လေးနှစ်အတွင်း ပထမအကြိမ်အနေနဲ့ အိန္ဒိယက ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူဖြစ်လာ
အိန္ဒိယနိုင်ငံက သုံးနှစ်ကျော် ဆန်တင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် ဘာစမာတီမဟုတ်တဲ့ ဆန်တင်ပို့မှု ပြန်လည် ခွင့်ပြုခဲ့တဲ့လများအတွင်း ထိုင်းနဲ့ ဗီယက်နမ်တို့ကို ကျော်လွန်ကာ ပမာဏအများဆုံးအဖြစ် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ ဖြစ်လာခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၄ရက်က သင်္ဘောတင်ပို့ရေး အေးဂျင့်များနဲ့ ကုန်ပစ္စည်းစစ်ဆေးသူများက ဆိုပါ တယ်။ အောက်တိုဘာလမှစပြီး ဇန်နဝါရီလအထိ ဘာစမာတီဆန်အပါအဝင် အိန္ဒိယဆန်တင်ပို့မှုဟာ တန်ချိန် ၂ ဒသမ ၇သန်းထက် မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။အဲဒီကာလအတွင်း ထိုင်းနဲ့ဗီယက်နမ်တို့ရဲ့ တင်ပို့မှုက တန်ချိန် ၂သန်းနဲ့ ၁ ဒသမ ၅ သန်း အသီးသီးရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူအဖြစ် ၂၀၀၇ ခုနှစ် သြဂုတ်မှာ တန်ချိန် ၆၄၈၆၆၂ နဲ့ နောက်ဆုံးအနေနဲ့ နေရာရရှိခဲ့တာဖြစ်ကြောင်း နိုင်ငံတကာ သီးနှံကောင်စီစာရင်းများအရ သိရပါတယ်။လမင်း Source: oryza.com
