Main menu

Background

မွန်ဘိုင်းတွင် ၁၀ နှစ်အတွင်း အအေးဆုံးဖြစ်

Mon, 02/13/2012 - 10:17 -- Anonymous (not verified)

             အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ဖေဖော်ဝါရီ ၉ ရက်က အနိမ့်ဆုံးအပူချိန် ၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိပြီး ဆယ်နှစ်အတွင်း ဖေဖော် ဝါရီလမှာ အအေးဆုံးဖြစ်ခဲ့ပါတယ်။ ဆန်တာဂရုမှာ ၂၄ နာရီအတွင်း အပူချိန် ၅ ဒီဂရီကျော်ကျဆင်းပြီး ပုံမှန် အပူချိန်ဖြစ်တဲ့ ၁၆ ဒီဂရီအောက် ၇ ဒီဂရီလောက်ကျဆင်းခဲ့ပါတယ်။ ကိုဘာလာမှာလည်း အပူချိန်တွေ ကျဆင်းနေပါတယ်။ယခုကဲ့သို့ဖြစ်ပွားရတာဟာ မြောက်ပိုင်းဒေသကို အနောက်ပိုင်းဒေသရဲ့ ရာသီဥတုလွှမ်းမိုးကာ လေအေးတွေပြင်းပြင်းထန်ထန်တိုက်လို့ဖြစ်ရကြောင်း မိုးလေဝသဌာနက သုံးသပ်ပါတယ်။  ယခုနှစ် အိန္ဒိယမှာ ပထမဆုံးအအေးဆုံးနေ့က ဇန်နဝါရီ ၁၀ ရက်ဖြစ်ပြီး အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်က ဒုတိယအအေးဆုံးဖြစ်ပြီး အပူချိန် ၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပါတယ်။ မွန်ဘိုင်းမှာ အပူချိန်အနိမ့်ဆုံးမှတ် တမ်းဝင်ခဲ့တဲ့ ရက်က ၁၉၆၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်ဖြစ်ပြီး အပူချိန် ၇ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပါတယ်။              Source: indiaexpress.com