မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ် နှံသူတွေအတွက် ပိုမိုလမ်းဖွင့်ပေးလာ တဲ့အတွက် မြန်မာနိုင်ငံနဲ့ စီးပွားရေး လုပ်ငန်းတွေတိုးတက်ဆောင်ရွက်ကြဖို့ ဗီယက်နမ် ပြည်တွင်းစီးပွားရေးလုပ်ငန်း တွေကို ကျွမ်းကျင်သူတွေက တိုက်တွန်း ပါတယ်။ ရင်းနှီးမြှုပ်နှံမှု လိုင်စင်အတွက် အစိုးရဆီက ခွင့်ပြုချက်ရဖို့အချိန်ပထမ သုံးလကနေ အခု သီတင်းနှစ်ပတ်ကို လျှော့ချခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေး ကောင်စစ်ဝန် ထရန်ဖူးအမ်းက ပြောပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အမြင့်ဆုံးထုတ်ရမဲ့ မတည်ငွေရင်းကို မြန်မာအစိုးရက ကန့်သတ်ထားခြင်း မရှိကြောင်းနဲ့ အခွန်ကင်းလွတ်ခွင့် ကာလကိုလည်း ငါးနှစ်ကနေရှစ်နှစ် အထိ တိုးပေးမှာဖြစ်ကြောင်း ပြော ကြားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက မြေငှားခွင့်ကာလကို လက်ရှိ နှစ် ၃၀ ကနေ အနှစ် ၅၀ ထိ တိုးပေးမှာဖြစ် ကြောင်း သူက ပြောပါတယ်။ မူဝါဒသစ်တွေအရ အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံခြားလုပ် ငန်းအများအပြားကို ဆွဲဆောင်နိုင်မှုရှိ မှာဖြစ်ကြောင်း၊ အကယ်၍ ဗီယက်နမ် စီးပွားရေးလုပ်ငန်းတွေ လက်နှေးနေရင် အခွင့်အလမ်းတွေ လက်လွတ်ဆုံးရှုံးမှာ ဖြစ်ကြောင်းသူက ပြောပါတယ်။ ကမ္ဘာအနှံ့မှာရှိကြတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်နေကြောင်းနဲ့ နိုင်ငံခြားစီးပွား ရေးလုပ်ငန်းတွေက မြန်မာနိုင်ငံရဲ့ သတ္တုတွင်းထွက်များ၊ ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက် အဦနဲ့ ကုန်စည်များကို စိတ်ဝင်စား ကြောင်း ဗီယက်နမ်ကုန်သွယ်မှုသိပ္ပံမှ အကြီးတန်းစီးပွားရေးပညာရှင် ဖန် တက်သန်းက ပြောပါတယ်။ တကယ်လို့ အမေရိကန်ပြည် ထောင်စုနဲ့ ဥရောပသမဂ္ဂက စီးပွား ရေးပိတ်ဆို့တာကို ရုပ်သိမ်းလိုက်ရင် ဈေးကွက်က နိုင်ငံခြားသားတွေကို ပိုမို ပြီးဆွဲဆောင်လာလိမ့်မယ်လို့ သူက ပြောပါတယ်။ နှစ်နိုင်ငံအစိုးရတို့ရဲ့ ဆက်ဆံရေး ကောင်းမွန်မှုကြောင့် ဗီယက်နမ်စီးပွား ရေးလုပ်ငန်းတွေအတွက် မြန်မာ နိုင်ငံမှာ အခွင့်အလမ်း အားသာချက် တွေရှိနေတယ်လို့ သန်းကပြောပါတယ်။ ဗီယက်နမ်အစိုးရက ပြည်တွင်းစီးပွား ရေးလုပ်ငန်းတွေအတွက် အခွင့် အလမ်းသာတဲ့ အခြေအနေတွေ သူက ပြောပါတယ်။ ဗီယက်နမ်ရဲ့ သံမဏိ၊ အထည် ချုပ်၊ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်း၊ ဓါတ်မြေသြဇာ၊ အစားအစာနဲ့ သစ် အချောထည်တွေက မြန်မာနိုင်ငံမှာ လုပ်ငန်းတွေဆောင်ရွက်နေပြီဖြစ်ပေမဲ့ အခွင့်အလမ်းကို အပြည့်အ၀ ထုတ်ယူ သုံးစွဲနိုင်ခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံက လူသုံးကုန်ပစ္စည်းရဲ့ ၇၀ ရာခိုင်နှုန်းကို တင်သွင်းနေရတဲ့ အတွက် မြန်မာနိုင်ငံဟာ ဗီယက်နမ် ပို့ကုန်တွေအတွက်အလားအလာများတဲ့ ဈေးကွက်ဖြစ်တယ်လို့ သူက ပြောပါ တယ်။ ပို့ကုန်လုပ်ငန်းတွေအပြင် မြန်မာ နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး၊ ငါး မွေးမြူရေး၊ အီလက်ထရွန်းနစ် ထုတ် လုပ်ရေး၊ မော်တော်ကားထုတ်လုပ်ရေးနဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးတွေ မှာ ဆောင်ရွက်ဖို့ အမ်းက တိုက်တွန်း ပါတယ်။ Source: VNS. (8.2.12)
Background