Main menu

Background

ရန်ကုန်မြို့၊ အဆင့်မြင့်မင်္ဂလာဈေးတွင် ကုန်စည်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးသူဈေးသားများနှင့် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေး

Mon, 02/13/2012 - 06:53 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး၊   မင်္ဂလာ တောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာ ဈေးတွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးပြီး "ကုန်စည်ထုတ်လုပ်မှုနဲ့ ကုန် သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ" ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊  စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ်ဒေါက်တာ မောင်အောင်၊ ကုန်သွယ်ရေးညွှန်ကြားမှု   ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် နဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊ ကုန် သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံ     စိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊    အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန၊ အကောက်ခွန်ဦးစီးဌာန  ရန်ကုန်မြို့ တော်  စည်ပင်သာယာရေးကော်မတီ များမှ  တာဝန်ရှိသူများ၊  အဆင့်မြင့် မင်္ဂလာဈေးသာယာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကော်မတီမှ တာဝန်ရှိသူများ၊ အဆင့်မြင့်မင်္ဂလာဈေးမှာ  ရောင်းဝယ် ကြတဲ့ ဆေးဝါးရောင်းချသူ၊  အထည် အလိပ်ရောင်းချသူ၊ လူသုံးကုန် ရောင်း ချသူ၊ စားသောက်ကုန် ရောင်းချသူများ စုစုပေါင်း ၃၀၀ ကျော်ခန့် တက်ရောက် ကြောင်း သိရပါတယ်။     အဲဒီဆွေးနွေးပွဲမှာ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာပွင့်ဆန်းနဲ့ ကုန်သည်စက်မှု အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊  စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်ဒေါက်တာမောင်အောင်၊ ကုန်သွယ်ရေး   ညွှန်ကြားမှုဦးစီးဌာန ဒုတိယ     ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်တို့မှ အသီးသီး အမှာစကား ပြောကြားပြီး အဆင့်မြင့်မင်္ဂလာဈေးမှာ ရောင်းဝယ်ဖောက်ကားနေတဲ့   စား သောက်ကုန်၊  ဆေးဝါး၊  လူသုံးကုန်၊ အထည်အလိပ်စတဲ့ ကုန်ပစ္စည်းအမယ် လိုက် ရောင်းချသူများမှလည်း ၎င်းတို့ရဲ့ အခက်အခဲများ၊ အမြင်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။ ဆွေး နွေးချက်များကို Commerce မှကောက် နုတ် ဖော်ပြလိုက်ပါတယ်။ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန    နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မှာ ကုန်သွယ်ရေးက အဓိက အခန်း ကဏ္ဍမှာ ပါဝင်ပါတယ်။ မိမိတို့ ဝန်ကြီး ဌာနအနေနဲ့ ပြည်တွင်းပြည်ပ ကူးသန်း ရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးခြင်းဟာ  အဓိကတာ ဝန်ဖြစ်ပါတယ်။  အထူးသဖြင့် ပြည်ပနဲ့ ကုန်သွယ်မှုပြုရာမှာ    ပြည်တွင်းထုတ် ကုန်များရဲ့ ပမာဏနဲ့ အရည်အသွေး တိုးတက်အောင်     ရောင်းချနိုင်ရေး ဆောင်ရွက်ပေးသလို နိုင်ငံရဲ့လိုအပ်တဲ့ ဆေးဝါး၊ လူသုံးကုန်၊ စက်မှုကုန်ကြမ်း၊ စားသောက်ကုန်များ ပြည်တွင်းကို တင် သွင်းပြီး ကုန်စည်များ မှန်မှန်ကန်ကန် ရောင်းဝယ်မှုပြုရေး ထိန်းသိမ်းပေးဖို့ဖြစ် ပါတယ်။ အစိုးရသစ်တာဝန်ယူစဉ် ၁၁ လတာ   ကာလအတွင်း    ပြည်ပနိုင်ငံ များနဲ့ ကူးသန်းရောင်းဝယ်မှု တိုးတက် အောင် အဓိကထား  ဆောင်ရွက်ခဲ့ပါ တယ်။ ကုန်ဈေးနှုန်း  တည်ငြိမ်ရေး ကော်မတီမှာလည်း စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်  တာဝန်ယူပြီး တစ်နိုင်ငံ လုံးမှာရှိတဲ့  ကုန်စည်တွေ အထူးသဖြင့် အခြေခံစားသောက်ကုန်များကို အဓိက ထားပြီး    ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်နေပါတယ်။ မိမိတို့ဝန်ကြီး ဌာနက  စားသုံးသူ  အကာအကွယ် ပေးရေးဆိုင်ရာလုပ်ငန်းများကို တာဝန် ယူ ဆောင်ရွက်လျက်ရှိပါတယ်။ မင်္ဂလာ ဈေးသူဈေးသားများအနေနဲ့ လက်ကား ရောင်းဝယ်  ဖောက်ကားသူများ  ဖြစ် သလို ကိုယ်တိုင်လဲ စားသုံးသူများ ဖြစ် လို့  စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက် ကြဖို့မှာကြားလိုပါတယ်။ ယခုလို မြန်မာ နိုင်ငံ တစ်နံတစ်လျားကို  ဖြန့်ချိပေး နေတဲ့ အဓိကကျတဲ့ ကုန်သည်ကြီးများ နဲ့တွေ့ဆုံပြီး  ကုန်သွယ်မှုလုပ်ငန်းများ လုပ်ဆောင်ရာမှာ ကြုံတွေ့ရတဲ့ အခက် အခဲ၊ လိုလားချက်၊ အကြံပြုချက်များ သိရှိမှသာ လိုအပ်ချက်များကို ပြုပြင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံ အနေနဲ့ ကုန်သွယ်မှုစာရင်းများကို ထုတ် ပြန်တဲ့နေရာမှာ တရားဝင်ရောင်းဝယ် တဲ့ ကိန်းဂဏန်းများကို မူတည်ပြီး ထုတ် ပြန်ရတာဖြစ်ပါတယ်။  ဒါပေမဲ့ အိမ် နီးချင်း နိုင်ငံတွေရဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ သွင်းကုန်ပိုင်းမှာ မြန်မာနိုင်ငံဘက်က ကိန်းဂဏန်း လျော့ နည်းနေတာ တွေ့ရပါတယ်။  ဘာကို ဖော်ပြလဲဆိုရင် တရားမဝင် ဝင်ရောက် တဲ့ ပစ္စည်းများ စာရင်းမဝင်တာကြောင့် ဖြစ်ပါတယ်။ ကိန်းဂဏန်းများ အမှန် မရရှိတာကြောင့် အမှန်တကယ်ကုန် သွယ်မှုကို သုံးသပ်ဆောင်ရွက်ရာမှာ မှန်းဆလို့ မရပါဘူး။ ဒီလိုကိန်းဂဏန်း တွေ မှန်မှန်ကန်ကန်မရရှိတော့ ဖွံ့ဖြိုး ရေး စီမံကိန်းများ ဆောင်ရွက်ရာမှာ မှန် မှန်ကန်ကန်ရေးဆွဲဖို့  အခက်အခဲရှိပါ တယ်။ ပုံသဏ္ဌာန်မမှန်တဲ့  ကူးသန်း ရောင်းဝယ်မှုအနေနဲ့ ခန့်ခန့်ထည်ထည် ရောင်းဝယ်လို့မရသလို တရားဝင်ထုတ် ဖော် ပြောကြားနိုင်ခြင်းလည်းမရှိပါဘူး။ ပုံမှန်မဟုတ်တဲ့ ရောင်းဝယ်မှုကို အခွင့် ကောင်းယူပြီး ပြည်ပနိုင်ငံတွေက စား သုံးဖို့မသင့်တဲ့ ကုန်စည်တွေ တင်သွင်း ရောင်းချလာတာကို   တွေ့ရှိလာတဲ့ အတွက်  စားသုံးသူများ  အန္တရာယ်ရှိ သလို ပုံမှန်ရောင်းဝယ်သူတွေရဲ့ ဈေး ကွက်ပျက်နိုင်တဲ့ အနေအထားရှိလာပါ တယ်။ ဒါကြောင့် ရောင်းဝယ်ဖောက် ကားသူအားလုံးက  ပုံမှန်ရောင်း ဝယ်မှု လမ်းကြောင်းမှ လျှောက်လှမ်းဖို့ လိုပါ တယ်။ ဒီလိုစတင် လျှောက်လှမ်းရာမှာ အခက်အခဲတွေ ရှိနိုင်တဲ့အတွက် ပွင့်ပွင့် လင်းလင်းဆွေးနွေးတင်ပြနိုင်ဖို့ အတွက် ယခုလို ဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ပါ တယ်။     ယခု  ဈေးသူဈေးသားတွေ တင် ပြတဲ့ အကောက်ခွန်၊ ပြည်တွင်းအခွန်နဲ့ FDA စစ်ဆေးမှုဆိုင်ရာ ကိစ္စတွေနဲ့ပတ် သက်ပြီး  သက်ဆိုင်ရာ   ဌာနများမှ တာဝန်ရှိသူတွေလည်း   ပါတဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို   စိစစ် ဆောင်ရွက်ပေးနိုင်မှာ  ဖြစ်ပါတယ်။သွင်းကုန်ပို့ကုန်  လုပ်ငန်းဆိုင်ရာတွေ နားလည်ကျွမ်းဝင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး တော့လည်းစီးပွားရေးနဲ့ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းဆိုင်ရာ သင်တန်းတွေ ကို အမြဲမပြတ် ဖွင့်လှစ်ထားပါတယ်။ ဒီသင်တန်းတွေကိုလည်း လာရောက် လေ့လာနိုင်ပါတယ်။ လူ့စွမ်းအားအရင်း အမြစ်    ဖွံ့ဖြိုးတိုးတက်ရေးအတွက်  Trade Institute    ထူထောင်ဖို့လည်း ဆောင်ရွက်နေပါတယ်။ ယနေ့ဖြစ်ပေါ် ပြောင်းလဲနေတဲ့   ကုန်သွယ်မှုဆိုင်ရာ သတင်း အချက်အလက်တွေကို အမြဲ မပြတ်သိလိုတဲ့  ဆန္ဒရှိရင်လည်း ဈေးသူ ဈေးသားများက လူစုထားပါက သက် ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူများကို လာရောက် ရှင်းလင်းဆွေးနွေးဖို့ စီစဉ် ပေးနိုင်ပါတယ်။ အထူး မှာကြားလိုတာ ကတော့ပြည်တွင်းထုတ်ပစ္စည်းနဲ့ ပြည်ပ က ဝင်တဲ့ပစ္စည်းတို့မှာ အရည်အသွေးနဲ့ ဈေးနှုန်းတူညီမှုရှိပါက မိမိတို့ အမျိုး သား  အကျိုးစီးပွားအတွက်  မိမိတို့ ပြည်တွင်းထုတ်ပစ္စည်းတွေကို ရောင်း ဝယ်ပေးကြဖို့  မေတ္တာရပ်ခံမှာကြားလို ပါတယ်။ ဦးဇော်မင်းဝင်း  ဒုတိယ ဥက္ကဌ (UMFCCI)အခက်အခဲများကို  ပေါင်းစပ်ညှိ နှိုင်း အဖြေရှာပြီး နှစ်ဘက်ညှိနှိုင်းကာ လမ်းကြောင်း တည့်မတ်ဖို့ လာတာဖြစ် ပါ တယ်။ စီးပွားရေး တိုးတက်ဖို့အတွက် ကုန်သည်ကဏ္ဍ အရေးကြီးပါတယ်။ ရောင်းဝယ်လုပ်ကိုင်ရာမှာ ပစ္စည်းမျိုးစုံရှိ သော်လည်း အထူးသဖြင့် စားသောက် ကုန်နဲ့ ဆေးဝါးက အလွန် အရေးကြီးပါ တယ်။ Consumer Prot ection Law   ပြဌာန်းပြီးရင် ရင်ဆိုင်ရမယ့် အခက်အခဲ များစွာရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့ အစည်းများက စစ်ဆေးရင် ပြဿနာရှိ ပါတယ်။ ASEAN နိုင်ငံတိုင်းမှာနဲ့ UN အဖွဲ့ဝင် နိုင်ငံတွေမှာလည်း Consumer Protection Law ရှိပါတယ်။ ထုတ်လုပ်သူ၊ တင်ပို့သူ၊ တင်သွင်းရောင်း ချသူများနဲ့  အဓိကသက်ဆိုင်ပြီး ဖြန့်ဖြူး သူနဲ့ စားသုံးသူတိုင်းနဲ့လည်း သက်ဆိုင် ပါတယ်။ တစ်စုံတစ်ဦးက တိုင်တန်းလာ ရင် စောင့်ကြည့်ရမယ့် အဖွဲ့က ခေါ်ယူ မေးမြန်းစစ်ဆေးမှု  လုပ်ရမှာဖြစ်ပါ တယ်။ ထုတ်လုပ်သူသာမက  စားသုံး သူက လိုက်နာရမယ့် ကျင့် ဝတ်များရှိပါ တယ်။ Source မသိဘဲ သုံးစွဲလို့ ပြဿနာပေါ်ပါက  ဘယ်လိုအရေးယူ ရမှန်း မသိဖြစ်နေပါတယ်။ မိမိတို့ဘက် ကပို့ရင် တင်ပို့တဲ့နိုင်ငံရဲ့ဘာသာစကား နဲ့ အညွှန်းရေးသား ပေးရပြီး မိမိတို့ဆီ တင်သွင်းရင်တော့ မြန်မာဘာသာ စာ ပါ မလာတာ တွေ့ရပါတယ်။Labeling  ကို မြန်မာနိုင်ငံမှမဟုတ် အင်္ဂလိပ် ဘာသာနဲ့ ဖောြ်ပပေးဖို့လိုပါတယ်။ တစ် ဖက်နိုင်ငံတွေနဲ့  ညှိရမှာဖြစ်ပါတယ်။ ပြဌာန်းတဲ့  ဥပဒေကျင့်ဝတ်များနဲ့အညီ  လိုက်နာ  ကြရမှာတွေ  ရှိပါတယ်။ ပြည်သူတိုင်း အခွန်ပေးဆောင်ရမယ့် တာဝန်ရှိပါတယ်။ နိုင်ငံတော်မှလည်း အခွန်အခများကို  သင့်တင့်မျှတသော နှုန်းထားဖြစ်အောင်    စဉ်းစားနေပါ တယ်။FDA ကို လာပို့တာတွေကိုလည်း စစ်ဆေးပေးနေပါတယ်။ နယ်စပ်က ကျယ်ဝန်းတာကြောင့် ထိန်းသိမ်းဖို့ ခက် ခဲပါတယ်။ မမှန်ကန်တဲ့  စားသောက် ကုန်ဆေးဝါးတွေ တင်သွင်းနေရင် စား သုံးသူ  ပြည်သူများ  ဒုက္ခရောက်မှာ ဖြစ်ပါတယ်။ တစ်ပြည်လုံးမှာ FDA  ရုံးခွဲ တွေ လိုက်ဖွင့်ဖို့က အကန့်အသတ် တွေရှိ နေပါတယ်။ စားသောက်ကုန် အသင်းမှာလည်း ဓာတ်ခွဲခန်းရှိပြီး မိမိ တင်သွင်းတဲ့  စားသောက်ကုန်နဲ့ပတ် သက်ပြီး   သံသယရှိရင်  လာရောက် စစ်ဆေးလို့ ရပါတယ်။ စားသုံးသူ ကာ ကွယ်ရေး အပိုင်းမှာ မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ခိုင်ခန့်မှု၊ လျှပ်စစ် ပစ္စည်း တွေလည်း အကျုံးဝင်ပါတယ်။ နောက် ပိုင်းမှာ အခြားလူသုံးကုန်တွေနဲ့  ပတ် သက်ပြီး ဆွေးနွေးညှိနှိုင်းမှာ  ဖြစ်ပါ တယ်။  ဝန်ကြီးဌာန   တစ်ခုတည်း၊ အသင်းအဖွဲ့တစ်ခုတည်း လုပ်လို့မရပါ ဘူး။ ၂၀၁၅ မှာ AFTA ဖြစ်လာရင် အကောက်ခွန် သုညမှ ငါးရာခိုင်နှုန်း အထိသာ ရှိတော့မှာ ဖြစ်တာကြောင့် ပစ္စည်းအမျိုးမျိုး ဝင်ရောက်လာနိုင်ပါ တယ်။ထုတ်လုပ်သူ၊ ရောင်းချသူအပြိုင် အဆိုင်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါ ကြောင့် အရင်လို ပေ့ါပေ့ါတန်တန်နဲ့ ရောင်းချလို့ရတော့မှာ  မဟုတ်ပါဘူး။ အရည်အသွေးကောင်း၊ ပစ္စည်းထုတ် လုပ်သူတွေနဲ့ ခုကတည်းက ဆက်သွယ် ထားပါ။ အတ္တကို ရှေ့တန်းတင် မယ့် အစား အားလုံးအကျိုးကို ရှေးရှုပြီး လုပ် ကြစေလိုပါတယ်။ကုန်သည်များအခက် အခဲရှိပါက အသင်းချုပ်ကို လာရောက် ညှိနှိုင်းနိုင်ပါတယ်။ နိုင်ငံခြား အဆက် အသွယ်လိုချင်ရင်လည်း ချိတ်ဆက်ပေး ပါ့မယ်။ ဒေါက်တာမောင်အောင် အကြံပေးပုဂ္ဂိုလ်        Trade  