Main menu

Background

မြန်မာ့လယ်ယာထွက်ကုန် ပဲမျိုးစုံအား ပြည်ပတင်ပို့ရာမှာ အရည်အသွေးမြှင့်တင်ပြုပြင်တင်ပို့ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအား ပိုမိုအကျိုးရရှိစေရေး

Mon, 02/13/2012 - 10:05 -- Anonymous (not verified)

                   လယ်ယာထွက်ကုန် ကောက်ပဲသီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ် သည်မှစပြီး သန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကုန် ချောအဖြစ် ပြုပြင်ထုတ်လုပ်ခြင်းနဲ့ နောက်ဆုံးစားသုံးသူလက်ဝယ် အရောက် ရောင်းချခြင်းစတဲ့ လုပ်ငန်းအဆင့်ဆင့်ဟာ ကုန်သွယ်ရေး လုပ်ငန်းမှာ အရေးပါတဲ့လုပ်ငန်းများဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနဲ့ ရောင်းဝယ်တဲ့ကုန်သည်များ၊ သိုလှောင် သူများ၊ ကုန်ချောထုတ်လုပ်သူများစတဲ့ လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ်ရေးလုပ်ငန်းမှာ ပါဝင်သူများအားလုံးဟာ အဲဒီလုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာသုံးသပ်သင့်ပါတယ်။ ဒါ့အပြင် ကုန်ချော ထုတ်လုပ်ရာမှာ အရည်အသွေးမြင့် ကုန်ချောများ ပြုပြင်ထုတ်လုပ် ခြင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားအပါအဝင် ရောင်းဝယ်တဲ့ ကုန်သည်များ၊ ကုန်ချော ပြုပြင်ထုတ်လုပ်သူများ အားလုံးပိုမိုအကျိုးဖြစ်ထွန်းစေကာ မြန်မာနိုင်ငံရဲ့ထုတ်ကုန်များ ကမ္ဘာ့ ဈေးကွက်မှာ မျက်နှာပန်းလှကာ ဈေးကွက်ပိုမိုရရှိနိုင်ပါတယ်။ စားသုံးသူများဟာ ပဲမျိုးစုံကိုသန့်စင်ပြီးမှ ပြုတ်၍လည်း ကောင်း စားသုံးကြသကဲ့သို့ ပဲအားအပင်ဖောက်ကာ ပဲပင်ပေါက် အဖြစ်လည်းကောင်း၊ အခွံချွတ်ခြင်း၊ ခွဲခြမ်းခြင်း၊ အမှုန့်ပြုလုပ်ခြင်း စသည်ဖြင့်ပြုပြင်ကာ ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးသလို မုန့် အမျိုးမျိုးပြုလုပ်စားသုံးခြင်း၊ ပုန်းရည်ကြီး၊ ပဲပြား၊ ကြာဆန် စတဲ့ စားသောက်ကုန်အမျိုးမျိုး  ပြုပြင်ထုတ်လုပ်စားသုံးတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ဘယ်လိုပဲစားသုံးစေကာမူ ပဲကိုရာနှုန်းပြည့် သန့်စင်စေပြီးမှသာ အဆင့်ဆင့်ပြုပြင်ကြိတ်ခွဲခြင်း၊ စားသုံးကုန်အဖြစ် ထုတ်လုပ်ခြင်း၊ စားသုံးခြင်းကို လုပ်ဆောင်ကြပါတယ်။မြန်မာနိုင်ငံက ပြည်ပကိုတင်ပို့နေတဲ့ ပဲစင်းငုံ (Raw) ကို အိန္ဒိယနိုင်ငံရောက်ရှိပြီးမှ အခွံချွတ်ခြင်း၊ အခြမ်း ခြမ်းခြင်းစတဲ့ ပြုပြင်မှုများ ပြုလုပ်ပြီးမှသာစားသုံးကြပါတယ်။ မြန်မာနိုင်ငံမှ ပဲစင်းငုံ (Raw) အား