စင်ကာပူနိုင်ငံက နိုင်ငံရဲ့ ဆောက်လုပ်ရေးကုန်ထုတ်လုပ်မှုကို မြှင့်တင်သင့် တယ်လို့ အမျိုးသားဖွံ့ဖြိုး ရေး ဝန်ကြီးခေါဘွန်းဝန်က ပြောပါတယ်။ ဒီရည် မှန်းချက်ထမြောက်အောင်မြင်ဖို့အတွက် အဆောက်အအုံ ဆောက်လုပ်ရေးနဲ့ ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့ (BCA) က ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်ဖြစ် မဲ့ ဒီဇိုင်းနဲ့ဆောက်လုပ်မှု တွေကို တွန်းအားပေး ဆောင်ရွက်နေပါတယ်။ ဆောက်လုပ်နိုင်စွမ်းရည်အမှတ်ပေးစနစ်အရ သမားရိုးကျအလုပ်သမား အမြောက်အမြား ငှားရမ်း ဆောက်လုပ်ရတဲ့ လုပ်ငန်းမျိုးကနေ လုပ်ငန်းခွင်ပြင်ပနဲ့ ပိုမိုအဆင့်မြင့်တဲ့ ဆောက်လုပ်ရေးနည်းပညာတွေ သုံးဖို့ BCA က ကန်ထရိုက်တာတွေကို တိုက်တွန်းထားပါတယ်။ စင်ကာပူဒေါ်လာ သန်း ၂၅၀ ရှိ BCA ရဲ့ ဆောက်လုပ်ရေးကုန်ထုတ်လုပ်မှုနဲ့ စွမ်းရည်ဆိုင်ရာရန်ပုံငွေက ထုတ်လုပ်နိုင်မှုစွမ်းရည်မြင့်စနစ်နဲ့ စက်ယန္တရားတွေ အသုံးပြုလာအောင် ဆွဲဆောင်မှု ပေးထားပါတယ်။ ယခုချိန်ထိ ရန်ပုံငွေရဲ့ အကျိုးခံစားခွင့်ကိုရထားတဲ့ ကုမ္ပဏီ ၁၆၀၀ ရှိပြီး ဒီအထဲက ၆၀ ရာခိုင်နှုန်းက အသေး စားလုပ်ငန်းတွေဖြစ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုနည်းတဲ့ နိုင်ငံခြားသားလုပ်သားတွေ အစုလိုက် အပြုံလိုက်ဝင်လာတာကို လျှော့ချပြီးတော့ လုပ်ငန်းတွေက လုပ်အားချွေတာသုံးရတဲ့ နည်းလမ်းတွေကို အသုံးပြုရမယ်လို့ မစ္စတာခေါက ပြောပါတယ်။ အတွေ့အကြုံရှိတဲ့ အလုပ်သမားတွေကို အဆင့်မြှင့်ထိန်းသိမ်းထားဖို့ BCA က ထောက်ပံ့မှုတွေ ပေးနေပါတယ်။ ဒီလိုဆောင်ရွက်တဲ့ထဲမှာ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနဲ့ ဆောက်လုပ် ရေးလုပ်ငန်းခွင်တွေ ကို ဦးဆောင်ဖို့ ကုန်ထုတ်လုပ်မှုမန်နေဂျာများ ဖွဲ့စည်းရေးလည်း ပါဝင်ပါတယ်။ ဖြစ်ပေါ်လာနိုင်မဲ့ ပြဿနာ တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မစမီ ကြိုတင်ဖြေရှင်းနိုင်အောင် ဆောက်လုပ်ရေး သတင်းအချက် အလက်တွေ ဖြန့်ဖြူးပေးဖို့လည်း ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ လျင်မြန်လာစေမယ်။ အရည်အသွေးကို မထိခိုက်စေဘဲနောက်တစ်ကြိမ် အထပ်ထပ်ပြန်လုပ်ရတဲ့ လုပ်ငန်းတွေကိုလည်း လျော့ကျသွားစေမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းအတွက် သုံးရတဲ့အချိန်ကိုကြည့်ရင် ပုံမှန်အထပ်မြင့် အဆောက်အအုံ တစ်ခုအတွက်အထပ်တစ်ထပ်ပြီးဖို့ စင်ကာပူမှာ ၁၂ ရက်၊ တရုတ်မှာ ခုနစ်ရက်နဲ့ ဟောင်ကောင်မှာ လေးရက်က ငါးရက်အထိပဲ ကြာပါတယ်။ အဓိကအကြောင်းရင်းက ဆောက်လုပ်မှုစွမ်းရည်ကြောင့်ဖြစ် တယ်လို့ မစ္စတာခေါက ပြောပါတယ်။ Source:CNA
Background