းငွေ တန်ဖိုး အဆမတန်မြင့်တက်နေတာကလည်း အဆုံးသတ် တော့မဲ့ လက္ခဏာကိုပြသနေ ပါတယ်။ ကာလရှည်ကြာစွာ ရင်ဆိုင်နေရတဲ့ ငွေကျုံ့မှုအလားအလာ ကနေဂျပန်နိုင်ငံရုန်း ထွက်နိုင်ဖို့ အတွက် ဂျပန်ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှု ရည်မှန်းချက် ချမှတ်ရေးကိုဆွေး နွေးလိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။ ငွေကြေးဖောင်းပွမှု ၁ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှာထား ပြီး ဖောင်းပွမှုနှုန်း သုည ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းကြား ဆိုရင် လက်သင့်ခံနိုင်တဲ့နှုန်းထားဖြစ်တယ်လို့ ဂျပန်ဗဟိုဘဏ် က ပြောပါတယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေရဲ့ အခြေ အနေနဲ့ပတ်သက်ပြီး ယခင်ကကြိုတင်ခန့်မှန်းချက်ကို ပြန် လည် ပြင်ဆင်စရာမလိုဘူးလို့ ဗဟိုဘဏ်အရာရှိတွေက ယုံကြည် ထားပါတယ်။ ယခင်ခန့်မှန်းချက်အရ ၂၀၁၂ ခုနှစ် ပထမနှစ်ဝက်မှာ စီးပွားရေး စတင်နာလန်ထူလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဘဏ္ဍာရေးအက်ဆက်တွေနဲ့ တခြားစီးပွားရေး လုပ် ဆောင်ချက်တွေကို ဝယ်ယူဖို့အတွက် ယန်း ၅၅ ထရီလီယံ (ဒေါ်လာ ၇၁၄ ဘီလီယံ) သတ်မှတ်ထားတာကိုပြောင်းလဲမယ် မဟုတ်ဘူးလို့ခန့်မှန်းကြပါတယ်။ အစည်းအဝေးမတိုင်မီအတွင်း ဖြစ်ပေါ်လာမဲ့ ဈေးကွက် အလားအလာကို စောင့်ကြည့်ပြီးဗဟိုဘဏ်က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်မှာဖြစ်ပါတယ်။Source: ajw.asahi.com
Background