အခွံချွတ် အခြမ်းပြုပြင်ခြင်းအားဖြင့် ကုန်ချော ၇၀ ရာခိုင်နှုန်းမှ ၇၂ ရာခိုင်နှုန်းအထိရရှိပြီး၊ အလျော့ ၂၈ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိရှိတဲ့အတွက် မြန်မာနိုင်ငံအတွက် ကုန်ကြမ်း အတိုင်းတင်ပို့မှုဟာ နစ်နာမှုများဖြစ်ပေါ်နေပါတယ်။ ယင်းနစ်နာမှုကို အောက်ပါအတိုင်း တွက်ချက်တင်ပြပါတယ် -    ပဲစင်းငုံ Raw ၁၀၀ %                                            ၁၀၀ ပိဿာ    ပဲစင်းငုံ Raw ၁၀၀ %ကို သန့်စင်ပါက လျော့မဲ့          ၉၇-၉၅ ပိဿာကျန်    ၃%မှ ၅%        သန့်စင်ပြီး ပဲစင်းငုံ ၉၅-၉၇ ပိဿာကို အခွံချွတ်ပါက     ၇၀-၇၂ ပိဿာကျန်      လျော့မဲ့အလျော့ ၂၅%ကုန်ချော     ၂၅.၁.၂၀၁၂ ရက်နေ့ မကွေးတိုင်းတွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ    ပဲစင်းငုံ(အနီ)တစ်တင်း(၂၀ ပိဿာ)၁၅၇၀၀ကျပ်    တစ်ပိဿာ      ၇၈၅ .၀၀ ကျပ်    နယ်အဝယ်တော်ကော်မရှင်ခ (၁%)    တစ်ပိဿာ                      ၇ .၈၅ ကျပ်    မကွေးမှ ရန်ကုန်အရောက်ပျမ်းမျှကားခ    တစ်ပိဿာ                 ၅၅ .၀၀ ကျပ်    ပဲထည့်ရန်အတွက် ၂၅၀ ကျပ်ပီနံအိတ်ခွန်ဖိုး    တစ်ပိဿာ           ၈ .၀၃ ကျပ်    လုပ်အားခနှင့် အထွေထွေစရိတ်    တစ်ပိဿာ                         ၂ .၀၀ ကျပ်    ရန်ကုန်အရောက်ပဲစင်းငုံ(အနီ)Rawတစ်ပိဿာဈေး                   ၈၅၇ .၉၈ ကျပ်    ပဲစင်းငုံ(အနီ) RAW တစ်တန်                                          ၅၂၅၀၈၃ .၇၆ ကျပ်    ကုန်ကျငွေ(၈၅၇ .၉၈ ကျပ်×၆၁၂ ပိဿာ)    သင်္ဘောတင်စရိတ်    တစ်တန်                                         ၁၂၀၀၀ .၀၀ ကျပ်    ၂၄ တန်ကွန်တိန်နာတစ်လုံး အိန္ဒိယအရောက်     တစ်တန်       ၂၁၂၅၀ .၀၀ ကျပ်    (US$ ၆၀၀×၈၅၀ကျပ်=၆၁၀၀၀၀ကျပ်)/၂၄ တန်    အိန္ဒိယဆိပ်ကမ်းအရောက်    တစ်တန်                                ၅၅၈၃၃၃ .၇၆ ကျပ်ယင်းကုန်ကျငွေအပေါ် အနည်းဆုံးအလျော့ ၁၅ ရာခိုင်နှုန်းနဲ့ တွက်ပါက တစ်တန် ၈၃၇၅၀ ဒသမ ၀၆ ကျပ်တန်ဖိုးရှိပြီး၊ ၎င်းင်းကုန် တန်ဖိုးအလျော့ကို မြန်မာနိုင်ငံက ကုန်သည်များနဲ့ တောင်သူလယ်သ မားများ သန့်စင်ပြီးပြုပြင်တင်ပို့ပါက ပိုမိုရရှိနိုင်မှာဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။၎င်းင်းတွက်ချက်မှုမှာ အိန္ဒိယနိုင်ငံ  ဆိပ်ကမ်းအရောက်သာ တွက်ချက်ထားခြင်းဖြစ်ပြီး စက်ရုံသို့သယ်ယူစရိတ်နဲ့ စက်ဖြင့်သန့် စင်ခများကို တွက်ချက်သန့်စင်ခြင်း မရှိသေးပါ။ အထက်ပါကဲ့သို့ မြန်မာနိုင်ငံမှပဲများကိုသန့်စင်ပြီးမှ ပြည်ပသို့တင်ပို့ရန် သတ်မှတ်ပါ  က မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ ဈေးနှုန်းပိုမိုရရှိခြင်း ကြောင့် ဝင်ငွေတိုးတက်ရရှိနိုင်ခြင်း၊ ပြုပြင်ကြိတ်ခွဲခြင်းမှထွက်ရှိ လာသော ဘေးထွက်ပစ္စည်း အဖျင်းအမှော်များအား မိမိမွေးမြူထား သော ကျွဲ၊ နွားနဲ့ အခြားတိရစ္ဆာန်များအတွက် အစာအဖြစ်ရရှိခြင်း၊ ပိုလျှံသော ပဲအဖျင်းအမှော်များကို ရောင်းချခြင်းအားဖြင့် အပိုဝင် ငွေရရှိစေပြီး မွေးမြူရေးလုပ်ငန်းကိုလည်း အထောက်အကူဖြစ်စေ ခြင်း၊ မြန်မာနိုင်ငံထွက် ပဲစင်းငုံတစ်မျိုးတည်း တစ်နှစ်ကို တန် ၂ သိန်းထွက်ရှိပါက ၁၅ရာခိုင်နှုန်းမှာ တန်ချိန် ၃၀၀၀၀ အတွက် နိုင်ငံ တော်က ဝယ်ယူတင်သွင်းနေရသော ဒီဇယ်၊ ဓာတ်ဆီနဲ့ ကားအပို ပစ္စည်းအမျိုးမျိုး၊ နိုင်ငံခြားငွေ သက်သာစေခြင်း၊ အခြားပဲမျိုးစုံများ ကိုလည်း အလားတူ ၁၀၀ ရာခိုင်နှုန်းသန့်စင်ပြီးမှ ရောင်းချစေခြင်း အားဖြင့် နိုင်ငံခြားဈေးကွက် ပိုမိုရရှိစေခြင်း၊ ပဲမျိုးစုံအား အမှန် တကယ် ပြည်ပသို့တင်ပို့ခြင်းမပြုဘဲ ဈေးကစားခြင်းနဲ့ အရည်အသွေး အတွက် အငြင်းပွားမှုများ၊ ဈေးကွာဟမှုများကို တားဆီးနိုင်ခြင်း၊ အခြားထုတ်ကုန်ပစ္စည်းများကိုလည်း သင့်တော်တဲ့အရည်အသွေးမြှင့် တင်ကာ တင်ပို့ရောင်းချခြင်းအားဖြင့် မြန်မာ့ထုတ်ကုန်များ၊ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ဈေးကွက်ရရှိပြီး ရေရှည်တည်တံ့နိုင်မှာဖြစ်ကြောင်း နဲ့ ပိုမိုတိုးတက်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ဒါကြောင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်းနဲ့ အခြားစိုက်ပျိုး ရေးထွက်ကုန်များကို နိုင်ငံခြားသို့တင်ပို့   (Export) ရာမှာ ဆန်ကာချ သန့်စင်ပြုပြင်ပြီးမှသာ တင်ပို့ခွင့်ပြုခြင်းဟာ ရေရှည်မှာနိုင်ငံတော် အတွက်သာမက ကုန်သည်များနဲ့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ လယ်သမားများအတွက် အကျိုးရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း ကုန်သည်များအနေနဲ့လည်း သိုလှောင်ရန်သိုလှောင်ရုံ များ၊ စက်ရုံများ အလုံအလောက်ရှိတဲ့အပြင် စက်များလည်ပတ်ရန် လျှပ်စစ်ဓာတ်အားမှာလည်း လုံလုံလောက်လောက် ရရှိပြီးဖြစ်တဲ့ အတွက် ထိုကိစ္စမှာ နိုင်ငံတော်က ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်အကောင်အထည်ဖော်မှသာ အများက တညီတညွတ်တည်း လိုက်နာပြုပြင်ပြောင်းလဲကြမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။MIRT