Main menu

Background

ဗီယက်နမ်မှ ဂျာမနီနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်

Mon, 02/13/2012 - 09:54 -- Anonymous (not verified)

         ဥရောပသမဂ္ဂမှာရှိတဲ့ နိုင်ငံတွေအနက် ဂျာမနီနိုင်ငံက ဗီယက်နမ်ပို့ကုန်တွေရဲ့ အရေးကြီး ဆုံးဈေးကွက်ဖြစ်ပြီး ရှေ့ဆက်ပို့ကုန်တင်ပို့ဖို့ အလားအလာကောင်းတွေရှိကြောင်း ဗီယက်နမ်စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနMOIT   ရဲ့ ကုန်သွယ်မှုမြှင့်တင်ရေးဌာနအကြီးအကဲက ပြောကြားပါတယ်။ ဝန်ကြီးဌာနရဲ့ စာရင်းများအရ လွန်ခဲ့တဲ့နှစ်က ဂျာမနီကို ပို့ကုန်တင်ပို့မှု ဒေါ်လာ ၃ ဒသမ ၃၅ ဘီလီယံရှိပြီး ၂၀၁၀ ထက် ၄၁ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ပါတယ်။ ဒီလိုဂျာမနီကို ပို့ကုန်အဆက်မပြတ် တင်ပို့နေရပေမယ့်လည်း ဗီယက်နမ်ပစ္စည်းတွေက ဈေးကွက်ထဲကို အပြည့်အဝမ၀င်ရောက်နိုင်သေး ကြောင်း ၎င်းင်းအကြီးအကဲကပြောကြားပါတယ်။ ဗီယက်နမ်ကနေဂျာမနီကို တင်ပို့တဲ့ပစ္စည်းတွေက တော့ ရှူးဖိနပ်၊ အထည်အလိပ်၊ ကော်ဖီစေ့၊ သစ်ပရိဘောဂ၊ ပင်လယ်စာနဲ့ သားရေပစ္စည်းများဖြစ်ပြီး ဗီယက်နမ်က စက်ပစ္စည်း၊ မော်တော်ကား၊ ဆေးဝါးနဲ့ ဓါတုပစ္စည်းများ ပြန်လည်တင်သွင်းပါတယ်။ လွန်ခဲ့တဲ့နှစ်က ဂျာမနီမှာ ဥရောပသမဂ္ဂနိုင်ငံတွေထဲက ပို့ကုန်ဝေစု ၁၉ ရာခိုင်နှုန်းယူထားပြီး အများ ဆုံးကုန်သွယ်ဖက်ဖြစ်ကြောင်း ဟိုချီမင်းမြို့မှ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဗဟိုဌာနရဲ့ စာရင်းများအရ သိရပါတယ်။ ဗီယက်နမ်က ဂျာမနီကိုတင်ပို့တဲ့ ၁၄၇ နိုင်ငံမှာ အဆင့် ၄၉ရှိပြီး ဂျာမနီမှတင်သွင်းတဲ့ ၁၄၄ နိုင်ငံမှာတော့ အဆင့် ၄၇ ရှိကြောင်း သိရပါတယ်။EU  အဆင့်မီတဲ့ ကုန်ပစ္စည်းတွေတင်ပို့ဖို့ ပိုလို အပ်ကြောင်း ဗီယက်နမ်မှာ ဂျာမန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဌာန အကြီးအကဲက ပြောကြား ပါတယ်။ ဂျာမနီကိုတင်ပို့တဲ့ ကုန်ပစ္စည်းတွေက အရည်အသွေး၊ သန့်ရှင်းမှုတွေရှိရမှာဖြစ်တာကြောင့် လုပ်ငန်းစဉ်စည်းကမ်းတင်းကျပ်ကြောင်း ၎င်းအကြီးအကဲက ပြောကြားပါတယ်။ MOIT  က ဗီယက်နမ်လုပ်ငန်းတွေတိုးမြှင့်ပြီး ဂျာမနီနဲ့ ပိုမိုကုန်သွယ်လိုပြီး ဗီယက်နမ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ SASCO  က ဂျာမနီမှာ ဗီယက်နမ်လုပ်ငန်းတွေအတွက် အထောက်အပံ့ဖြစ်ဖို့ စီးပွားရေး စင်တာတစ်ခုဆောက်လုပ်မယ်လို့ သိရပါတယ်။  ဂျာမန်ဈေးကွက်မှာ စရိတ်အသက်သာဆုံးနှုန်းနဲ့ ဗီယက်နမ်ကုမ္ပဏီတွေ စီးပွားရေးချဲ့ထွင်ဖို့ တူညီမှာဖြစ်ကြောင်း SASCO  ရဲ့ ဒုတိယညွှန်မှူးက ပြောကြားပါတယ်။ ဒီစင်တာကို ဇွန်လမှာစတင်ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပြီး ဗီယက်နမ်ကုန်ပစ္စည်း တွေကိုပြသကာ ဂျာမန်စားသုံးသူတွေရဲ့ အလေ့အထကို သတင်းအချက် အလက်ပေးပြီး ထောက်ပံ့ မှာဖြစ်ပါတယ်။ ဗီယက်နမ်ဘီယာနဲ့ ကော်ဖီအပါအဝင် ခရီးသွားလုပ်ငန်းအတွက် ပစ္စည်းတွေကို ဒီစင်တာမှာ ပြသထားမှာဖြစ်ကြောင်း သိရပါတယ်။ ကနဦးမိတ်ဆက်အနေနဲ့ လာမယ့်လ ဘာလင်မှာ ကျင်းပမယ့် ကုန်စည်ပြပွဲ၌ ဗီယက်နမ်ကော်ဖီကို ပွဲထုတ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဇွန်လအတွင်းမှာ လည်း EU  အဆင့်မီ ဗီယက်နမ်ပစ္စည်းတွေဖြစ်တဲ့ ကျွဲကောသီး၊ သရက်သီး၊ သင်္ဘောသီး၊ ပုစွန်၊ ဘာဆာငါးနဲ့ ကော်ဖီတို့ကိုလည်း မိတ်ဆက်မယ်လို့ သိရပါတယ်။ ဗီယက်နမ်မှာ ဂျာမနီက စီမံကိန်း ၁၆၁ ခု  အကောင်အထည်ဖော်နေပြီး တန်ဖိုး ဒေါ်လာ ၈၂၄ သန်းခန့်ရှိကာ ဂျာမနီက ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ ၉၁ နိုင်ငံမှာ အဆင့် ၂၂ ရှိကြောင်း သိရပါတယ်။ ဟိုချီမင်းမြို့တစ်ခုထဲမှာပဲ ဂျာမန်ရင်းနှီးမြှုပ်နှံ မှုစီမံကိန်း ၆၁ခုရှိပြီး တန်ဖိုးဒေါ်လာ ၃၄၅ သန်းရှိကာ ဗီယက်နမ်က ဂျာမနီမှာ ရင်းနှီးမြှုပ်နှံမှု စီမံ ကိန်း ၁၀ခုရှိကာ တန်ဖိုး ဒေါ်လာ ၂၅ သန်းခန့်ရှိကြောင်းသိရပါတယ်။  Source: VNS,K.Z.W