တရုတ်နိုင်ငံအစိုးရက ပြည်တွင်း လုပ်သားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာ ကို ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး ၁၃ ရာခိုင်နှုန်းစီတိုးမြှင့်ပေး မယ်လို့ ဖေဖော်ဝါရီ ၉ ရက်က ထုတ် ပြန်တဲ့ အမျိုးသားအလုပ်အကိုင် ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်မှာ ဖော်ပြထား တယ်။တရုတ်နိုင်ငံက ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား ကာလတွေမှာ လည်း အနိမ့်ဆုံးလုပ်ခလစာကို နှစ်စဉ် ပျမ်းမျှအနေနဲ့ ၁၂ ဒသမ ၅ ရာခိုင်နှုန်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာ နယ်မြေဒေသ ကွဲပြား တာနဲ့အမျှ လုပ်ခလစာလည်း ၂၀ ရာ ခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းဝန်းကျင် ကွာ ခြားကြောင်း၊ မြို့တော်ဘေဂျင်းမှာ လုပ် သားတစ်ယောက် အနိမ့်ဆုံးလစာမှာ ၁၂၆၀ ယွမ် (၂၀၀ ဒေါ်လာ) ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ချွန်ကင်းမြူနီစပါယ်မြို့မှာ ၈၇၀ ယွမ် သာရရှိကြောင်း သိရတယ်။အနိမ့်ဆုံးလုပ်ခလစာကို တိုးမြှင့် ပေးခြင်းအနေနဲ့ လုပ်ခလစာအမြင့်ဆုံး ရသူတွေနဲ့ ပျမ်းမျှဝင်ငွေ ကွာဟချက် ကျဉ်းမြောင်းသွားစေဖို့ ရည်ရွယ် ကြောင်း၊ လက်ရှိတရုတ်နိုင်ငံမှာ အမြင့် ဆုံး လုပ်ခလစာက အနိမ့်ဆုံးလုပ်ခ လစာထက် ပျမ်းမျှအနေနဲ့ ခုနစ်ဆမြင့် မားကြောင်း၊ ဒါပေမဲ့ အမေရိကန်မှာ ၃ ဒသမ ၅ ဆသာ မြင့်မားကြောင်း တရုတ်နိုင်ငံ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး သုတေသန သိပ္ပံမှူးညွှန်ကြားရေးမှူး Yang Yiyong က ပြောကြားခဲ့တယ်။Source:xinhuanet.com ပပ
Background