ဖိလစ်ပိုင်နိုင်ငံသည် လာမည့် ၂၀၁၃ ခုနှစ်မှစ၍ (Beta-carotene) ပါဝင်သည့် ရွှေဝါရောင်ဆန် မျိုးစိတ်အသစ်ကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သွားမည်

           ဖိလစ်ပိုင်နိုင်ငံက  လာမယ့် ၂၀၁၃ ခုနှစ်မှစပြီး ဘီတာကယ်ရိုတင်းန် (Beta-carotene) ပါဝင်တဲ့ ရွှေဝါရောင်ဆန် (Golden rice)  မျိုးစိတ်အသစ်ကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သွားမယ်လိ့ု     The International Service for the Acquisition of Agri-biotech Applications  က ထုတ်ပြန်လိုက်တယ်။ ၎င်းင်းအဖွဲ့အစည်းမှ  ဇီဝနည်းပညာသုံး ထုတ်လုပ်ထားတဲ့ ပြောင်းတစ်မျိုးကိုလည်း တရုတ်နိုင်ငံမှာ စိုက်ပျိုးထားရာ ဟက်တာပေါင်း သန်း ၃၀ ရှိတယ်လို့ သိရတယ်။Golden rice က မျိုးရိုးဗီဇပြုပြင်ဖန်တီးထားတဲ့ ဆန်ဖြစ်ပြီး Beta-Carotene ပါဝင်ရာ ရွှေရောင် အဆင်းရှိနေကြောင်း ၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေအတွက် Vitamin A  ချို့တဲ့မှုကို လျှော့ချပေးနိုင်မယ့် အရည်အသွေးရှိကြောင်း နိုင်ငံတကာ ဆန်သုတေသနအဖွဲ့အစည်း  (IRRI) နဲ့ ဖိလစ်ပိုင်ဆန်သုတေသန အဖွဲ့အစည်းတို့က အစောပိုင်းကတည်းကဘဲ အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း သိရတယ်။ Source:manilastandardtoday.com   ပပ