က  တိုင်းပြည်အတွက် အရေးကြီးတဲ့ မောင်းနှင်အားတစ်ခုဖြစ် ပါတယ်။ ကုန်သွယ်မှုတိုးတက်မှ စီးပွား ရေးတိုးတက်မှာဖြစ်ပါတယ်။ ကုန်သွယ် ရေးမှတစ်ဆင့်ဆက်စပ်တဲ့  Manufacturing Sector  ဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ယခုအစိုးရသစ် ၁၀ လကျော်ကာလမှာ barrier  တွေ အတော်များများ ဖြေ လျော့ပေးပြီးဖြစ်ပါတယ်။ Commercial Tax ၈ ရာခိုင်နှုန်းလျှော့ချမှု  ပြုလုပ် ပြီးဖြစ်သလို  တချို့လိုင်စင်တွေဆိုရင် လည်း နေ့ချင်းပြီး ဆောင်ရွက်ပေးနေ ပါတယ်။ နေပြည်တော်မှာ  လာစရာ မလိုဘဲ ရန်ကုန်မှာပဲ လိုင်စင်လုပ်လို့ရနေ ပါပြီ။ ပို့ကုန်မှာလည်း ယခင်က အကန့် အသတ်နဲ့သာ ပို့ခွင့်ပြုတဲ့ ပစ္စည်းတွေကို ယခုတင်ပို့ခွင့်ပြုထားပါတယ်။ သွင်း ကုန်ပိုင်းမှာလည်း  ကန့်သတ်ကုန်တွေ ဖြေလျော့ပေးနေပြီဖြစ်ပါတယ်။     ဒေါ်လာဈေးကျတာကြောင့်   ပို့ ကုန်သမားတွေ   ထိခိုက်မှုမရှိအောင် အစီအမံတွေ   ဆောင်ရွက်ပေးနေပါ တယ်။ယခုနှစ်မှာ Trade   က ၃ ဘီလီယံ လောက်  ပိုမိုဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့်  အခက်အခဲတွေ သိချင်ပါ တယ်။ အကူအညီပေးဖို့ လာတာပါ။ ဦးတင့်လွင် ဒုတိယညွှန်ကြားရေးမှုးချုပ်ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန    ရောင်းရေးဝယ်တာ  ကိစ္စတွေ ဒီ ထက်ပိုကောင်းအောင်  ကူညီဆောင် ရွက်ပေးဖို့လာတာပါ။    ရောင်းဝယ် ဖောက်ကားတဲ့ ပစ္စည်းတွေ တစ်ဖက် နိုင်ငံက ဘယ်နည်းနဲ့ဝင်ဝင်  စီးပွား/ ကူးသန်းဝန်ကြီးဌာနမှာ လိုင်စင်ယူပြီး သွင်းလာရင်  ကောင်းပါတယ်။ ကိုယ့် နည်းကိုယ့်ဟန်နဲ့ ရောက်လာရင်လည်း အနာဂတ်မှာ စားသုံးသူတွေကလည်း အရည်အသွေးရှိတဲ့    ပစ္စည်းတွေကို စားသုံးသူ  လက်ထဲရောက်ဖို့နဲ့ ရောင်း သူတွေလည်း  ပိုမိုအဆင်ပြေအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းကို သိဖို့ နှစ်ဦးနှစ်ဖက်အဆင်ပြေဖို့ လာရောက် ဆွေးနွေးတာပါ။  တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို ဖြန့်ဝေပေးထားတဲ့ မေးခွန်းလွှာပုံစံတွေမှာ ရေးပေးပြီး ဘယ်လို ဖြေလျော့ပေးရမလဲ ဆိုတာ မိမိတို့ မသိသေးတဲ့  နောက်ကွယ်က ကိစ္စတွေကို သိချင်လို့ပါ။ စားသုံးသူ ဆို တာ ဈေးဝယ်လာတဲ့  သူတွေသာမက ရောင်းသူတွေလည်း စားသုံး သူဖြစ်ပါ တယ်။ စားသုံးသူများကို ကာကွယ်ပေး ဖို့ စီမံရန် လိုအပ်ပြီဖြစ်လို့ ဥပဒေပြဌာန်း ဖို့ ဆောင်ရွက်နေပါပြီ။    မမှန်ကန်တဲ့ အစားအသောက် စားမိရင် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးအပေါ် ရောင်းချသူက တာဝန်ယူရမှာဖြစ်ပါ တယ်။ ကိုယ်တိုင်စားသုံးသူ ဖြစ်တာ ကြောင့် ကိုယ်ရောင်းချတဲ့ ပစ္စည်းက သုံးစွဲသူကို မထိခိုက်စေဖို့ တာဝန်ရှိပါ တယ်။ လိုလားချက်တွေကို အချိန်ယူပြီး တရွေ့ရွေ့တဖြည်း ဖြည်းနဲ့ ရောက်လာ မှာပါ။ နေ့ချင်းညချင်း ရောက်လာမှာ မဟုတ်ပါ။ ဝန်ထုပ်ဝန်ပိုးလို့  မယူဆပါ နဲ့။ နောင်ဆိုရင်လည်း  သတင်းစာ၊ ဂျာနယ်များကနေ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြမှာ ဖြစ်တာကြောင့်  အားလုံး အတွက် ဝမ်းသာစရာဖြစ်ပါတယ်။    ရှိရှိသမျှသော လူသုံးကုန်ပစ္စည်း များကို စားသုံးသူအကျိုးစီးပွားအတွက် ကာကွယ်ပေးမှာ ဖြစ်တာကြောင့် အချင်းချင်းတိုင်ပင်ကြပါ။ မိမိထက်ပိုသိ သူထံမှ ဗဟုသုတဆည်းပူးကြပါ။ နောင် တွင် မိမိရောင်းသည့် ကုန်ပစ္စည်းကို မိမိ တာဝန်ယူရမှာဖြစ်ပါတယ်။ ဘယ်ကပဲ ဝယ်ဝယ် ကိုယ့်ဖာသာကိုယ်ပဲ ထုတ်လုပ် ထုတ်လုပ် မိမိပစ္စည်း မိမိတာဝန်ယူရမှာ ဖြစ်ပါတယ်။ စားသုံးသူမှာ အန္တရာယ် မဖြစ်စေရေး ဝိုင်းဝန်းထိန်းသိမ်း ကာ ကွယ်ပေးကြပါ။ ဒီထက်ပိုပြီး စီးပွားရေး လုပ်ငန်း လုပ်ကိုင်ကောင်းအောင် ဘာ လုပ် ရမလဲဆိုတာဆွေးနွေးဖို့ လာတာ ပါ။ နောင်ဆွေးနွေးပွဲတွေ မှာလည်း ဘာလုပ်ပေးသွားမယ်ဆိုတာကို ဖော် ထုတ်ပေးမှာဖြစ်ပါတယ်။ ....    