Main menu

Background

တရုတ်နိုင်ငံ ပြည်တွင်းလောင်စာဆီ ဈေးနှုန်းများ တိုးမြှင့်ပေး

Mon, 02/13/2012 - 09:56 -- Anonymous (not verified)

             ကမ္ဘာ့ဒုတိယမြောက် ရေနံသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေကို ၁၀ လအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးမြှင့်သွားမယ်လို့ သိရတယ်။ China Petroleum & Chemical Corp နဲ့ Petrochina.Co တို့ရဲ့ လောင်စာဆီထုတ်လုပ်မှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး ဈေးနှုန်းကိုမြှင့်တင်မယ်လို့ သိရတယ်။ဖေဖော်ဝါရီ ၇ ရက်မှစပြီး ဓာတ်ဆီနဲ့ ဒီဇယ်လက်လီဈေးနှုန်းတွေက တစ်တန်ကို ၃၀၀ ယွမ် (ကန်ဒေါ်လာ ၄၇ ဒသမ ၅၈) စီ ပိုမိုလာမှာဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင် ပြောင်းလဲရေးကော်မရှင်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတယ်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံက ဓာတ်ဆီနဲ့ ဒီဇယ် လက်လီဈေးနှုန်းတွေကို ငါးကြိမ်ခွဲပြီး ဈေးနှုန်းမြှင့်တင်ပေးနိုင်ဖွယ်ရှိကြောင်း၊ တစ်နှစ်တာအတွင်းဈေးနှုန်း ၁၅ ရာခိုင်နှုန်းမြင့်မားဖွယ်ရှိပြီး တစ်ဂါလန်ကို ၄ ဒသမ ၁၀ဒေါ်လာအထိ ရောက်ရှိသွားနိုင်ကြောင်း ဟောင်ကောင်ရှိ Mirae Asset Securities  မှ စွမ်းအင်သုတေသန ဥက္ကဋ္ဌ ဂေါ်ဒန်ကွမ်က ပြောကြား တယ်။                                                                                                Source:Bloomberg.com,  ပပ