ကမ္ဘောဒီးယား ဆန်တင်ပို့မှု အခက်အခဲများနဲ့ ရင်ဆိုင်နေရ
အိန္ဒိယနဲ့ ဈေးကွက်ယှဉ်ပြိုင် နေရတဲ့ ဗီယက်နမ်မှ ယခုရိတ်သိမ်း ကာလအတွင်း ရောင်းချမှုတိုးနေတာ ကြောင့် ၎င်းဆန်ဈေးများ လျှော့ချခဲ့ ကြောင်း ကုန်သည်များမှ ပြောကြားပါ တယ်။ဗီယက်နမ်စားနပ်ရိက္ခာအသင်းမှ ပြည်ပ တင်ပို့ကြမ်းခင်းဈေးကို ဖေဖော် ဝါရီလ တစ်တန်ကန်ဒေါ်လာ ၄၅၅ မှ ကန်ဒေါ်လာ ၄၂၀ ကို ၂၅ ရာခိုင်နှုန်း လျှော့ချခဲ့ကြောင်း သိရပါတယ်။ ကုန် သည်တွေက ဈေးထပ်ကျဦးမယ့် ဆောင်းသီးနှံရိတ်သိမ်းမှုကို စောင့်ကြည့် နေတယ်လို့ ဟိုချီမင်းမြို့ရှိ ကုန်သည် တစ်ဦးက ဆိုပါတယ်။ဗီယက်နမ်ဆန်ကြမ်းခင်းဈေးက FOB တစ်တန် ကန်ဒေါ်လာ ၄၅၅-၄၆၅ နဲ့ ပြောင်းလဲမှုမရှိတဲ့ အိန္ဒိယ ဈေးအောက်မှာရှိနေတယ်လို့ ကုန်သည် များက ဆိုပါတယ်။ မကြာသေးခင်က ဈေးလျှော့ချခဲ့ပေမယ့် ဝယ်လက်များက ဈေးနှုန်း စောင့်ကြည့်နေဆဲဖြစ်လို့ ဈေးကွက်က ငြိမ်သက်နေဆဲပါလို့ ဗီယက်နမ်အခြေစိုက်ကုန်သည်များက ဆိုပါတယ်။ ရောင်းချမှုမြင့်တက်ပြီး ဈေးနှုန်းအောက်ခြေထိ ရောက်ရှိချိန်မှ ဝယ်ယူဖို့ စောင့်နေကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။အိန္ဒိယက ဆန်တင်ပို့လိုရင် ယှဉ် ပြိုင်ဖို့ ၎င်းတို့ဈေးလျှော့ချနိုင်လို့ အိန္ဒိယ ဆန်ဈေးက တစ်တန်ကန်ဒေါ်လာ ၄၀၀ ဝန်းကျင်ထိ ရောက်ရှိလာနိုင်တယ် လို့ Novel Agritrd မှ Kiattisak က ပြောကြားပါတယ်။ ဗီယက်နမ်ဟာ စပါး တန်ချိန် ၁၁ သန်းခန့် ထွက်ရှိမယ့် ဆောင်းစပါးများ ရိတ်သိမ်းနေပြီဖြစ် ပါတယ်။ မတ်လမှာ အမြင့်ဆုံးထွက်ရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ ပြည်တွင်း ဈေး တစ်ကီလို ဒေါင် ၅၀၀၀ (တစ် တန် ကန်ဒေါ်လာ ၂၄၀)အောက် ကျဆင်းရင် အရန်သိုလှောင်ဖို့ ဆန် တင်ပို့သူများ ဆန်ဝယ်ယူရေးကို ဗီယက်နမ်စားနပ်ရိက္ခာအသင်းမှ တိုက် တွန်းထားပေမယ့်ဝယ်ယူမယ့်အစီအစဉ် ပမာဏကို ထုတ်ဖော်ပြောကြားသေး ခြင်း မရှိသေးဘူးလို့ သိရပါတယ်။အိန္ဒိယအစိုးရဟာ ဆန်တင်ပို့မှု အပေါ် ဖေဖော်ဝါရီလ ၇ရက်က ပြန် သုံးသပ်ပြီး လွတ်လပ်တဲ့ ဆန်တင်ပို့ မူဝါဒနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ဆုံး ဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဘာစမာတီ ဆန်အတွက် ပြည်ပဆန် တင်ပို့ဈေးကို ကန်ဒေါ်လာ ၂၀၀ လျော့ပြီး တစ်တန် ကန်ဒေါ်လာ ၇၀၀ ကို လျှော့ချသတ်မှတ်ကြောင်း သိရပါ တယ်။ ဇန်နဝါရီလ ၁ ရက်နေ့ အိန္ဒိယ အစိုးရသိုလှောင်မှုဟာရည်မှန်းပမာဏ တန်ချိန် ၁၁ ဒသမ ၈ သန်းထက် ၂ ဒသမ ၅ ဆပိုပြီး တန်ချိန် ၂၉ ဒသမ ၈သန်းရှိကြောင်း သိရပါတယ်။ လမင်းSource:Business Recorder
