တောင်ကိုရီးယားနိုင်ငံမှာ ကာလရှည်အအေး လွန်ကဲတာကြောင့် ဈေးကွက်များမှာ လတ်ဆတ် သီးနှံဈေးနှုန်းများ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိ အချိန်ဟာ နှစ်တစ်နှစ်ရဲ့အအေးဆုံးအချိန်ဖြစ်သလို ၁၀ စုနှစ်များစွာအတွင်းမှာလည်း အအေးအပိုဆုံး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရေနံဝယ်လိုအား မြင့် တက်ခြင်းနဲ့ စိုက်ပျိုးစရိတ် ပိုမိုလာခြင်းတို့အပြင် သယ်ယူပို့ဆောင်မှုစရိတ်များလည်း မြင့်တက်တာ ကြောင့် ရောင်းချမှုလျော့ကျလာတယ်လို့ သိရပါ တယ်။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းထိအောင် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အကယ်လို့ ဒီနှုန်းအတိုင်းသာ မြင့် တက်မယ်ဆိုရင် လာမယ့်ကာလတွေမှာ ဈေးကွက် ဈေးနှုန်းအတက်အကျ ကြမ်းနိုင်တယ်လို့ စီးပွား ရေးလေ့လာဆန်းစစ်သူများက ခန့်မှန်းကြပါတယ်။ယမင်းခင်Source: arirang.com
Background