အဆင့်မြင့်မင်္ဂလာဈေးရဲ့ အခြေ အနေမှန်ကို သိခွင့်ရခဲ့ပါတယ်။ Duty  ဆိုရာမှာအကောက်ခွန်နဲ့ ပြည်တွင်း အခွန်ဆိုပြီး ရှိပါတယ်။ သတ်မှတ်ထား သော နှုန်းထားများနဲ့သာ ကောက်ခံ နေတာဖြစ်ပါတယ်။ ၂၀၁၂ အကောက် ခွန် နှုန်းထား ကောက်ခံမှုနှုန်း Tariff   စာအုပ် ထုတ်ထားပြီး  ဖြစ်ပါတယ်။ မိမိတို့ အကောက်ခွန် ဦးစီးဌာနသည် ကမ္ဘာ့ အကောက်ခွန်အဖွဲ့ (World Customs Organization) မှာ ပါတဲ့ အတွက် သတ်မှတ်စည်းမျဉ်း စည်းကမ်း နဲ့အညီ ကောက်ခံနေတာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းများရဲ့ အရည် အသွေးကို မြင့်စေချင်ပါတယ်။ တရုတ် ဈေးကွက်ကဝင်လာတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံကထုတ်တဲ့  ပစ္စည်းတွေက မယှဉ်နိုင်ဘူး။ နိုင်ငံခြား ကုန်တွေထက် အရည်အသွေးကောင်းဖို့ လိုပါတယ်။ စားသုံးသူ ကြိုက်ဖို့၊  ဆွဲဆောင်မှုရှိဖို့ လိုပါတယ်။    မြန်မာမုန့်၊ အချိုရည်၊ ခေါက်ဆွဲ ထက် နိုင်ငံခြားပစ္စည်းကိုပဲ ကြိုက်တာ ပိုနေလျှင်တော့ တရားမဝင် ဝင်ထွက်မှု တွေကို တားဆီးသွားဖို့ လိုပါတယ်။ မင်္ဂလာဈေးသူဈေးသားများဟာ လက် ကား ရောင်းဝယ်သူများ၊ နယ်ကို ဖြန့်ချိ သူများဖြစ်ပါတယ်။  ကုန်သွယ်ရေးရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ပါပါတယ်။ ပိုမိုပြီး လုပ်သာကိုင်သာရှိတဲ့  လုပ်ငန်းစဉ်များ ပေါ်ထွန်းလာရေး   ဆက်လက်တင်ပြ သွားပါမယ်။ တရားဝင် တင်သွင်းရန် ကုမ္ပဏီထူထောင်ခွင့်လျှောက်ထားရပါ မယ်။ နောင်အနာဂတ်မှာ လက်ဝေခံယူ မဲ့အစား ကိုယ်တိုင်ကိုက်ကျ လုပ်နိုင်ဖို့ လိုပါတယ်။ မိမိတို့ဝန်ကြီးဌာနအနေနဲ့ ကုန်သွယ်မှုဆိုင်ရာများနဲ့ စပ်လျဉ်းပြီး ထုတ်ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်း သင်တန်းများ  ဖွင့်လှစ်ပေးလျက်ရှိပါ တယ်။ ကုမ္ပဏီထူထောင်ခြင်း၊ ထုတ် ကုန်သွင်းကုန်မှတ်ပုံတင်ခြင်း၊ လိုင်စင် လျှောက်ထားခြင်းများကို သင်ကြားပေး နေပါတယ်။ ကိုယ်တိုင်တက်ရန်မဟုတ် ဘဲ ထိုက်သင့်သူကို တက်ခိုင်းခြင်းဖြင့် မင်္ဂလာဈေးက ရောင်းဝယ်ဖောက်ကား သူများကို တက်ခိုင်းလို့ ရပါတယ်။ သင် တန်း ကာလမှာ ၁ လဖြစ်ပြီး သင်တန်း ကြေးမှာ ၄၀၀၀၀ ကျပ် ဖြစ်ပါတယ်။    ပြည်တွင်းကို  စားသောက်ကုန်နဲ့ ဆေးဝါးတင်သွင်းသူ မြန်မာနိုင်ငံသား တိုင်း၊ မြန်မာနိုင်ငံနဲ့ဆက်ဆံသူ အားလုံး ဟာ FDA   ရဲ့ ခွင့်ပြုချက်ရယူ ဖို့လိုပါ တယ်လို့ တည်ဆဲဥပဒေအရ ပြဌာန်း ထားပါတယ်။ အခွန်မဆောင်ဘဲ ဝင်တဲ့ ပစ္စည်းနဲ့  အခွန်ဆောင်ပြီး  ဝင်ရတဲ့ ပစ္စည်းဈေးချင်းက   မတူနိုင်ပါဘူး။ ဒါကြောင့်မို့ အားလုံးအခွန် ဆောင်ကြ ဖို့လည်း လိုအပ်ပါတယ်။ အကောက် ခွန်ဦးစီးဌာန၊ ပြည်တွင်း အခွန်ဦးစီးဌာန တို့မှ သက်ဆိုင်ရာ  အရာရှိများနဲ့လည်း တွေ့ဆုံဆွေးနွေးကြပါလို့   အသိပေး ပြောကြားလိုပါတယ်။ ဒေါက်တာစောလှထွန်း၊ ဥက္ကဌအဆင့်မြင့်မင်္ဂလာဈေးသာယာရေး နှင့် ဖွံ့ဖြိုးရေးကော်မတီ    ဈေးသူဈေးသားများက  ရိုးသား ကြပြီး ဘယ်ပစ္စည်းက ဘယ်နည်းလမ်းနဲ့ လာတယ်ဆိုတာ မသိကြပါဘူး။ Consumer Right နဲ့ပတ်သက်တဲ့ Law  တွေ မကြာခင်ပြဌာန်းတော့မှာ ဖြစ်တာ ကြောင့် Consumer Protection လုပ် ဖို့ အများကြီးတာဝန် ရှိပါတယ်။ ဈေးသူ ဈေးသားတွေက Consumer ဖြစ်တဲ့ အပြင် ရောင်းချသူလည်း   ဖြစ်တာ ကြောင့် Double တာဝန်ရှိပါတယ်။ Trade  မှာ Informal မှ Formal Trade  ဖြစ်ဖို့ လိုပါတယ်။ ဈေးသူဈေး သားများကလည်း မိမိဘက်မှ အခက် အခဲကို ပွင့်ပွင့်လင်းလင်း  တင်ပြမှသာ အစိုးရမှ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါ တယ်။Transparency   ရှိရှိ ရင်တွင်း ခံစားချက်တွေကို