Main menu

Background

ကုမ္ပဏီများ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားပါက စိစစ်သွားမည့် အချက်များ ထုတ်ပြန်

Sun, 02/19/2012 - 08:56 -- Anonymous (not verified)

ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ ပို့ကုန်သွင်းကုန်  ကုမ္ပဏီမဟုတ်သော်လည်း ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ ကြိုတင်ခွန်များ နိုင်ငံတော်သို့   ပေးဆောင်ထားသော ကုမ္ပဏီများအနေဖြင့် မော်တော် ယာဉ်တင်သွင်းခွင့် လျှောက်ထားရာတွင်   စိစစ်သွားမည့်အချက်များအား  သက်ဆိုင်ရာဌာနမှ  ထုတ်ပြန်ခဲ့သည်ကို  ဖော်ပြလိုက်ပါသည်- ၁။    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ကုမ္ပဏီလုပ်ငန်းရှင်များအတွက်  မော် တော်ယာဉ်တင်သွင်းခွင့်ကို အောက်ပါအတိုင်း ခွင့်ပြုသွားမည်ဖြစ်ပါသည်- (က)    ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ တစ်သိန်းနှင့်အထက်  တင်ပို့ထားသည့်ကုမ္ပဏီများ။ (ခ)    သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်အထက် တင်သွင်းထားသည့် ကုမ္ပဏီများ။ (ဂ)    ပို့ကုန်/သွင်းကုန် (Trading Company) မဟုတ်သော်လည်း ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ဝင်ငွေခွန် (သို့မဟုတ်)ကုန်သွယ်ခွန် (သို့မဟုတ်) ကြိုတင်ခွန်အနည်းဆုံး ကျပ် ၁၅သိန်း ပေးဆောင်ထားသော  သက်တမ်းအနည်းဆုံး တစ်နှစ်ရှိကုမ္ပဏီများ။ ၂၊    ထုတ်ပြန်ထားသည့် ပို့ကုန်/သွင်းကုန်ကုမ္ပဏီစာရင်းတွင် မပါဝင်သော်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်ဒေါ်လာတစ်သိန်း၊  သွင်းကုန်ဒေါ်လာ ငါးသိန်းတင်ပို့တင်သွင်းပြီးကြောင်း လိုင်စင်၊ED၊ ID  တို့နှင့် တင်ပြလျှောက်ထားလာပါက တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက ပို့ကုန်/သွင်းကုန်စာရင်းတွင်ပါရှိသော ကုမ္ပဏီများနည်းတူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ၃။    သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများအနေဖြင့် အောက်ဖော်ပြပါ စာရွက်စာတမ်း များနှင့်အတူ ပူးတွဲတင်ပြ၍ လျှောက်ထားရန်ဖြစ်ပါသည်- (က)    ကုမ္ပဏီ Letter Head  ပါရှိသော လျှောက်လွှာနှင့်အတူ ကုမ္ပဏီ၏ တာဝန်ရှိသူမှ လက်မှတ်ရေးထိုးလျှောက်ထားရမည်ဖြစ်ပြီး Sale Contract နှင့် Invoice  ကို သွင်း ကုန်လိုင်စင် လျှောက်ထားချိန်မှသာ တင်ပြရမည်။ (ခ)    လျှောက်ထားသည့်ကုမ္ပဏီ၏  ဘဏ်လက်ကျန်ငွေ တစ်ဝက်တန်ဖိုးထက်   မများ သော မော်တော်ယာဉ်တစ်စီး တင်သွင်းခွင့်ပြုမည်ဖြစ်၍ ဘဏ်စာအုပ်မိတ္တူ တင်ပြ ရမည်ဖြစ်ပြီးမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည်။ (ဂ)    ကုမ္ပဏီ၏ မှတ်ပုံတင်သက်တမ်း၊  ပို့ကုန်/သွင်းကုန်ကုမ္ပဏီများဖြစ်ပါက ထုတ်ကုန်/ သွင်းကုန် မှတ်ပုံတင်သက်တမ်းရှိရမည်ဖြစ်ပြီး  မူရင်းနှင့်တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ပို့ကုန်/သွင်းကုန်မှတ်ပုံတင်မိတ္တူ နှင့် ပုံစံ (၆)/(၂၆)မိတ္တူများ တင်ပြရမည်။ (ဃ)    လျှောက်ထားသည့်ကုမ္ပဏီ၏ကိုယ်စားလှယ်ဖြစ်ကြောင်း ထုတ်ပေးထားသည့်ကိုယ်စား လှယ်ကတ်မိတ္တူနှင့်  အတူလျှောက်ထားသူက  တင်ပြရမည်။