ကယ်တင်မှုအစီအစဉ်အတွက် အပေးအယူသဘောဖြင့် ပြုလုပ်သောဆွေးနွေး ပွဲကို ခုနှစ်နာရီကြာညှိနှိုင်း ပြီးနောက် ခြိုးခြံချွေတာရေးနှင့် ပြုပြင်ပြောင်းလဲရေး အစီအမံ အားလုံးနီးပါးကို သဘောတူညီမှုရခဲ့ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံး အချက်တစ်ခုကို ဆုံးဖြတ်ချက်မချနိုင်ဘဲရှိနေခဲ့တယ်လို့ ဝန်ကြီးချုပ်ကဖေဖော်ဝါရီ ၉ ရက်မှာထုတ် ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။ ဆုံးဖြတ်ချက်မချနိုင်တဲ့ ကိစ္စက ပင်စင်လျှော့ချရေးကိစ္စဖြစ်ပြီး ဝန်ကြီး ချုပ် လူးကပ်ပါပန်ဒဲမိုစ်နဲ့ သုံးပွင့်ဆိုင် ( ( Troika) လို့ခေါ်တဲ့ ဥရောပကော်မရှင်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန် ပုံငွေအဖွဲ့ နဲ့ ဥရောပဗဟိုဘဏ်တို့ဆွေးနွေးကြဖို့ ချန်ထားခဲ့ပါတယ်။ အရေးကြီးဆုံးကိစ္စမှာ ၂၀၁၀ ပြည့် မေနောက် ပိုင်းဒုတိယအကြိမ်အဖြစ်ပေးမဲ့ ယူရိုဘီလီယံ ၁၃၀ (ဒေါ်လာ ၁၇၂ ဒသမ ၅၆ ဘီလီယံ) ရှိချေးငွေကိစ္စဖြစ်ပါတယ်။ ဒီကိစ္စက ယူရိုဇုန်နဲ့ ကမ္ဘာ့ စီးပွားရေးကိုရိုက်ခတ်လာမဲ့ ဒေဝါလီခံရမဲ့ ကိစ္စအတွက် အရေးပါတဲ့ကိစ္စတစ်ခု ဖြစ်ပါ တယ်။ အပြန်အလှန်အားဖြင့် ဂရိအစိုးရက ပင်စင်လျှော့ချရေးအပါအဝင် ဂရိနိုင်ငံရဲ့ လူနေမှုအဆင့်လျှော့ချပေးဖို့အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို ဂရိနိုင်ငံက လက်ခံရမှာ ဖြစ်ပါတယ်။ ဥရောပခေါင်းဆောင်များ သဘောတူလက်ခံတဲ့ အဆိုပြုချက်တွေအနက် လစဉ်အနိမ့်ဆုံး လုပ်ခကို ၇၅၂ ယူရို (၉၉၄ ဒသမ ၃၂ ဒေါ်လာ) ကနေ ၅၈၆ ယူရို (၇၇၅ ဒသမ ၈၇ ဒေါ်လာ) ထိလျှော့ချဖို့ဖြစ်ပါတယ်။ှSource: xinhua
Background