ထုတ်ဖော်ပြောကြား မှ ပြည်ထောင်စုအစိုးရ သိမှာပါ။ စရိတ် စကများနေရင် AFTA မှာ မယှဉ်နိုင်ပါ ဘူး။ ဘယ်လိုနည်းနဲ့  ဈေးကိုရောက် ရောက်လူမသိဘဲပေးလိုက်ရတဲ့အတွက် စာရင်း မပြနိုင်တာတွေရှိပါတယ်။ Informal မှ Formal   ဖြစ်ဖို့ကတော့ အခက်အခဲတွေရှိကောင်း ရှိမှာပါ။ မပွင့် လင်းတာတွေ  ပွင့်လင်းအောင်  လာ ရောက်တွေ့ဆုံ  ဆွေးနွေးတာဖြစ်တာ ကြောင့်ပွင့်ပွင့်လင်းလင်း မကြောက်မရွံ့ ဆွေးနွေးပေးကြပါလို့ဖိတ်ကြားပါတယ်။ ဦးထွန်းထွန်းစားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ(ကိုယ်စား)    ရိုးရိုးသားသားနဲ့ လွတ်လွတ်လပ် လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ ရောင်းဝယ်နေ ကြတာပါ။ မှောင်ခိုကိစ္စ၊ အခွန်ကိစ္စစတဲ့ လုပ်ငန်းများနဲ့ပတ်သက်တဲ့ ကိစ္စအစုံကို သိရတဲ့အတွက် ဈေးသူဈေးသားများ ကိုယ်စားအများကြီးကျေးဇူးတင်ပါတယ်။ စားသောက်ကုန် တင်သွင်းမှုနဲ့  ပတ် သက်ပြီး နယ်စပ်မှ သွင်းလာတဲ့ ပစ္စည်း များကို  Duty ကောက်တဲ့အခါ လျော့ လျော့ ပေါ့ပေ့ါနဲ့ သေသေချာချာ စိစစ် ပြီး မကောင်းတဲ့အန္တရာယ်ရှိတဲ့ ပစ္စည်း မရောက်လာအောင် စိစစ်လုပ်ဆောင် ပေးပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ရောင်းချင်ပါ တယ်။ ကျန်တဲ့ကဏ္ဍများကို  သက်ဆိုင် ရာမှ တာဝန်ရှိသူများက လုပ်ပေးစေလို ပါတယ်။ ဦးသိန်းမြင့်ဆေးဝါးလုပ်ငန်းရှင်များ (ကိုယ်စား)    ဆေးဝါးရောင်းချရာမှာ  အရင်က တရားဝင်ရော၊ တရားမဝင်ပါ ရောင်းချ ပြီး လွန်ခဲ့တဲ့ ၅ နှစ်ကစပြီး တရားမဝင် ရောင်းချမှုက အလွန်နည်းပါးသွားပါပြီ။ FDA ကလည်း စားသုံးရန် မသင့်သော ဆေးဝါးတွေကို သတင်းစာမှာ ကြော် ငြာပေးတဲ့အတွက်လဲ ဆေးရောင်းချသူ များ ဗဟုသုတလည်း ရှိပါတယ်။ အတု အပ ရောင်းချမှုလည်း နည်းသွားပါပြီ။ ဘာတွေရောင်းရမယ်၊ မရဘူးဆိုတာ FDA က စာရင်းစုစည်းပြီး လုပ်ပေးမယ် ဆိုလျှင်လည်း ဝမ်းသာပါတယ်။ ဆေး ဝါး ရောင်းချရေးလက်ဆွဲစာအုပ်  FDA  က ထုတ်မယ်လို့  သိရပါတယ်။ အဲဒီ စာအုပ်ကို ဈေးသူဈေးသားတွေ လက် ထဲ ဖြန့်ဖြူး ပေးစေလိုပါတယ်။ ဈေးသူ ဈေးသားတွေ အနေနဲ့ ကုန်သည်တွေဆီ ကတစ်ဆင့်ဝယ်ရောင်းတာဖြစ်လို့ကုမ္ပဏီ တွေအနေနဲ့တရားဝင်တင်သွင်းရင်မှောင် ခို လျော့သွားမယ်လို့ ယူဆပါတယ်။ ဦးစိုးလွင်လူသုံးကုန် အလှကုန်လုပ်ငန်းရှင်    ဈေးသူ၊   ဈေးသားတွေ  အကျိုး အတွက် လာရောက်ပြီး မသိတာတွေ သိအောင် ရှင်းလင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။  အေးအေးဆေး ဆေးစိတ်ချမ်းသာကိုယ်ချမ်းသာရောင်းချ ချင်ပါတယ်။Duty ကိစ္စအနေနဲ့ ဆေး ပစ္စည်းဆိုရင် ၁ ရာခိုင်နှုန်း၊ စာရေးကိရိ ယာက တချို့ဆိုရင် Duty Free တချို့ က ၁ မှ ၂ ရာခိုင်နှုန်းသာ ဆောင်ရပြီး အလှကုန်အနေနဲ့ ၄၈-၅၀ ရာခိုင်နှုန်း ဆောင်နေရပါတယ်လို့   ကြားသိရပါ တယ်။  တရားမဝင်လမ်းကြောင်းက မလုပ်ချင်ကြပါဘူး။ Duty များပြား တဲ့အတွက် အခြေအနေအရ မလုပ်ရင် မဖြစ်တဲ့အတွက်လုပ်နေရတယ်။Duty များ ဖြေလျော့ပေးမယ်ဆိုရင် တရား မဝင်လမ်းကြောင်းလည်း ပပျောက်သွား မယ်။ ၂၀၁၅ ခုနှစ်မှာ လွတ်လပ်တဲ့ ဈေး ကွက်စီးပွားရေး ဖြစ်ပေါ်လာမယ်။ မင်္ဂလာဈေးကုန်သည်ကြီးများဆိုပေမယ့်  ကုမ္ပဏီ ထောင်သူ နည်းပါတယ်။ Import/Export   နဲ့   ပတ်သက်လို့ ဗဟုသုတတွေရှိမှ ယှဉ်ပြိုင်နိုင်မှာ ဖြစ် ပါတယ်။ အကြွေးယူပြီး  အကြွေးနဲ့ ရောင်းနေရတာ ဖြစ်ပါတယ်။ အကြွေး နဲ့ပဲ လည်ပတ်နေရလို့  အရင်းအနှီး လိုပါတယ်။ အတိုးနှုန်း သက်သက်သာ သာနဲ့   ငွေချေးပေးစေချင်ပါတယ်။FDA  ကိစ္စမှာ အများရောင်းတဲ့ ပစ္စည်း တစ်မျိုးစီကို FDA  မှ အခမဲ့ စစ်ဆေး ပေးရင် ကျေးဇူးတင်ပါတယ်။    တန်ပိုကိစ္စအနေနဲ့ ကားသမားကို တန်ပိုတဲ့အတွက် ဒဏ်ငွေပေးရတယ်။ သတ်မှတ်တန်ကိုပဲ တင်ရင် ကားတင်ခ ကို ပိုတောင်းတယ်။ ဒါကြောင့် ကုန်ကျ စရိတ်ကာမိအောင် ရောင်းသူ ကလည်း  ပိုတင်လာကြတယ်။ နောက်ဆုံးမှာတော့ စားသုံးသူက ဈေးကြီးပြီးပေးရပါတယ်။     ကုမ္ပဏီထောင်မှ Import/Export   လုပ်လို့ရတယ်လို့ သိရပါတယ်။ ကုမ္ပဏီမထောင်ဘဲ မှတ်ပုံတင်နံပါတ်နဲ့ နေရပ်လိပ်စာပေးပြီး  Duty  ဆောင်ခွင့် ပြုပေးစေလိုပါတယ်။ ဒေါက်တာဝင်းမောင်အဝတ်အထည်လုပ်ငန်းရှင်များ (ကိုယ်စား)    မင်္ဂလာဈေးရဲ့  အဝတ်အထည် ကဏ္ဍမှာ အခြေခံအားဖြင့် ပစ္စည်း ၄ မျိုးကိုသာ ရောင်းချပါတယ်။ ကိုက်ထိုး ရောင်းတဲ့ပစ္စည်း၊  Ready Made ၊ ပြည်တွင်း ထုတ်ကုန်နဲ့ Trade Mark  နဲ့ ထုတ်တဲ့ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အဝတ်အထည်နဲ့ပတ်သက်ပြီးတင်သွင်း လာတဲ့ပစ္စည်းမှန်သမျှက ထိုင်းနဲ့ တရုတ် က ဝင်လာတာတွေကို ရောင်းချပါ တယ်။    Formal,Imformal  နဲ့ပတ်သက် ပြီး ကုန်သည်တင်သွင်းလာတာကို ယူ ရောင်းတာဖြစ်ပါတယ်။ Duty ဆောင် ပြီး သွင်းလာတာဖြစ်ပါတယ်။ တစ်ဖက် က ၅၀၀ ကျပ်နဲ့ဝယ်လာတဲ့ ပစ္စည်းကို လမ်းပန်းဆက်သွယ်ရေး စရိတ်၊ ဂိတ် ဖြတ်ခ၊ duty  ခများနဲ့ ပေါင်းလိုက်ရင် ၈၂၀-၈၃၀ နဲ့ရောင်းတယ်။ ၅၀၀ နဲ့ ဝယ်လာပြီး မိမိတို့ကို ၅၀၀ ကျော်နဲ့ လက်ကားပေးနိုင်လျှင် ဈေးသက်သက် သာသာနဲ့   ရောင်းပေးနိုင်ပါတယ်။ အခြေခံလူ တန်းစားများအတွက် ဈေး ပေါဖို့ အရေးကြီးလို့ ဈေးသက်သက် သာသာနဲ့ ဝယ်ရောင်းနိုင်ရေး ဆောင် ရွက်ပေးစေလိုပါတယ်။ မိမိတို့အနေနဲ့ Border ကသွင်းလာတာကိုပဲ တစ်ဆင့် ဝယ်ပြီး ရောင်းရတာဖြစ်ပါတယ်။ ဦးမျိုးအောင်လူသုံးကုန်ပစ္စည်းလုပ်ငန်းရှင်    နယ်စပ်က    ပစ္စည်းတင်သွင်း ရောင်းဝယ် ဖောက်ကားတာ  များပါ တယ်။ FDA အနေနဲ့  နယ်စပ်မှာ စစ်ဆေး ပေးစေချင်ပါတယ်။Duty  အနေနဲ့လျှော့နိုင်ရင် လျှော့ပေးစေချင် ပါတယ်။ Duty ကို လျှော့ချပေးရင် မှောင်ခိုဆိုတာ မရှိနိုင်ပါဘူး။ ဦးညွန့်ရွှေအထည်အလိပ် ကုန်သည်    ပြည်ပမှ  ပစ္စည်းများတင်သွင်းတဲ့ အခါ အခွန်အခများ ကောက်ခံရာမှာFOB ဈေး၊ အာမခံကြေး၊ Freight Charges  များပေါင်းပြီး   စည်းကြပ် ထောက်ခံတဲ့အတွက် ပစ္စည်းတန်ဖိုးများ ကွာစေပါတယ်။ ယခင်က ဇိမ်ခံပစ္စည်း၊ မရှိမဖြစ်ပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းဟူ ၍ အုပ်စု ၃ မျိုးခွဲပြီး စည်းကြပ်ခဲ့ပါ တယ်။ Tariff  အရ ဘယ်ပစ္စည်းကို မည် သည့်နှုန်းထားနဲ့ ကောက်ခံတယ်ဆိုတာ ထုတ်ပြန်ပေးလျှင် ကောင်းပါတယ်။ မိမိ တို့ မင်္ဂလာဈေးသူဈေးသားများဟာ အကြွေးနဲ့ယူပြီး   ဝယ်လက်ကိုလည်း အကြွေးနဲ့ ပြန်ရောင်းနေကြရသူများ ဖြစ်ပါတယ်။  နယ်အကြွေးကလည်း တစ်လ၊နှစ်လနဲ့ ပြန်ဝင်မလာတတ်ပါ ဘူး။ ငွေလည်ပတ်နိုင်ရေးအတွက် မိမိ တို့ရောင်းတဲ့ပစ္စည်းကို အမြတ်တင်ပြီး ရောင်းနေရတာဖြစ်ပါတယ်။ ဒါကြောင့်  Transaction Cost များ သက်သာစေ ရေးအတွက် အခွန်စည်းကြပ်ရာမှာ FOB  ဈေးနဲ့ ကောက်ပေးလျှင် ပိုသင့် တော်မယ်လို့ ထင်ပါတယ်။ ဒေါ်ညိုညိုဦးမညိုအထည်ဆိုင်    မိမိတို့ဟာ   စိန်ဂျွန်းဈေးခေတ်၊ မင်္ဂလာဈေးရုံ ၁၆ ရုံခေတ်ကနေ အခု အဆင့်မြင့်  မင်္ဂလာဈေးခေတ်အထိ ရောင်းဝယ်ဖောက်ကားလုပ်နေတာ ဖြစ် ပါတယ်။ ဈေးသည်များထဲမှာ ကိုယ်ပိုင် ကုမ္ပဏီရှိသူ၊ နယ်စပ်မှကိုယ်တိုင်တင် သွင်းသူ အလွန်နည်းပါတယ်။ နယ်စပ် မှာ ကိုယ်တိုင်လှုပ်ရှား သူများလည်းရှိတော့   ရှိပါတယ်။ ကျွန်မတို့ ဈေးသူဈေးသားများ ဟာ အကြွေးစနစ်နဲ့ပဲ နှစ်/လ ကြာရှည်စွာ ရောင်းချနေတာ ဖြစ် ပါတယ်။ လုပ်ကိုင် စားသောက်တဲ့ သက်တမ်းမှာအနည်း ဆုံး ၁၀ နှစ်မှ နှစ် ၂၀ ကျော်ရှိနေပြီး နိုင်ငံ အဝှမ်းလက်ကား ဖြန့်ဖြူးပေးနေတဲ့ နေ ရာကြီးလည်း ဖြစ်ပါ တယ်။အရင်းအနှီးပိုင် ဆိုင်မှုတော့ နည်းပါ တယ်။  ကံတရားနဲ့  လုပ်စားတဲ့ ဈေးသည် များဖြစ်ပါတယ်။ ဂုဏ်သိက္ခာ ရှိစွာနဲ့ သူများ  ပစ္စည်းများနဲ့ ကိုယ်ဘောက် ချာ စာရွက်လေးတစ်ရွက်နဲ့  နယ်သမား ဝယ်သူကို  အကြွေးနဲ့ပြန်ရောင်းပေးနေ ရတာပါ။  ဒါကြောင့် Duty ကို ၄၈ မှ ၅၀ ရာခိုင်နှုန်းအစား  ထိုက်သင့်သလို လျှော့ပေ့ါပေးဖို့တောင်း ဆိုလိုပါတယ်။  တိုက်ရိုက်သွင်းတာ  မဟုတ်ပေမယ့် သွင်းတဲ့လူက Duty  မြင့်ဆောင်ရရင် ကျွန်မတို့ကို ပေးတဲ့ဈေး ကမြင့်ပါတယ်။ ကျွန်မတို့ကလည်း ဈေးမြှင့်ပြီး ပြန် ရောင်းရပါတယ်။ ဒါကြောင့်မို့ Duty  ကို ထိုက်သင့်သလို လျှော့ချပေးစေချင် ပါတယ်။ ဆေးရောင်းသူတစ်ဦး    မင်္ဂလာဈေးမှာ ကိုယ်တိုင်သွင်းပြီး ရောင်းချတဲ့ကုမ္ပဏီနည်းပါတယ်။တစ် ဆင့် ယူရောင်းနေရသူ များပါတယ်။အမြတ်ခွန်နဲ့ ကုန်သွယ်ခွန်ဆောင်နေ ရပါတယ်။ အခွန်နှစ်ခုဆောင်နေရတာ ကို လူကြီးမင်းများ စဉ်းစားစီစဉ်ပေးစေ လိုပါတယ်။    မင်္ဂလာဈေးဟာ မှောင်ခိုရောင်းတဲ့ ဈေးမဟုတ်ပါ။ဘယ်အချိန်ဘယ်ကာလ ကမှ မှောင်ခိုပစ္စည်းရောင်းမယ်ဆိုတဲ့ ခံယူချက်နဲ့ ရောင်းနေတာ မဟုတ်ပါ ဘူး။ အချို့ဆေးဝါးတွေ တကယ်ကို လို အပ် ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို တင်သွင်းခွင့်ရလျှင် တင်သွင်းချင်တဲ့ လူ တွေ အများကြီးရှိပါတယ်။ လာဝယ်တဲ့ သူတွေဟာ အမှန်တကယ်  လိုအပ်လို့ လာဝယ်ကြတာ  ဖြစ်ပါတယ်။  လာ ရောင်းသူများကိုတော့ အမှန်တင်သွင်းမှု ရှိမရှိ မိမိတို့မသိနိုင်ပါဘူး။  စားသုံး သူအတွက် ဘယ်လို ကာကွယ်ပေးရမှာ ပါလဲ။ မလုပ်ရမှာကိုလုပ်လျှင်၊ လုပ်ရမှာ ကို မလုပ်လျှင် အပြစ်ဖြစ်ပါတယ်။ တစ်စုံတစ်ခုဖြစ်ပြီဆိုလျှင် ပစ္စည်းတွေ ဈေးတက်ကုန်ပါတယ်။ နမူနာပြောရ လျှင်ကြက်ငှက်တုပ်ကွေးရောဂါတွေပျံ့နှံ့ နေပြီဆိုတော့နှာခေါင်းစီးများ အရောင်း သွက်လာပြီးဈေးတွေလည်း တက်သွား ပါတယ်။ ကုမ္ပဏီတွေက ချပေးတဲ့ ဈေး တွေကမြင့်တာပါ။ ပြန်ထိန်းချုပ်လိုက်မှ ဈေးကျသွားပါတယ်။     ဈေးကွက်မှာ တကယ်လိုအပ်တဲ့ ဆေးများကို  အပြည့်အဝ  တင်သွင်း ခြင်းမရှိပါဘူး။ တင်သွင်းခွင့် မရတာ လား မတင်သွင်းတာလားလို့ မသိပါ။ အခြား ပစ္စည်းများကိုမူပိုင်ခွင့်ပေးသော် လည်း ဆေးကိုတော့မူပိုင်ခွင့်မပေးသင့် ဘူးလို့ပြောချင်ပါတယ်။အရည်အသွေး တွေ မှန်ကန်တယ်ဆိုလျှင် ဈေးကွက် စီးပွားရေး စနစ်အရ အားလုံးကို တင် သွင်းခွင့်ပေးစေချင်ပါတယ်။ဆေး လော ကမှာကြော်ငြာလိုက်လို့ ရောင်းအား တက်တာထက် ဈေးတက်တာ ပိုများပါ တယ်။ ကြော်ငြာခကို  ဝယ်သူကပေး လိုက်ရတဲ့သဘော  ဖြစ်နေပါတယ်။ Quality  မှန်မှန်ကန်ကန်သွင်းပြီး ထိုက် သင့်သောအကျိုးအမြတ်ကို ကျေကျေ နပ်နပ်ခံစားကာ  မင်္ဂလာဈေးကို ဖြန့် ပေးမယ်ဆိုလျှင် သက်သာသောဈေးနဲ့ ရောင်းပေးနိုင်မှာဖြစ်ပါတယ်။  ဆေး ဝါးတင်သွင်းမှုအပေါ်  စည်းကြပ်တဲ့ အခွန်နှုန်းကိုအတိုင်းအတာ တစ်ခုထိ လုံးဝ  လျှော့ချပေးစေချင်ပါတယ်။ ကြော်ငြာတစ်ခုအတွက် သိန်း ၁၀၀ ဝန်းကျင်မသုံးဘဲ  ဆေးဈေးချပေး စေချင်ပါတယ်။   ကြော်ငြာကဏ္ဍကို လျှော့ချသင့်ပါတယ်။     နယ်စပ်ကဝင်တဲ့   ဆေးတွေကို FDA အနေနဲ့ ကွင်းဆင်းစစ်ဆေးမှု လုပ် ပေးနိုင်မလားလို့သိလိုပါတယ်။လိုအပ် ပေမယ့်လည်း ခိုးသွင်းလာတဲ့ ပစ္စည်း တွေ မရှိသလောက်ပပျောက်သွားမှာ ဖြစ်ပါတယ်။ ဖြူဖြူမြင့် (အထည်ရောင်းသူ)    ချေးငွေနဲ့ပတ်သက်ပြီး တင်ပြလိုပါ တယ်။ မင်္ဂလာဈေးမှာ စုပေါင်းဘဏ် တစ်ခုထောင်ချင်ပါတယ်။ ဈေးသူဈေး သားတွေက ၄၀ ရာခိုင်နှုန်း၊ အစိုးရက  ၆၀ ရာခိုင်နှုန်းနဲ့ ဘဏ်တစ်ခုထူထောင် ပြီး အတိုးနှုန်းသက် သက်သာသာနဲ့ ငွေ ထုတ်ချေးပေးစေလိုပါတယ်။ Stock Share  ဈေးကွက်ထူထောင်ပေး စေလို ပါတယ်။ နောင်၁၀ နှစ်လောက် အကြာ မှာ အတိုးနှုန်းသက်သာစွာနဲ့  ငွေချေး နိုင်တဲ့ မင်္ဂလာဈေးပိုင် ဘဏ်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။