Main menu

Background

မြန်မာ့ပဲစင်းငုံ အရည်အသွေးမြှင့် တင်ပို့ခဲ့ခြင်းကြောင့် ပြည်ပဈေးကွက်တွင် ဈေးကောင်း

Mon, 02/13/2012 - 09:37 -- Anonymous (not verified)

               မြန်မာနိုင်ငံမှထွက်ရှိသော ပဲမျိုးစုံတင်ပို့မှုအနက် ပင်လယ်ရေ ကြောင်းမှ ပဲစင်းငုံတင်ပို့မှုအခြေအနေကို လေ့လာကြည့်လျှင် ကိန်းဂဏန်း စာရင်းဇယားများအရ အောက်ပါအတိုင်း တွေ့ရှိရမှာဖြစ်ပါတယ်-     (ကန်ဒေါ်လာသန်း)    စဉ်    ဘဏ္ဍာနှစ်            တန်ချိန်         တန်ဖိုး         ၁။    ၂၀၀၉-၂၀၁၀    ၁၉၃၉၃၈ .၄၄    ၁၄၂ .၄၃    ၂။    ၂၀၁၀-၂၀၁၁    ၁၄၆၁၇၀ .၇၂    ၁၂၁ .၇၅    ၃။    ၂၀၁၁-၂၀၁၂    ၂၄၂၃၀၄ .၅၄    ၁၄၅ .၆၄        (ဇန်နဝါရီလအထိ) မြန်မာနိုင်ငံမှ ပဲစင်းငုံကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပ ဈေးကွက်ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ယူအေအီး၊ ထိုင်း၊ မလေးရှား၊ အိုင်ယာလန်၊ တူရကီ၊ ဗီယက်နမ်၊ ဆော်ဒီအာရေဗီး ယား၊ ကာတာ၊ ပြင်သစ်၊ ဆွီဒင် ၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန် နှင့် ယူကေစသည့် ၁၇ နိုင်ငံသို့ တင်ပို့ကာ အိန္ဒိယ၊ စင်ကာပူနှင့် အင်ဒိုနီး ရှားတို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲစင်းငုံတင်ပို့လျက်ရှိသည့် ပြည်တွင်း ကုမ္ပဏီ ၁၇၃ ခုရှိပြီး ယခုလက်ရှိ ပုံမှန်အရည်အသွေးသန့်စင်မှု မရှိဘဲ ကုန်ကြမ်းတင်ပို့သည့် ပဲစင်းငုံအဖြူ (အဟောင်း) ဈေးနှုန်းမှာလည်း တစ်တန်လျှင် ၄၃၅-၄၅၅ ဒေါ်လာကြား ရရှိနေသော်လည်း  ယခုရက် သတ္တပတ်အတွင်း ပြည်ပတင်ပို့သည့် ကုမ္ပဏီတစ်ခုမှ ၂၀၁၁ ခုနှစ် ထွက် ကုန်ဖြစ်သည့် ပဲစင်းငုံအဖြူ (အဟောင်း) ကို (Top Quality Polished Colour Sorted Quality)  ပြုလုပ်ပြီး စင်ကာပူနိုင်ငံသို့ တင်ပို့ရာ၌ တစ်တန်လျှင် ၈၀၀ ဒေါ်လာခန့်ရရှိကြောင်း သိရှိရပါတယ်။အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူအား မေးမြန်းချက်အရ ယခုကဲ့သို့ အရောင်းမြှင့်တင်ဆောင်ရွက်ရာတွင် ကိုရီးယားနိုင်ငံမှ မှာယူတင်သွင်း ထားသော  Colour Sorter  စက်ကြီးများဖြင့် အရောင်ရောထွေးလျက်ရှိ သော ပဲစင်းငုံအဟောင်းများကို အရောင်ခွဲခြား ဆောင်ရွက်ခြင်းအားဖြင့် ဈေးကွက်အကြိုက် အရောင်များရရှိအောင် ဆောင်ရွက်ခဲ့သည့် အကျိုး ကျေးဇူးကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်းကုမ္ပဏီများအနေဖြင့်လည်း ၎င်း စက်အမျိုးအစားများကို ကိုရီးယားနိုင်ငံမှ မှာယူတင်သွင်းလျက်ရှိရာ ယခု အချိန်အထိ စက်အလုံး ၂၀ ခန့် ပြည်တွင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။အဆိုပါ ဆောင်ရွက်နိုင်မှုအရ   ပြည်ပသို့ကုန်ကြမ်းတင်ပို့မည့်အစား ကုန်ချောပြုလုပ်တင်ပို့ခြင်းအားဖြင့်  ဈေးကောင်းပိုမိုရရှိပြီး ပြည်ပဝင်ငွေ တိုးတက်ရှာဖွေနိုင်ရေးနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူရ ရှိမည်ဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ယခု နိုင်ငံတကာကုန်သွယ်မှုတွင်  ကုန်ပစ္စည်းအရင်ထုတ်လုပ်ပြီး ဈေးကွက် ရှာဖွေခြင်းထက်၊ ဈေးကွက်ရှာဖွေပြီး ဈေးကွက်အကြိုက် ပစ္စည်း အမျိုးအစားနှင့် အရည်အသွေးကို ထုတ်လုပ်တင်ပို့မှသာ ဈေးကောင်းရရှိ ပြီး ဝင်ငွေတိုးပွားမည်ဖြစ်ကြောင်း  တွေ့ရှိရမှာဖြစ်ပါတယ်။ ပြည်တွင်း ပဲစင်းငုံထုတ်လုပ်တင်ပို့ရောင်းချသူများအနေဖြင့် ယခုကုမ္ပဏီကဲ့သို့ အရည် အသွေးကောင်းပစ္စည်းထုတ်လုပ်၍ ပြည်ပသို့တင်ပို့ခြင်းဖြင့် ဈေးကောင်း ပိုမိုရရှိပြီး ပြည်ပဝင်ငွေတိုးပွားရှာနိုင်စေကြောင်းရည်ရွယ်၍ ရေးသားလိုက် ပါတယ်။                                           DOT EXP