Main menu

Background

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် လူတစ်သန်းကျော် ပူပြင်းခြောက်သွေ့ဒဏ်ခံရ

Mon, 02/13/2012 - 10:15 -- Anonymous (not verified)

                     တရုတ်နိုင်ငံ  အနောက်တောင်ပိုင်းတွင် ပူပြင်းခြောက်သွေ့မှုဖြစ်ပွားခဲ့ရာ လူ ၅ ဒသမ ၄၄ သန်းခန့်နဲ့ ကျွဲနွား ၈၂၇၀၀၀ ခန့် သောက်သုံးရေ ပြတ်လပ်လျက်ရှိကြောင်းနဲ့ မြေဧရိယာ ၂ ဒသမ ၃၅ သန်း (၁ ဧက=၆ မူ )ပေါ်တွင်ရှိသော  သီးနှံ များထိခိုက်မှုရှိခဲ့ကြောင်း ပြည်နယ်ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနှင့် ပူပြင်းခြောက်သွေ့မှု သက် သာရေးဌာနချုပ်ရုံးမှ ပြောပါတယ်။ပြည်နယ် မိုးလေဝသလေ့လာရေး အဖွဲ့ရဲ့ အဆိုအရ ယူနန်ပြည်နယ် အရှေ့ပိုင်းနဲ့ အနောက် မြောက်ပိုင်းဒေသတွေမှာ ဖေဖော်ဝါရီလဆန်းပိုင်း မှာ မိုးဖွဲများရွာသွန်းလိမ့်မယ်။ ပြည်နယ်ရဲ့ ကျန် အစိတ်အပိုင်းတွေမှာ ခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ပေါ်လိမ့်မယ်လို့ သိရပါတယ်။ပူပြင်းခြောက်သွေ့မှုကို တိုက်ဖျက်ဖို့ ဗဟို အစိုးရ သီးသန့်ရန်ပုံငွေ ယွမ် သန်း ၁၃၀ (ဒေါ်လာ ၂၀ ဒသမ ၆ သန်း) လျာထားပေးပါတယ်။ ရေကို ချွေတာသုံးဖို့ ပြည်နယ်အစိုးရက တိုက်တွန်းထား ပါတယ်။ ယူနန်ပြည်နယ် မိုးရွာသွန်းမှုက ၂၀၀၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိနေပါတယ်။တရုတ်နိုင်ငံတချို့ဒေသတွေမှာ ထူးထူးကဲကဲ အေးနေပြီး  အပူချိန်က ဖေဖော်ဝါရီလလယ် လောက်ထိ ဆက်ကျနေမယ်လို့ မိုးလေဝသပညာ ရှင်တွေက ခန့်မှန်းပါတယ်။ အထူးတလည် အေး နိုင်တယ်လို့ အမျိုးသားမိုးလေဝသ  စင်တာက နှိုးဆော်ချက်ထုတ်ပြန်ထားပြီး ဖေဖော်ဝါရီ ၈ ရက် က အပူချိန်က ၁၄ ံC ထိ ကျဆင်းမယ်လို့ ပြောပါ တယ်။ နှင်းတွေကျနေတဲ့အတွက် နိုင်ငံတစ်ဝန်း လုံးရှိ အဝေးပြေးလမ်းမကြီး ၁၁ ခုကို ဖေဖော်ဝါရီ ၆ ရက်က ပိတ်ထားရပါတယ်။ ဟူဘေးပြည်နယ် ဝူဟန်ရှိ လေဆိပ်ရဲ့ ခရီးစဉ် ၄၇ ခုကို ပိတ်ထားရ လို့ ခရီးသည် ၃၀၀၀ လောက် သောင်တင်နေပါ တယ်။         Source:Xinhua,Chinadaily