ဗီယက်နမ်ဆန်ဈေးကွက် အောင်မြင်မှုသစ်ရရှိဖို့ သင်ခန်းစာဟောင်းများကို ပြန်သုံးသပ်ဖို့လိုပြီလို့ဆို
ဆန်ဈေးနှုန်းအမြင့်ဆုံးရောက်ရှိချိန် ဆန်တင်ပို့မှုကျဆင်းပြီး၊ ကမ္ဘာ့ဈေးအနိမ့်မှာရှိနေချိန် ဗီယက်နမ် ဆန်တင်ပို့မှု မြင့်တက်လေ့ရှိ တာ သင်ခန်းစာတစ်ရပ်ဖြစ်ပါတယ်။အောင်မြင်မှု ၂ ဆ၂၀၁၁ ခုနှစ်မှာ ဆန်တန်ချိန် ၇ ဒသမ ၁ သန်းအထိ စံချိန်တင် တင်ပို့နိုင်ခြင်းနဲ့အတူ ကမ္ဘာမှာ ဆန်တင်ပို့နိုင်ငံကြီးအဖြစ် ဗီယက် နမ်ဟာ ၎င်းင်းရဲ့နေရာကို အခိုင်အမာရရှိခဲ့ပါတယ်။ နိုင်ငံရဲ့ လယ်ယာ ထွက်ကုန်တင်ပို့ခြင်းကို လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်ကြာကတည်းက ခိုင်ခိုင်မာမာရရှိခဲ့ပါတယ်။ စက်မှုလက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန ရဲ့ ဆန်ကျွမ်းကျင်ရှင်တစ်ဦးဖြစ်တဲ့ Nguyen Dinh Bich က ၎င်းရဲ့ဆောင်းပါးမှာ ဗီယက်နမ်ရဲ့ ဆန်တင်ပို့မှုဟာ နှစ်စဉ်နှစ်တိုင်း ဆက်လက်စံချိန်တင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။၂၀၀၉ ခုနှစ်မှာ ဗီယက်နမ်ဟာ ဆန်တန်ချိန် ၆ သန်းကျော် တင်ပို့နိုင်လို့ ၂၀၀၈ ခုနှစ်ထက် တန်ချိန် ၁ ဒသမ ၄ သန်းတိုးမြှင့် တင်ပို့နိုင်ခဲ့ပါတယ်။ အဲဒီပမာဏဟာ ကမ္ဘာ့ဆန်တင်ပို့မှုမှာ ဗီယက် နမ်နိုင်ငံရဲ့ဆန်တင်ပို့မှုက ၂၀ ရာခိုင်နှုန်းကျော်ပါဝင်ခဲ့တာ ပထမ ဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ တန်ချိန် ၆ ဒသမ ၇၅ သန်းနဲ့ ကမ္ဘာ့စုစုပေါင်းတင်ပို့မှုရဲ့ ၂၁ ဒသမ ၄ ရာခိုင်နှုန်း နေရာရခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ထက် ဆန်တန်ချိန် ၃၅၀၀၀၀ သာ ပိုမိုတင်ပို့နိုင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ဗီယက်နမ်ရဲ့ ဆန်တင်ပို့မှု ပမာဏ ဟာ ကမ္ဘာ့တင်ပို့မှုရဲ့ ၂၀ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိနေဆဲဖြစ်ပါ တယ်။၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ဆန်တင်ပို့မှုပမာဏဟာ သိသိသာသာတိုးတက်ခဲ့ရာ ပျမ်းမျှပမာဏ ဟာ ၁၄ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုစံချိန် တင်တိုးတက်မှုဟာ အခြားကမ္ဘာ့ဆန်တင်ပို့နိုင်ငံတွေမှာ မရှိသေးဘူး လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံဟာ ဆန်တင်ပို့ တဲ့ပမာဏသာ တိုးတက်တာမဟုတ်ဘဲ ရောင်းဈေးက အမြင့်ရရှိခဲ့လို့ အောင်မြင်မှု နှစ်ဆရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပျမ်းမျှဆန်တင်ပို့ဈေး နှုန်းဟာ တစ်တန် ကန်ဒေါ်လာ ၄၉၄ ရရှိခဲ့ပြီး၊ ပြည်ပတင်ပို့ခြင်းမှ ရရှိတဲ့ဝင်ငွေကလည်း ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံထိ အမြင့် ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ဆန်တင်ပို့ဈေး တစ်တန် ပျမ်းမျှကန် ဒေါ်လာ ၄၉၄ ဟာ ၂၀၀၈ ခုနှစ်မှာ စံချိန်တင်ခဲ့တဲ့ ကန်ဒေါ်လာ ၅၆၉ နဲ့ယှဉ်ရင် နိမ့်ကျခဲ့ပါတယ်။ ဒါပေမယ့် FAO ရဲ့ ၂၀၁၁ နှစ် အတွက် ဆန်ဈေးနှုန်းညွှန်းကိန်းကတော့ ၂၀၁၀ ကာလတူနဲ့ယှဉ်ရင် ပျမ်းမျှ ၁၀ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဗီယက်နမ်ဆန်က ဈေးကောင်းနဲ့ရရှိရင် တောင်သူများလည်း အကျိုးအမြတ် ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။ လယ် သမားတွေက ဆန်တင်ပို့တဲ့ကုမ္ပဏီတွေကို ရောင်းဈေးကလည်း စံချိန် တင်မြင့်တက်ခဲ့ပါတယ်။ ဗီယက်နမ် စားနပ်ရိက္ခာအသင်းရဲ့ ပြော ကြားချက်အရ ၂၀၁၁ အတွင်း မဲခေါင်ဒေသမှာ ဆန်တစ်ကီလို ၄၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါင် ၆၁၀၀ (ကန်ဒေါ်လာ ၀ ဒသမ ၂၉၁) ရှိခဲ့တယ်လို့ သိရပါတယ်။ ပမာဏမြင့်တက်ပြီး တန်ဖိုးနိမ့်ကျဒါပေမယ့်လည်း ဆန်တင်ပို့မှုမှာ ကျွမ်းနေတဲ့ရောဂါကို ကုသမှု မရှိခဲ့ဘူးလို့ဆိုပါတယ်။ ဗီယက်နမ် ဆန်တင်ပို့သူများဟာ ဆန်ဈေး ကျချိန်မှာ ဆန်တွန်းတင်ပြီး ဈေးနှုန်းမြင့်လာရင်တော့ တင်ပို့မှု လျှော့ ချကြပါတယ်။ အဲဒီလိုအဖြစ်အပျက်က ၁၉၉၈-၂၀၀၀ နဲ့ မကြာသေး ခင် ၂၀၀၈ ခုနှစ်တို့မှာဖြစ်ခဲ့ပါတယ်။ VFA ရဲ့ စာရင်းများအရ ဒုတိယ သုံးလပတ်အတွင်း ဆန်တင်ပို့ဈေး တစ်တန်ကန်ဒေါ်လာ ၄၆၅ အောက်ကိုရောက်ရှိချိန် တင်ပို့တဲ့ပမာဏက တန်ချိန် ၂ ဒသမ ၀၅၃ သန်းအထိ နှစ်စဉ်တင်ပို့မှုရဲ့ ၂၈ ဒသမ ၉ ရာခိုင်နှုန်းထိ မြင့် တက်ခဲ့ပါတယ်။ဆန်ဈေးတစ်တန် ကန်ဒေါ်လာ ၅၆၂ ထိ အမြင့်ဆုံးဖြစ်ခဲ့တဲ့ စတုတ္ထသုံးလပတ်မှာတော့ ပမာဏက ၁ ဒသမ ၂၃၄ သန်းသို့မဟုတ် တစ်နှစ်လုံး တင်ပို့မှုရဲ့ ၁၇ ဒသမ ၄ ရာခိုင်နှုန်းကိုလျှော့ချခဲ့ပါတယ်။ ပထမ ၈ လအတွင်း ဆန်ဈေးတစ်တန် ကန်ဒေါ်လာ ၄၇၆ နဲ့ တန် ချိန် ၅ ဒသမ ၃၁ သန်းတင်ပို့ခဲ့ပြီး၊ နောက်ဆုံး ၄ လအတွင်း ကန် ဒေါ်လာ ၅၄၇ဈေးရှိချိန်မှာ တန်ချိန် ၁ ဒသမ ၇၉ သန်းသာ တင်ပို့ ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာဆန်ထွက်ရှိမှု တန်ချိန် ၂ဒသမ ၃၂ သန်း ပိုမိုခဲ့ပေမယ့် ဆန်တင်ပို့မှု ပမာဏကတော့ ယခင်နှစ်ထက် တန်ချိန် ၃၅၀၀၀၀ သာ ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။Source: Dat Viet
